ဖတ်ပြီးလို့ သဘောကျတယ်ဆို အောက်ဆုံးနားက ကြယ်လေးကို အရောင်ဖြည့်ပေးသွားပါနော် 😚🌟
သန်မာလွန်းသော ဇီရှန်း၏လက်မောင်းများ
ငရဲပြည်ကြီးဟာ ပုံမှန်အတိုင်း စည်ကားသက်ဝင်နေတယ်။ အရောင်းရဆုံး လူသားသတ်ရုံကတော့ ကြိတ်ကြိတ်တိုးနေရော။ လူသားမကြိုက်တဲ့ ငရဲကောင်ကလည်း ခပ်ရှားရှားကို။ အိမ်း.. ဒါပေမယ့်လည်း ဘုရင့်နန်းဆောင်ထဲက နတ်သားလေးအတွက်တော့ ဒါအကောင်းဆုံးမဟုတ်လောက်ဘူး။
" အထိန်းတော်လင်ရီ ထုံးစံအတိုင်း အူကလီစာပဲလား "
" ဟိုလေ.. အင်း.. တော်ပါပြီ မယူတော့ဘူး "
ခက်ခဲလိုက်တာ ။ ဘုရင်က ဧည့်သည်ကိုဧည့်ခံဖို့ စာပွဲပြင်ထားခိုင်းပေမယ့် တကယ်တမ်းဧည့်သည်ဘာကြိုက်မှန်းလည်းမသိပဲ ခြင်းတောင်တစ်လုံးဆွဲပြီးထွက်လာခဲ့တာ။ ဈေးထဲရောက်တော့လည်း တစ်ခုမှ အဆင်ပြေတဲ့ပုံမပေါ်တာကြောင့် ပိုပြီးခေါင်းကိုက်ရပြန်တယ်။
" မတတ်နိုင်ဘူး.. ဘုရင့်ကို အမှန်တိုင်းလျှောက်တင်ရမှာပဲ "
စဉ်းစားနေတုန်း ဘေးက ဈေးသည်တွေက အော်ရောင်းပြန်တယ်..
" အချောလေးရေ.. ဝက်နှာခေါင်းတွေလတ်ဆတ်တယ်လေ အားမပေးတော့ဘူးလား.. ဘုရင်ကြီးအကြိုက်နော် နုနုထွတ်ထွတ်လေးတွေ.. "
" ဘုရင့်အတွက်မဟုတ်ဘူးရှင်.. ဧည့်သည်တော် နတ်ဘုရားငယ်လေးအတွက်ဈေးလာဝယ်တာ "
ဘယ်အချိန်ကတည်းက လင်ရီရဲ့စကားကို နားစွင့်နေကြလဲမသိ သူပြောလိုက်တာနဲ့ ဈေးတန်းတစ်လျှောက်လုံး ငြိမ်ကျသွားသည် ။ အားလုံးရဲ့ မျက်လုံးတွေ စုပြုံကျလာတာမို့ လင်ရီရဲ့ မျက်နှာလေး နီရဲသွားလေသည်။
" ဟို... အားလုံးပဲ လင်ရီ့ကို ခွင့်ပြုပါဦး "
အပြုံးလေးတစ်ချက်ဝေ့ပြလိုက်ပြီး လင်ရီးအမြန်ပြေးထွက်လာတော့သည်။ ကျန်ခဲ့တဲ့လူအုပ်ကြီးရဲ့ ဒွိဟများကြား ငရဲဈေးလန်းက ပြန်ပြီး ဆူညံအသက်ဝင်လျက်။
" အရှင်ဇီရှန်းရေ... ငရဲပြည်က အစားအစာတွေ နတ်ဘုရားလေး နှစ်သက်မယ်မထင်ဘူး "
YOU ARE READING
Spellbound 🚨 [BL/OC]
RomanceRomantic love story between ZiSheng (The Demon Lord) and HuLian (Angel of Peace). [This is not a translation fiction] This is my own creation bl story. 👨❤️👨 Please do not proceed reading if you are underage.🔞🚨 Cover Artist @Narcisuss 🙆