~ 2 ~

3.9K 390 32
                                    


Unicode
_________

"ဟေ့..​.ဂျောင်ကု ဒီနေ့ကျောင်းမှာ အားကစားပွဲရှိတယ် တို့majorနဲ့ film majorက စီနီယာ
တွေ ဘောလီဘောကစားကြမှာ သွားကြည့်ရအောင်"

ထယ်ယောင်း စကားကြောင့် ရေးလက်စ စာအုပ်ကိုပိတ်လိုက်ရင်း ပခုံးကိုဖက်လိုက်ပြီး ထရပ်သည်။

"သွားကြစို့"

ကစားကွင်းမှာ ကျောင်းသားကျောင်းသူတွေအပြည့်။ အားလုံးရဲ့လက်ထဲမှာ ပန်းဖွားတွေကိုင်ထားပြီး ​ကစားပွဲကိုကြည့်ဖို့ အတော်တက်ကြွနေကြသည်။သူတို့နှစ်ယောက် ထိုင်စရာနေရာတောင်မရှိတော့။

"ပွဲက စ တောင် စ တော့မယ် ။နေရာလည်းမရှိတော့ဘူး ဂျောင်ကု..ဒီနေရာကပဲ မတ်တပ်ရပ်ကြည့်ကြတာပေါ့"

သိပ်မကြာခင် ဒိုင်လူကြီး၏ အချက်ပေးခရာသံနှင့်အတူကစားကွင်းထဲသို့ နှစ်ဖက်အသင်းက ကစားသမားတွေ အသီးသီးဝင်လာကြသည်။

"ဟင်"

ဂျောင်ကု ရှေ့ဆုံးကဝင်လာသူကိုသေချာကြည့်သည်။သူ့ရဲ့ ဂျင် ဟျောင်း။အဖြူရောင်လက်ပြတ် အားကစားဝတ်စုံနှင့် ပန်းရောင်နဖူးပတ်လေးက နဖူးပြေပြေနှင့်လိုက်ဖက်လွန်းသည်။

ကျောင်းသူတွေရဲ့ အားပေးသံတွေကြားမှာ Jin hyung၏နာမည်ကိုသာ အများဆုံး ကြားရသည်။

"မင်းရဲ့အခန်းဖော် hyungကတော့ တကယ် starပဲ။ဘောလီဘောကစားတာ အရမ်းတော်တာ တို့ကျောင်းက ကောင်မလေးတော်တော်များများ သူ့ကိုပဲကြွေနေကြတာ"

ထယ်ယောင်းက ရယ်ရယ်မောမောပြောနေပေမဲ့ ဂျောင်ကုစိတ်ထဲ ဘာတွေစိုးရိမ်သွားမှန်းမသိ။တခြားဘယ်သူတွေ ဘယ်လိုကစားမှန်းတောင်သတိမထားမိ။ သူ့မျက်လုံးတွေက အစ်ကို့ဆီကလွဲပြီး ဘယ်နေရာကိုမှ ပို့လို့မရတော့။

ဘောလုံးသယ်သွားတဲ့ လက်ဖျားသွယ်သွယ်တွေကအစ ချွေးတစ်စက်စို့နေတာကအဆုံး မြင်နေရသည်။မျက်တောင်တွေ ခတ်မိရဲ့လားတောင် မသေချာ။

တကယ့်ကို starဖြစ်ဖို့ထိုက်တန်သည်။အစ်ကို့ရဲ့ကစားပုံက တစ်ဖက်အသင်းကိုလှလှပပ အနိုင်ယူနိုင်သည်။

ဘောလုံးကိုင်ပုံကအစ ကြည့်ကောင်းလိုက်တာ။

တစ်နေရာအရောက်မှာတော့.....

မြတ်နိုးမိသည်မှ.. အပ /မြတ်နိုးမိသည်မှ အပ~𝐉𝐢𝐧𝐤𝐨𝐨𝐤✓Where stories live. Discover now