Zawgyi
ကျောင်းသို့နောက်ကျမှရောက်သော်လည်း ဒီနေ့သည် ဘုရားခန်းသန့်ရှင်းရေးတွင် ထည်ဝါအလှည့်ကျသောကြောင့် ကျောင်းရောက်သည်နှင့် အတန်းထဲသို့ မဝင်ခင် ဘုရားခန်းသို့သာဦးတည်သည်။ သုံးထစ်ခန့်ရှိသော လှေကားထစ်တွင် ညီညီညာညာချွတ်ထားသော အရွယ်အစားအနည်းငယ် သေးသည့် ယောက်ျားစီးကတ္တီပါအနက်တစ်ရံကိုမြင်၏။
မကြာသေးခင်ကမှ ကြမ်းတိုက်ထားဟန်တူသော အစိုဓာတ်မပြယ်သေးသည့် ဘုရားဆောင်ထဲတွင် ရေခြောက်သောနေရာကို ရွေးကာထိုင်လိုက်သည်။ မြန်မာ့ကျောင်းသီချင်းသံသည် Assembly ကွင်းဘက်မှ ဘုရားခန်းအတွင်းသို့ လွင့်ပျံလာ၏။ ခပ်လှမ်းလှမ်းမှ ဘုရားရှင်ရှေ့မောက်တွင် အမွှေးတိုင်လှူ၊ ရေချမ်းကပ်နေသူကို ထည်ဝါငေးကြည့်မိ၏။ မီးပူကော့နေအောင်တိုက်ထားသော လက်ရှည်အဖြူနှင့်ကျောင်းစိမ်းပုဆိုးမှာ အစွန်းအထင်းညစ်ပေရာ ကင်းမဲ့နေသည်။ သူရှိနေသည်ကို အသိပေးရန် ချောင်းဟန့်သော်လည်း Ezra သည် တစ်ချက်ပင်လှည့်ကာကြည့်၏။
ဘုရားဆောင်သန့်ရှင်းရေးမှာ ထည်ဝါတာဝန်ကျသောနေ့ဖြစ်ပါလျက် Ezra ပါရောက်နေခြင်းအကြောင်းကို ထည်ဝါကောင်းကောင်းသိ၏။
ယမန်နေ့က အတန်းထဲရှိ လူဆိုးအပေအတေများဖြစ်သော စည်သူတို့အုပ်စုသည် Ezra အား မခံချင်အောင် စကားလုံးများဖြင့် ထိုးနှက်ကာစနောက်ကြသည်။ Ezra သည် မခံနိုင်သည့်အဆုံး ခေါင်းဆောင်ဖြစ်သူစည်သူအား သွေးထွက်သံယို ဖြစ်သည်အထိ ထိုးပါတော့သည်။ ဆရာမသည် Ezra ထိုးသည်ကိုပဲမြင်ခဲ့၍ Ezra အားဒဏ်ပေးသည့်အနေဖြင့် ဘုရားဆောင်အား တစ်ပတ်တိတိသန့်ရှင်းရေးလုပ်ရမည့် တာဝန်အားပေးသည်။ Ezra သည်လည်း ဆရာချစ်တပည့်တစ်ဦး ဖြစ်သည့်အလျောက် မိဘခေါ်ခြင်းအမှုကိုတော့ ဆရာမ မပြုခဲ့ပါ။
ခုံအပုလေးတစ်လုံးကိုဆွဲယူကာ ဘုရားစင်၏အလယ်ဗဟိုတွင် ရိုက်ထားသောသံ၌ စံပယ်ပန်းကုန်းကို သူ၏ လက်ချောင်းသေးသေးကွေးကွေးများဖြင့် မမှီမစမ်း ချိတ်ဆွဲသည်။ ခပ်သေးသေး ညှပ်နေခြင်းက အားကစားမလိုက်စားခြင်းကြောင့်ပင် ဖြစ်ပေလိမ့်မည်။ မိန်းကလေးများနှင့်တန်းတူ မသေးသော်လည်း ယောက်ျားလေးများနှင့်ယှဉ်လျင် Ezra သည် ပိစိလေးပင် ဖြစ်၏။
YOU ARE READING
Once in my life [short story]
Storie breviIt's hard to say good bye to what you want forever ♥ (Novelyze writing challenge) Complete!