ငြိမ်းချမ်းရေးနတ်ဘုရားကျင့်ဟူလျန်" ဒီကိစ္စက ကောင်းကင်ဘုံနတ်ဘုရားတွေ တာဝန်ယူပြီးဖြေရှင်းပေးရမယ့်ကိစ္စပဲ! ငရဲနတ်ဆိုးတွေကို ငါတို့သာမန်လူသားတွေက ဘယ်လို တိုက်ခိုက်နိုင်မှာတဲ့လဲ ဒါသက်သက် ခဲလုံးကို ကြက်ဥနဲ့ပေါက်ခိုင်းတာမဟုတ်လား "
" ဧကရီဟုန်ပြောတာ သင့်တင့်လျောက်ပတ်တဲ့ စကားပဲ ဒီကိစ္စကို သာမန်လူတွေဖြေရှင်းဖို့ မဖြစ်နိုင်ဘူး ".
မင်း၊မိဖုရား အစည်းဝေးခန်းမထဲတွင် လူသားတိုင်းပြည်အသီးသီးမှ ခေါင်ဆောင် ဧကရီများ၊ဧကရာဇ်များနှင့် တချို့သော ပညာရှိမူးမတ်များစုရုံးလို့နေသည်။ ငရဲဘုရင်ထံမှ စစ်ကြေညာစာရသည်နှင့်တပြိုင်နက် ထိပ်သီးခေါင်းဆောင်များစုဝေးကာ ဤစစ်ပွဲကို တိမ်းရှောင်နိုင်ဖို့ အကြံကုန်ထုတ်ကြရတော့သည်။
ထိုအထဲတွင် မြောက်ပိုင်းလွင်ပြင်မှ ဧကရီဘုရင်မ ဟုန်လီရှင်းဟာ အင်အားအကြီးဆုံးဖြစ်တာမို့ သူမပြောသော အကြံပြုချက်အတိုင်းသာလိုက်နာရန် အားလုံးသဘောတူလိုက်ကြတော့သည်။
နောက်တစ်နေ့မကူးစေပဲ ချက်ချင်းထုတ်ပြန်လိုက်တဲ့ ရာဇသံမို့ တိုင်းသူပြည်သားများအားလုံးမလိုက်နာပဲမနေဝံ့ကြချေ။ တောက်ဘုန်းကြီးများမှ ဦးဆောင်၍ ဘာသာရေးနတ်ကွန်းတိုင်းတွင် ဆီမီးတစ်ထောင်ဆီပူဇော်ပြီး နတ်ဘုရားများကိုသာ အပူကပ်ကြရတော့သည်။
မီးခိုးနံ့တွေလှိုက်တက်လာတာနဲ့အမျှ ကောင်းကံဘုံနတ်ဘုရားများလည်း လက်ပိုက်ကြည့်နေ၍မရတော့ချေ။ ထိုအခါ ကောင်းကင်ဘုံအစည်းအဝေးပွဲပြုလုပ်ပြီး နတ်ဘုရားများအားလုံး အကြံတစ်ခုစီပေးရမည်ဟု နတ်မင်းဧကရာဇ်မင်တျန့်မှအမိန့်ချမှတ်လိုက်သည်။ ထိုအခါ သားရည်ပရပိုက်အပိုင်းအစများစွာနှင့်အတူ နတ်ဘုရားတို့၏ အကြံပြုစာလွှာများရောက်လာပြီး တစ်ဝက်ကျော်ကျော်လောက်ကာ တူညီသော အဖြေပေးထားတာတွေ့လိုက်ရတော့သည်။
" ငါကိုယ်တော်လည်း ဒီအကြံက အကောင်းဆုံးဖြစ်မယ်လို့ထင်တယ်.. ဒါဆိုရင်တော့ ငြိမ်းချမ်းရေးနတ်ဘုရား ကျင့်ဟူလျန်ကိုပဲ တာဝန်ပေးရတော့မှာပေါ့.. "
YOU ARE READING
Spellbound 🚨 [BL/OC]
RomanceRomantic love story between ZiSheng (The Demon Lord) and HuLian (Angel of Peace). [This is not a translation fiction] This is my own creation bl story. 👨❤️👨 Please do not proceed reading if you are underage.🔞🚨 Cover Artist @Narcisuss 🙆