~ 4 ~

3.1K 334 26
                                    

Unicode
_______

"Hyungရေ....Hyung........Hyung"

နားထဲမှာ ခပ်တိုးတိုးခေါ်သံကြားရတာကြောင့် Seok Jin အိပ်ချင်မူးတူးနဲ့ မျက်စိဖွင့်လိုက်သည်။

"Hyungရေ....."

Jungkookခေါ်နေတာပါလား။ဘာများဖြစ်လို့ပါလိမ့် နာရီကိုကြည့်လိုက်တော့ ည ၂နာရီကျော်ပြီ။သူအတင်းလူးလဲထလိုက်ပြီး Jungkook ကုတင်နားသို့ သွားလိုက်သည် ။

"ဘာဖြစ်လို့လဲ.. Kookie "

မနေ့က သရဲအိမ်ထဲက အဖြစ်အပျက်ကြောင့် မျက်နှာချင်းဖို့ကို မျက်နှာပူမိသည်။အဲ့ဒီက ပြန်လာကတည်းက Jungkookက စကားပြောချင်ပေမဲ့ သူက အရင်ဦးအောင်ရှောင်ထွက်သွားတာမို့ မျက်နျာချင်းတောင်ကောင်းကောင်းမဆိုင်ဖြစ်။

"ကျွန်တော် ဖျားနေပြီထင်တယ်...အရမ်းချမ်းတာပဲ ကျွန်တော့်ကို Hyungစောင်လေးပေးပါလား"

တမင်ညာနေသည်အထင်နှင့် jungkook နဖူးပေါ်လက်တင်ကြည့်မိတော့ ပူခြစ်နေသည်။

"တကယ်ဖျားနေတာပဲ...အချိန်မတော်ကြီး ဘယ်လိုလုပ်မလဲ..မနက်မိုးလင်းမှ Hyung အဆောင်မှူးကိုပြောပြီး ဆေးခန်းပြပေးမယ်လေနော်...ခု သက်သာသွားအောင် ရေပတ်အုပ်ပေးမယ်"

"အင်း"

Seokjin ရေဇလုံနဲ့ သူ့အကျီတစ်ထည်ကို ယူလာပြီး jungkookဘေးနားမှာ ထိုင်ချလိုက်သည်။

"ငြိမ်ငြိမ်နေနော် ရေပတ်အုပ်ပေးမလို့"

အဖျားရှိန်ကြောင့် နီရဲနေတဲ့ မျက်နှာလေးကိုမြင်တော့လည်း သနားမိပြန်သည်။မနေ့ကတော့ အတော်ဆိုးခဲ့တဲ့ကောင်လေးဟာ ခုလိုကျပြန်တော့လည်း သနားစရာလေး။

"Hyung..."

ရေပတ်အုပ်ပေးနေသည့် သူ့လက်ကို လာကိုင်တဲ့ jungkookလက်ကို ဆတ်ကနဲဖျတ်ရိုက်လိုက်သည်။

"ဘာလုပ်တာလဲ...ဒီလက်က အငြိမ်နေစမ်း"

"ဟာ...Hyungကလည်း အရမ်းအေးလွန်းလို့ hyungလက်လေးကိုင်မိတာပါ"

"မကိုင်နဲ့..ငါ့ကိုအဖျားကူးကုန်မယ်..စေတနာတွေအရမ်းရှိနေတယ်လို့တော့မထင်နဲ့..မနေ့က ကိုယ်လုပ်ခဲ့တာ ကိုယ်မှတ်မိတယ်နော်..သိပ်ကျေနပ်နေတာတော့မဟုတ်ဘူး..နှုတ်ခမ်းက ခုထိနာနေတုန်း"

မြတ်နိုးမိသည်မှ.. အပ /မြတ်နိုးမိသည်မှ အပ~𝐉𝐢𝐧𝐤𝐨𝐨𝐤✓Where stories live. Discover now