Part[13]

3.2K 277 8
                                    

Zawgyi ver...

"အ့ မင်း.."

ရှောင်ကျန့်မကြာသေးခင်အချိန်ကအိတ်ကပ်ထဲထည့်ထားသည့် ဓားနဲ့ရိပေါဗိုက်ကိုထိုးလိုက်မိသည်...

"ကျန့်ကျန့်မလုပ်နဲ့ရပ်လိုက်တော့"

လီဖန်း လှမ်းအော်ပြောလိုက်မှရှောင်ကျန့်သတိပြန်ဝင်လာသည်..

"ဟင် ကော.."

"ကျန့်ကျန့် မကြောက်နဲ့ လာခဲ့ကောဆီလာခဲ့"

°°°ငါဘာလုပ်လိုက်မိတာလဲ°°°

ကြမ်းပြင်ပေါ်တွင်လဲကျသွားသောရိပေါ..
ဗိုက်ပေါ်တွင်နီရဲနေသောအရေတွေ..

°°°သွေးတွေ?ဒါ..ငါလုပ်လိုက်တာလား?°°°

°°°ငါရိပေါကို..ဟင့် ရိပေါကိငြာသတ်လိုက်မိတာလား°°°

"ရှောင်ကျန့်..မင်း.."

ရိပေါမျက်လုံးတွေတဖြည်းဖြည်းမှိတ်ကျသွားသည်...
ရှောင်ကျန့်မျက်နှာတစ်ခုလုံးဖြူဖတ်လာသည်...

"ကျန့်ကျန့်.."

"ကော ကျွန်တော်ကြောက်တယ်.. "

ရှောင်ကျန့် လီဖန်းဆီပြေးသွားကာ ငိုနေသည်...

"မကြောက်နဲ့တော့နော် အခုကောတို့အိမ်ပြန်ကြရအောင်နော် "

ခဏအကြာတွင်ရဲကားများရောက်လာပြီးရှောင်ကျနိ့တို့ကိုလာခေါ်ကြသည်...
ရိပေါကရော...
သူတို့မသိလိုက်တာကရဲတွေကရိပေါကိုဖမ်းလို့မရခဲ့ဘူးဆိုတာ...

•••ဘယ်သူက၀င်ခေါ်သွားတာလဲ•••

•••ရဲတွေကဘာလို့ရိပေါကိုမဖမ်းနျုင်ခဲ့တာလဲ•••

•••ရိပေါကတကယ်သေသွားပြီလား•••

လီဖန်းရဲတွေကိုရှောင်ကျန့်ဖြစ်ပျက်ခဲ့သမျှကိုပြောပြပြီးပြန်လာခဲ့သည်..
လုပ်ဖော်ကိုင်ဖက်ရဲတွေပါရောက်လာသဖြင့် စိတ်မပူနေတော့ဘဲပြန်လာခဲ့လိုက်သည်...

ကားပေါ်ရောက်တော့မျက်နှာသေနဲ့အပြင်ဘက်ကိုလှမ်းကြည့်နေတဲ့ရှောင်ကျန့်ကြောင့်သူစိတ်မကောင်း...

Save Me (OR)"'Him"'(Z+U)✔️Completed✔️Onde histórias criam vida. Descubra agora