♣️Part[7]♣️

3.7K 325 16
                                    

Zawgyi Ver

°°°ငါ့ကိုတစ်ယောက်ထဲထားမသွားပါနဲ့°°°

°°°ငါမှားသွားပါတယ်°°°

°°°ပြန်လာခဲ့ပေးပါ°°°

°°°ရှောင်ကျန့်ငါမင်းကိုချစ်တယ်°°°

"'ဘာသံတွေလဲ...
လူတစ်ယောက်ကကျွန်တော်နာမည်ကိုခေါ်ပြီးငိုနေတယ်...
ဒီအသံက...
ရိပေါ?ဟုတ်တယ်ရိပေါအသံ...
ငါဘယ်ရောက်နေတာလဲ...၀မ်ရိပေါ...ငါဒီမှာငါ့ကိုလာခေါ်ပါ...မင်းဘယ်မှာလဲ'"

°°°ရှောင်ကျန့်...ငါဒီမှာလေ°°°

ကျွန်တော်အသံကြားတဲ့ဘက်ကိုကြည့်လိုက်တော့ကျွန်တော်ကိုပြုံးပြီးကြည့်နေတဲ့ရိပေါ...
သူရဲ့လက်၂ဖက်ကိုလည်းဘေးဘက်ကိုဆန့်ထုတ်ထားတယ်...
(ရင်ခွင်ထဲဝင်လာခိုင်းတဲ့သဘောပါ)

ကျွန်တော်ရိပေါဆီပြေးသွားပြီးဖက်ထားလိုက်တယ်...

"ရှောင်ကျန့်...မင်းသတိရလာပြီလား"

"........"

"ရှောင်ကျန့်..."

ကျွန်တော်ဘာမှပြန်မပြောဘဲရိပေါကိုဖက်လိုက်တော့သူကပါပြန်ဖက်လာတယ်...

"ရှောင်ကျန့်"

"ရိပေါ..ငါ့ကိုထားမသွားပါနဲ့နော်"

"ကိုယ်မင်းကိုထားမသွားပါဘူး...မင်းလည်းကိုယ်ကိုထားမသွားဘူးမလား"

ရှောင်ကျန့် ရိပေါမေးခွန်းကိုချက်ချင်းခေါင်းညိမ့်ပြလိုက်တော့ရိပေါမျက်ဝန်းတွေကမျက်ရည်တွေကျလာသည်...

"ဟမ်...ရိပေါဘာဖြစ်လို့လဲ..."

"ကိုယ်အရမ်းပျော်တယ်သိလားရှောင်ကျန့်...မင်းကိုယ့်ကိုချစ်တယ်လို့ပြောလို့..."

ထိုအချိန်တွင်ဟောက်ခွမ်းရောက်လာလေသည်...

"Aw မင်းသတိရလာပြီဘဲ"

"ဟုတ်"

ရှောင်ကျန့်အစကတော့ကြောင်နေပေမယ့်နောက်မှဆရာဝန်ဂျူတီကုတ်ကိုမြင်သောကြောင့် ဟုတ် တစ်လုံးသာပြန်ဖြေမိလိုက်သည်...

Save Me (OR)"'Him"'(Z+U)✔️Completed✔️Tempat cerita menjadi hidup. Temukan sekarang