Part 19

1.5K 64 13
                                    

Unicode



အခုဆို  Yoongi သတိရနေတာ တစ်ပတ်ရှိနေပါပြီ ။ သတိရနေတဲ့ တစ်လျောက်လုံး သူ့အခန်းမှာ လူပျတ်တယ် လို့မရှိ။  A Pa ကရော ဘူဆန်က Jimin ရဲ့ Omma နဲ့ A Pa ပါ လာကြည့်ပေးကြပြီး Tae နဲ့ Jimin တို့တတွေ ကလည်း အလှည့်ကျ လာပေးနေကြတာမို့ ပျင်းချိန်မရှိ။ ပြီးတော့ နေ့တိုင်းလည်း Jin Hyung ရဲ့ ထမင်းဝိုင်းမှာ သူတို့ ၇ ဉီး စုံညီစွာ စားဖြစ်ကြသည်။ ဒါပေမဲ့ သူ့ရဲ့မေးခွန်းတစ်ခုအတွက် အဖြေကိုတော့ ဘယ်သူ့ဆီကမှ သေချာမသိရဘဲနဲ့ အခြားအကြောင်းပေါင်းစုံနှင့်သာ စကားစပျက်ပျက်သွားရသည်မို့ Yoongi သိပ်မကျေနပ်နိုင်ပါ။

ဒီနေ့တော့  သူနိုင်ကိုယ်နိုင် သူငယ်ချင်းကြီး Jung Hoseok က  လိမ္မော်သီး တစ်ခြင်းနဲ့ တစ်ယောက်တည်း ရောက်ချလာပြီး အဖော်လာလုပ်ပေးတာမို့ ထိုမေးခွန်းကိုထပ်မေးလိုက်သည်။ အဖြေအနေနဲ့ကတော့ လိမ္မော်သီးလေးစားရင်း ပြောကြမယ်ဆိုပြီး လိမ္မော်သီးကို ကမ္ဘာမှာ အာရုံအစိုက်ရဆုံး အလုပ်တစ်ခု လုပ်ကိုင်နေရသလို ပြူးပြဲကြည့်ပြီး ခွာနေတာ မပြီးနိုင် ကြာလာတော့ Yoongi စိတ်မရှည်တော့ဘဲ Hoseok လက်ထဲက လိမ္မော်သီးကို ဆွဲလုလိုက်ပြီး မကျယ်တဲ့ မျက်လုံးအိမ်တို့ကို အတင်းဖြဲကား ကာ နှုတ်ခမ်းတို့ကိုစေ့ရင်း Hoseok ကို ပြူးကြည့်လိုက်သည်။ သဘောက မင်း မပြောဘူးလား ပြောမှာလား…

Hoseok သူ့ကို ခြိမ်း‌‌ခြောက်သလို ပြူးကြည့်နေသော ကုတင်ပေါ်က Yoongi ကို အရှုံးပေးသလို သက်ပျင်းတစ်ချက် ချလိုက်ပြီး နောက်ထပ် လိမ္မော်သီးတစ်လုံးကို ယူခွာရင်း သူတို့အားလုံးမပြောပြချင်သောအဖြစ်ပျက်တို့ကို ပြောပြဖို့ အရှိန်ယူလိုက်သည်။

“အေးပါကွာပြောပါ့မယ်”

“မင်းပြောတဲ့ စာအုပ်ကတော့ အစနတောင်ငါတို့မတွေ့ဘူး ပထမဆုံးတောထဲကိုစဝင်တုန်းက Taehyung က ဓါးနဲ့ အမွခံထားရတဲ့မင်းအိပ်ကိုကိုင်ပြီး မျက်ရည်တွေဝဲနေတာ နောက်ပြီးသူက တစ်ခုခုကြားသလိုနဲ့ တောထဲကို ပြေးဝင်သွားလို့ ငါတို့လဲ နောက်ကလိုက်ဝင်ခဲ့တယ်။ တော်တော်သွားပြီးတော့ Hyung ဆို သူအော်လိုက်တာ ကြားတယ်။ မင်းကိုတွေ့ပြီဆိုပြီး ငါတို့မှာ ဝမ်းသာအားရလာကြည့်တော့  သွေးတွေရွဲနေတဲ့မင်းကို အဲ့လူရင်ခွင်ထဲက Taehyung က  မရမက ဆွဲထုတ်ပြီး ငိုနေတာ ငါတို့ဆို အဲ့အချိန်မှာ မင်းကို စိတ်ပူတာအပြင် Taehyung ကိုပါ တစ်ခုခုဖြစ်သွားမလား စိုးရိမ်နေရတယ် Jing Hyung ဆို ပျာယာတွေကို ခတ်နေတာပဲ။ မင်းကိုဆေးရုံပို့ဖို့ပြင်ဆင်တာရော ဆေးရုံရောက်တော့ရော Taehyung ကမင်းမျက်နှာကိုပဲကြည့်နေတာ သူ့ကြည့်ရတာ အသိစိတ်မရှိတော့တဲ့လူတစ်ယောက်လိုပဲ တကယ်ကို ရူးတော့မလိုဖြစ်နေခဲ့တာ”

Step By StepWhere stories live. Discover now