Part 7

361 21 1
                                    

အသည်းခါးခါး Part 7

"သတိရပြီလား ခါး"

"ဘယ်အချိန်ရှိပြီလဲ"

"ညနေရောက်ပြီ"

"အချိန်ပြည့်ပြီပေါ့...?"

"အင်း"

"မရူးပါနဲ့"

"ခါး..."

"ခါးကြောင့်နဲ့မရူးမိုက်ပါနဲ့ခါး လက်မှတ်ထိုးလိုက်မယ် မတိုက်ခိုက်ပါနဲ့"

"....."

သူမ ပြောင်းလဲသွားတယ် မေ့လဲကျသွားတဲ့ တစ်ခဏမှာ သူမ အရှုံးပေးချင်လောက်တဲ့အထိ ပြောင်းလဲစေလိုက်တဲ့အရာက ဘာလဲ။
နိုးလာတည်းက ညှိုးနေတဲ့မျက်နှာက သူ့ရင်အစုံကို ညှစ်ယူထားသလိုနဲ့....
သူထိခိုက်တော့လဲ ကိုယ်နာကျင်သလိုပါပဲ။
သူမအတွက်သူ တစ်ခုခုကို ဆုံးဖြတ်ဖို့ လိုနေပြီဆိုတာတော့သေချာပါတယ်။

'ချပ်' ခနဲ ပွင့်သွားတဲ့ တံခါးမှာ ထီမထင် ရဲ့မျက်နှာက ထင်ထင်ရှားရှားပေါ်လာတယ်
ပြီးတော့ သူ့မျက်နှာမှာလဲ မဲ့ပြုံး တစ်ပွင့်နဲ့

"ငါ ခါး ကိုပြောပြီးပြီ"

"ဟုတ်လား"

"သူ လက်မှတ်မထိုးဘူးတဲ့"

"ဝုန်း..."

"အင့်"

စကားသံအဆုံးမှာ ထီမထင်က ဝုန်းခနဲ သူ့ဗိုက်ကို လက်သီးနဲ့ထိုးတယ်
မလိမ်စတမ်းဆို ဒါက ...နာကျင်ရတယ်။
ဒါပေမယ့် သူမ မျက်နှာပေါ်က စိတ်ပူနေတဲ့အရိပ်အယောင်ကို တွေ့တဲ့အခါ သူက လဲနေရာက ပြန်ထလာသည်။
Love is powerful ဆိုတဲ့ စကားက သိပ်မှန်တာပဲ...။
အခုချိန်မှာ သူမ မထိခိုက်ဖို့ကလွဲရင်သူဘာပဲပေးဆပ်ရပေးဆပ်ရ...။
ဒါပေမယ့် ထီမထင် ဆီက စကားတစ်ခွန်းက သူ့ကိုခြောက်ခြားစေသလို သူ့ကိုလွတ်လမ်းလဲရှာတွေ့စေတယ်...

"မင်းသိလား နေမင်းဂုဏ်ရောင် အသည်းခါးခါးက ငါ့ဆီက အဆိပ်မိနေခဲ့တာ
ဘယ်လိုအဆိပ်လဲဆိုတော့... ၁၀ ရက်အတွင်းဆေးမစားရင် ဦးနှောက်အကြောတွေပြတ်ထွက်ပြီး...ကျန်တာဆက်တွေးကြည့်ပေါ့"

ထီမထင်ရဲ့စကားသံအဆုံးမှာ သူမကို သူလှည့်ကြည့်တယ် သူမဆီက အတည်ပြုတာကို လိုချင်တဲ့မျက်ဝန်းတွေနဲ့...။
ခါးက ဘာမှမပြောဘဲ မျက်လွှာကိုအသာချပြီး ခေါင်းငုံ့သွားတဲ့အခါ..
သူဟာအမှောင်ထဲလမ်းစပျောက်တယ်။
ထီမထင်ဟာ သူ့ကိုအမှောင်ချတဲ့သူဖြစ်ပြီး
သူကိုယ်တိုင်ကပဲ အလင်းရောင်ထပ်ပေးပြန်တယ်။

အသည္​းခါးခါးWhere stories live. Discover now