အဆောင်ဝက ဧည့်တွေ့ခန်းမှာ စောင့်ကြိုနေသော Mr.Kim။ရီဝေတင်းမာနေသော မျက်နှာထားကြောင့် အခြေအနေမကောင်းတော့မှန်း ရိပ်မိသည်။
"ကဲ..ပြောစမ်းပါအုံး... ကင်ဆော့ဂျင် ဘယ်တွေကို သွားနေလို့ ဒီအချိန်မှပြန်ရောက်လာတာလဲ"
ဆော့ဂျင်က ချက်ချင်းမဖြေ။ဂျောင်ကုကို လှည့်ကြည့်ကာ လက်တွဲကိုဖြုတ်ပစ်သည်။
"ဂျောင်ကု....အရင်ဝင်နှင့်တော့ ပြီးမှ ကိုယ်လာခဲ့မယ်"
ဂျောင်ကုက အခန်းထဲ မဝင်သေးဘဲ စိုးရိမ်နေသည့် မျက်လုံးဝိုင်းတွေဖြင့်ကြည့်နေဆဲပင်။
"သွားတော့ ဂျွန်ဂျောင်ကု "
အသံမာမာနဲ့ ငေါက်လိုက်တော့မှ ကောင်လေးက အခန်းထဲ မဝင်ချင်ဘဲ ဝင်သွားသည်။
"ဟေ့ကောင်...ပြောစမ်း..ဘယ်တွေကို လမ်းသလားနေတာလဲ၊ မင်းစိတ်တိုင်းကျ မင်းတက်ချင်တဲ့တက္ကသိုလ်ကို ငါ ပေးတက်ထားတာနော် အခုလို အလေလိုက်နေဖို့မဟုတ်ဘူး"
"အဖေရော ကျွန်တော့်ဘက်ကို ဘယ်တုန်းက ငဲ့ကြည့်ဖူးလို့လဲ၊အချိန်တန်ရင် အဖေဖြစ်စေချင်တဲ့အတိုင်း ဖြစ်လာအောင် ကျွန်တော်ကြိုးစားနေတာပဲလေ၊အလေလိုက် နေတာမဟုတ်ဘူး..ကျွန်တော့်ရဲ့ လွတ်လပ်ချိန်ကို ကျွန်တော်ကြိုက်သလိုနေမှာပေါ့"
"မင်း........ဖအေကို တစ်ခွန်းမကျန်ပြန်ပြောတတ်နေပါလား၊ရတယ် မင်းကြိုက်သလိုနေ..ကျောင်းပြီးတာနဲ့ နိုင်ငံခြားသွားဖို့ရယ်နဲ့ ယူရီ့ ကိုလက်ထပ်ဖို့ရယ်သာ ပြင်ထားပေတော့"
"အဖေက အဖေဖြစ်ချင်တာတွေကိုပဲ အမြဲရှေ့တန်းတင်တယ်"
"ခုနက ကောင်လေးကရော ဘယ်သူလဲ၊အပေါင်းအသင်းမထားတတ်တဲ့ကောင်က အခုကာမှ ထူးထူးဆန်းဆန်း ပါလား"
"အဖေ သိဖို့မလိုဘူး"
"တောက်!!"
ရှက်သည်။အမြဲတမ်း အပြစ်တင်ပြီး သူ့ဆန္ဒတစ်ခုတည်းကို ဦးစားပေးတတ်တဲ့ အဖေ့ကြောင့် စိတ်ညစ်ရသလို ရှက်လည်းရှက်ရသည်။ချမ်းသာသော မိသားစုက မွေးဖွားလာတဲ့သူတစ်ယောက်မို့ စည်းစိမ်ဥစ္စာအလျှံပယ်ရှိပေမယ့် လွတ်လပ်ခွင့်ဆိုသည့် အခွင့်အရေးကတော့ အမြဲတမ်းဆုံးရှုံးရစမြဲပင်။
YOU ARE READING
မြတ်နိုးမိသည်မှ.. အပ /ျမတ္ႏိုးမိသည္မွ အပ~𝐉𝐢𝐧𝐤𝐨𝐨𝐤✓
Romanceတစ်ခြားလူတွေ ယုံ မယုံမသိပေမဲ့ ကျွန်တော့်အချစ်က မြတ်နိုးမိရုံလေးပါ ဘာကိုမှ မပိုင်ဆိုင်ရလည်း ကျေနပ်နေမဲ့ ကောင်ပါဗျာ