L.O.V.E. part 3

29 3 0
                                    

D.O. : Baek ရာ အဲ့လောက်ကြီးကြောက်မနေပါနဲ့ စိတ်မပူနဲ့ မင်းကအောင်မှာ စိတ်ချ။

Baek : ငါကျလို့မဖြစ်ဘူးကွ ငါသာကျရင်ဟိုဘီလူးမင်းသားကပြောလို့ဆိုလို့ပြီးတော့မှာမဟုတ်ဘူး။

D.O. : ဟားဟား မင်းကတော့ကိုယ့်အကိုကိုများ ဘီလူးမင်းသားတဲ့။

D.O. တစ်ယောက်ရယ်တာမျက်ရည်တွေတောင်ဝဲလာလေသည်။

Baek : yaaa ပင်ဂွင်းပု ဒါရယ်စရာမပါဘူးနော်။

D.O. : အေးပါ အေးပါ မင်းကလဲ ဒါနဲ့ Hyung ကချောသားနော်။

Baek : borr ဘာချောတာလဲ စိတ်ကဒီလောက်ပုပ်နေတာကို။

D.O. : ဟာ မင်းထင်လို့ပါကွာ Hyung ကအရင်ကစိတ်ပုပ်သလိုပဲဆိုပေမဲ့ အခုမင်းကိုသူဒီလောက်ဂရုစိုက်တာကို။

D.O. အပြောကြောင့်ကျွန်တော်တွေသွားသည်။
omma တို့ဆုံးသွားပြီထဲက Hyung တစ်ယောက်သူ့အပေါ်ဆက်ဆံမှုတွေပြောင်းလဲလာသည်။ အရင်ကလိုအပြစ်လဲမမြင်တော့ သူ့အပေါ်အရမ်းကောင်းလာသည်။ ညီလေးတစ်ယောက်လိုလဲဂရုစိုက်ပေးလာသည်။
ကလေးဆိုတာချော့ရင်ပိုငိုတတ်သလိုမျိုး သူလဲ Hyung ကဂရုစိုက်လာသော်အခါ Hyung အပေါ်မှာနွဲ့ဆိုးဆိုးလာသည်။Hyung ကသူ့ကို့တကယ်အကိုအရင်းလိုဂရုစိုက်ပေးပေမဲ့ အလိုလိုက်သင့်တဲ့နေရာလိုက် အပြစ်ပေးသင့်သည့်နေရာပေးသည်။
သူကလဲ Hyung အပေါ်ဆို အရင်လို ကြောက်မနေတော့ဘဲဆိုးချင်လာသည်။
တခါသူကျောင်းပြေးပြီးဂိမ်းသွားဆော့တာ D.O. ဖုန်းဆက်တက်လို့ Hyung မိသွားတော့ Hyung ကသူ့ကိုဂိမ်းဆိုင်းထိလာခေါ်ပြီးဆူလို့ ဆူတဲ့ Hyung ကိုရော တိုင်တဲ့ D.O. ကိုရော
စိတ်ကောက်ပြီးမိုးရွာထဲထွက်ထိုင်နေတာ အအေးမိပြီးဖျားပါလေရော။အဲ့တော့ Hyung တစ်ယောက်နေစရာမရှိ ပြာနေအောင်သူ့ကိုဂရုစိုက်ခဲ့လေသည်။

D.O. : Baek! Baek! ဘာတွေ တွေးနေတာလဲ

Baek : အမ် အော် ဘာမှဟုတ်ပါဘူး

သူတို့နှစ်ယောက်စကားပြောနေတုန်း.....

Yeol : ဟိတ် ဘာတွေပြောနေကြတာလဲ

Baek : .................................

Yeol : aigoo! puppy စုတ်လေးကနောက်ကျတာကိုစိတ်ကောက်နေတယ်ပေါ့လေ

L.O.V.EWhere stories live. Discover now