Unicode
_________"ခရီးသည်များရှင် Seoul ဘူတာသို့ ဆိုက်ရောက်ပြီ ဖြစ်တဲ့အတွက် မိမိပစ္စည်းများကို သေသေချာချာ စိစစ်ယူဆောင်ပြီးမှ ရထားပေါ်မှ ဆင်းကြပါရန် မေတ္တာ ရပ်ခံအပ်ပါတယ်ရှင်"
ကျောပိုးအိတ် အဖြူလေးကို လွယ်ပြီး လက်ဆွဲအိတ်မနိုင်မနင်းသယ်ထားတဲ့ ကောင်လေးတစ်ယောက် ရထားပေါ်က seoul မြေကို ချေခြခဲ့သည်။မိုးမျှော်တိုက်ကြီးတွေကို တမေ့တမောကြည့်ရင်း အရာရာတိုင်းက သူ့အတွက် အထူးအဆန်းဖြစ်နေသည်။
"ဝိုး! ဆိုးလ် မြို့ကြီးက တကယ့်အံသြစရာပဲ၊အဆောက်အဦးကြီးတွေဆိုတာ လှလိုက်တာ"
"တီ...တီ...တီ"
နောက်က ဟွန်းတီးသံကြောင့် သူလှည့်ကြည့်မိတော့ တက္ကစီ တစ်စီး။
"ဟေ့..ကောင်လေး လမ်းဘေးကို ကပ်လျှောက်လေကွာ..ကားအတိုက်ခံချင်လို့ ကားလမ်းပေါ်တက်လျှောက်တာလားကွ"
"ဟာ...တောင်းပန်ပါတယ် ဦးလေးရယ်..ကျွန်တော် အငေးလွန်သွားလို့ပါ တကယ်တောင်းပန်ပါတယ် "
"မင်းမှာလည်း အထုပ်တွေနဲ့ ဘယ်သွားမလို့လဲ"
ကားသမား ဦးလေးကြီးက ကားကို သူ့ဘေးက ဖြည်းဖြည်း မောင်းရင်း မေးသည်။
"Konkuk University ကိုပါ ဦးလေး...ကျွန်တော် အဲ့မှာ ကျောင်းသွားတက်မလို့ပါ ခုမှ seoul ကိုရောက်ဖူးလို့လေ ဟီးးး"
"အဲ့ဒါဆို အဝေးကြီးလိုသေးတယ် တက္ကစီ စီးသွားပါလား"
"ဟုတ်..ဦးလေး"
"ဒါနဲ့.. ဦးလေး အဲ့ဒီတက္ကသိုလ်က အကြီးကြီးလားဟင် လှရောလှလား"
ဦးလေးကြီးက သူ့အမေးကို ကားမောင်းရင်းနဲ့ ပြုံးစိစိနဲ့ ဖြေသည်။
"ရောက်ရင်သိမှာပေါ့ကွာ"
........................................................................
တက္ကစီပေါ်က ဆင်းရင်း သူ နောက်ထပ်အံသြမှင်သက်မိပြန်သည်။
"Konkuk University "
ဆိုင်းဘုတ်နောက်က ကျောင်းကြီးမှာ ခန့်ညားလွန်းလှသည်။ဒီလောက် လှတဲ့ကျောင်း တစ်ခါမှမမြင်ဖူးပေ။အင်းပေါ့လေ..နာမည်ကြီး မင်းသားမင်းသမီး တွေ အနုပညာအသိုင်းအဝိုင်းကနာမည်ကြီး ပုဂ္ဂိုလ် အများကြီးကို မွေးထုတ်ပေးနေတဲ့ ကျောင်းကြီးပေကိုး။ဒီလိုတက္ကသိုလ်မျိုးကို ဝင်ခွင့်ရအောင် ဘယ်လောက်ကြိုးစားခဲ့ရလဲဆိုတာ ကိုယ့်ကိုယ်သူသိသည်။အင်အားပြည့်တဲ့ အပြုံးတစ်ပွင့်နှင့် ကျောင်းပရဝုဏ်ထဲ ခြေချလိုက်သည်။
YOU ARE READING
မြတ်နိုးမိသည်မှ.. အပ /ျမတ္ႏိုးမိသည္မွ အပ~𝐉𝐢𝐧𝐤𝐨𝐨𝐤✓
Romanceတစ်ခြားလူတွေ ယုံ မယုံမသိပေမဲ့ ကျွန်တော့်အချစ်က မြတ်နိုးမိရုံလေးပါ ဘာကိုမှ မပိုင်ဆိုင်ရလည်း ကျေနပ်နေမဲ့ ကောင်ပါဗျာ