နံရံပတ်ပတ်လည်ကို အဖြူညစ်ညစ်ရောင် သုတ်ထားသော ဆေးရုံကြီးရဲ့ အခန်းတစ်ခန်းထဲရှိ ကုတင်ပေါ်တွင် ပိတ်ဖြူစလွှမ်းထားသော အလောင်းတစ်လောင်း ရှိနေသည် ထိုကုတင်ခြေရင်းတွင်လဲ အလောင်းကို မမှိတ်မသုန်စိုက်ကြည့်နေသော ကောင်လေးတစ်ယောက်လဲရှိနေလေသည် အခန်းအပြင်တွင်တော့
Doctor : ကျွန်တော်တို့လဲ တကယ် စိတ်မကောင်းပါဘူး Mr.Park အစွမ်းကုန်ကြိုးစားခဲ့ပေမဲ့ ဘယ်လိုမှမတတ်နိုင်ခဲ့ဘူး ရောဂါက စိတ်နဲ့ကုရမှာကို လူနာကစိတ်ကိုလုံးဝလျှော့ထားတော့……
Chanyeol : ကျွန်တော်နားလည်ပါတယ်ဗျာ
Doctor : ဒါဆို ကျွန်တော့်ကိုခွင့်ပြုပါဦး
အခန်းထဲတွင်………
Baekhyun : KyungSoo ya အဲ့လိုကြီးမနေပါနဲ့နော် ငိုချလိုက်ပါကွာ နော် နော် KyungSoo ငါတောင်းပန်ပါတယ်နော် အဲ့လိုကြီး မနေပါနဲ့ကွာ
သူ့အမေရဲ့ အလောင်းရှေ့မှာ ငိုလဲမငိုပဲ ကျောက်ရုပ်ကြီးကဲ့သို့ ဒူးထောက်ထိုင်နေသော KyungSoo အားငိုချင်နေသော စိတ်ကိုထိန်း၍ Baekhyun အားပေးလိုက်သည်
KyungSoo : Baekhyun omma omma မသေသေးပါဘူး omma လက်လေးလှုပ်သွားတာ ငါ သေချာ တွေ့လိုက်တယ်
Baekhyun : KyungSoo ya မင်းဘာတွေပြောနေတာလဲ သတိထားစမ်းပါဦး
KyungSoo : ငါကဘာကိုသတိထားရမှာလဲ မင်းတို့ အကုန်ငါ့ကိုလိမ်နေတာလေ omma ကသေမှမသေသေးတာ omma မသေသေးဘူးကွ အဲ့တာမင်းနားလည်လား omma မသေသေးဘူး omma ကငါ့ဆီပြန်လာမှာ omma ကခဏသွားတာပါ ပီးရင်ပြန်လာမှာ
KyungSoo ရဲ့စကားတွေကို ဆက်ပြီးနားထောင်နိုင်စွမ်းမရှိတော့တာမို့ အခန်းပြင်ကို ပြေးထွက်လာခဲ့တော့ အခန်းပြင်မှာ
Hyung ကိုတွေ့လိုက်ရသည် Hyung ကလဲ ကျွန်တော်တို့လို ငိုမနေပါနဲ့လားဗျာ Hyung လဲစိတ်တွေရှုပ်နေမှာ ကျွန်တော်ထွက်လာတော့ Hyung ကChanyeol : puppy လေးစိတ်မပူနဲ့နော် Hyung သူ့ကိုနားလည်အောင် ပြောပြလိုက်မယ်
ဆိုပြီး အခန်းထဲဝင်သွားတော့ ကျွန်တော်လဲ အခန်းရှေ့မှာ ခြေပစ်လက်ပစ် ထိုင်ချလိုက်သည်
ဘာလို့လဲ အန်တီရယ် KyungSoo ကဆရာဝန်ဖြစ်တော့မှာလေ အန်တီပဲသူဆရာဝန်ဖြစ်တာ မြင်ချင်တယ်ဆို ဘာလို့ ဘာလို့သူ့ကိုထားခဲ့ရတာလဲဗျာ