Episode 2

8.3K 481 55
                                    

"မင်းက ဘာလာလုပ်တာလဲ.... "


မျက်မှောင်ကြီးကျုံ့ကာ လေသံမာမာဖြင့် စီးကြိုကာမေးလာသော uncle jeonကို ကြောက်မည်ထင်လား No ပါ။ယွန်းမင်လေးဘက်မှာ ပါပါးနဲ့ဒယ်ဒီအပြင် အကို ထယ်ဂုနဲ့uncle yaung ပါတယ်ဆိုတာ ယွန်းမင်လေး တပ်အပ်သိလို့ပင်။


"မင်းကို ဘယ်သူက အိမ်ထဲဝင်ခိုင်းလို့လဲ.... "


"ထယ်ဂုလေး ဝင်ခိုင်းတာပါ ဒယ်ဒီ ..."


မဝံ့မရဲလေး ခေါင်းငုံဖြေလာသော ထယ်ဂုလေး။


"မင်းကို ဒယ်ဒီ အိပ်ခန်းထဲနေဖို့ပြောထားတယ်မလား ထယ်ဂု ဒယ်ဒီစကားနားမထောင်တာလား ဟမ် ..."


"ဟင့် မဟုတ်ပါဖူး ဒယ်ဒီ အင့် ထယ်ဂုလေးက အဖြစ်မှန်ရှင်းပြမို့ပါ အင့် ...."


တစ်ခါမှ မအော်ဖူးသော ဒယ်ဒီဂျွန်ကြောင့် ထယ်ဂုလေးမှာ ရှိုင့်သံလေးဖြင့် ဆိုလာသည်။ပါးပြင်ထက်မှာလည်း မျက်ရည်စများက အသွင်သွင် စီးဆင်းလျက်။


"စောရီး သား ဒယ်ဒီအော်မိသွားလို့.... "


ပြေးပြီပွေ့ကာ တောင်းပန်စကားဆိုလိုက်တော့ ငိုချင်ရက်လက်တို့ဆိုသလို ဂျုံးဂုရင်ခွင်ထဲ မျက်နှာဝှက်ပြီး တအီအီငိုလာသော ထယ်ဂုလေး။ဂျုံးဂုမှာလည်း အငိုတိတ်စေရန် ကျောကုန်းလေးကို ပုတ်ပြီး နည်းမျိုးစုံဖြင့် သားဖြစ်သူကို ချော့ရတော့သည်။


"ဟင့် ယွန်းမင်လေးကို မဆူပါနဲ့နော် ဒယ်ဒီ ဟင့် ....."


"အင်း ဟုတ်ပြီ ဒယ်ဒီမဆူတော့ဖူးနော် ...."


"ပြီးတော့ ဒယ်ဒီက ယွန်းမင်နဲ့တည့်ရမယ်နောင် အင့် ဒယ်ဒီနဲ့ယွန်းမင် မတည့်ကြတော့ ထယ်ဂုလေးက စိတ်မကောင်းဖူး အင့်..... "

M.S.L(Season 2)Where stories live. Discover now