The end

4.9K 289 28
                                    

လတွေနှစ်တွေ အလီလီပြောင်းလို့ ထယ်ဂုလေးနဲ့ယွန်းမင်လေးတောင် ခုဆိုအလယ်တန်းတောင် စတတ်နေခဲ့ကြပြီ။နဲနဲလေး ကြီးလာတာနဲ့အမျှ ယွန်းမင်လေးသည် ထယ်ဂုပေါ် အရင်ကထက်ကို ပိုပိုပြီးသံယောဇဉ်ကြီးလာသည်။

နဲနဲလေး ကြီးလာတာနဲ့အမျှ ထယ်ဂုလေးသည် ထယ်ယောင်းနှင့် ခပ်ဆင်ဆင်ဖြစ်လာသည့်အတွက်မျက်စိအောက်က အပျောက်မခံသည်က ဂျုံးဂုနှင့်ယွန်းမင်ပင်။ဂျုံးဂုထက်ဆိုးသည်က ယွန်းမင်ပင်။တစ်စက္ကန့်လေးတောင်အပျောက်မခံပေ။

အဲ့ဒါကြောင့်လဲ ခုဆိုရင် ယွန်းမင်လေးသည် ဂျုံးဂုတို့အိမ်မှာပင် အနေများတော့သည်။သူ့အဖေအိမ်ကို ဘယ်လိုမှ ပြန်ခိုင်းလို့မရ။နောက်ဆုံးတော့ ပတ်ဂျီမင်တို့လည်း သူတို့အိမ်ဘေးပြောင်းလာရတဲ့အဖြစ်။

"ထယ်ဂုဟျောင်း...."

ခုလဲကြည့် သူ့မျက်စိအောက်က ပျောက်တော့ ကုန်းအော်ပြီ။ကုန်းအော်လို့မှမလာရင်တော့ လိုက်ရှာပြီသာပြင်ထား။

"ဟျောင်းဒီမှာ ယွန်းမင်..."

အသံလာရာသို့ ယွန်းမင်သွားကြည့်တော့ အန်ကယ်ယောင်းနဲ့တူ ပန်းပင်စိုက်နေသော ထယ်ဂုဟျောင်း။ခုမှပဲ စိတ်အေးသွားသလိုနဲ့ သက်ပြင်းအသာလေးချလိုက်တော့ ယွန်းမင်။

"အသားကုန် ကုန်းအော်မနေနဲ့ ငါ့သားက ငါ့ခြံထဲမှာပဲရှိတယ်။ဘယ်မှ‌မသွားဖူး....."

"ကျွန်တော့်မျက်စိအောက်မှာမှ ရှိမနေတာ အော်ရမှာပဲ...."

"ငါ အဖေတောင် အဲ့လောက်ထိအဖြစ်မသည်းဖူး မင်းကဘာလို့အဖြစ်သည်းနေရတာလဲ...."

"တူမလား အန်ကယ်ဂျွန်က ဟျောင်းအဖေလေ ဟျောင်းကိုမဆုံးရှုံးဖူး မျက်စိအောက်ကပျောက်လဲ။ကျွန်တော်ကကျ ဟျောင်းက ဆုံးရှုံးမှာ...."

မနိုင်ဖူးဆိုသော ပုံစံဖြင့် ဂျုံးဂုခေါင်းခါရမ်းရင်း အိမ်ထဲသို့သာ ပြန်ဝင်သွားလိုက်သည်။ယွန်းမင်နဲ့သာဆို သားကို စိတ်ချပြီးသား။လူကြီးစကားပြောလွန်းလို့သာ မြင်ပြင်းကပ်တာ။ကျန်တာတော့ ဘာမှပြောစရာမလိုပေ။

"ကျွန်တော်က ဟျောင်း ဘယ်များသွားနေလဲ အော်ကြည့်တာ..."

ရယ်ကျဲကျဲနဲ့ ပြောလာသောယွန်းမင်ကို ထယ်ဂုလေးက မျက်စောင်းအော်တို ထိုးပြီးသား။သူ့အကြောင်းမသိတာကျလို ဘယ်များသွားနေလဲ အော်ကြည့်တာရှိသေး။

M.S.L(Season 2)Tempat cerita menjadi hidup. Temukan sekarang