Episode 4

5.6K 366 21
                                    

"ညီ ဒယ်ဒီကိုဘာပြောလိုက်လို့ ဒယ်ဒီက ပေးအိပ်တာလဲ..... "


တိုးတိုးလေး ကပ်မေးလာသော ထယ်ဂုဟျောင်းကို ခေါင်းရမ်းကာ မသိချင်စမ်းပါနဲ့ဆိုသော ပုံစံဖြင့် ကြည့်လာသော ယွန်းမင်လေး။အကြည့်ကို သဘောပေါက်သော ထယ်ဂုလေးက ဘဲနှုတ်သီးလို နှုတ်ခမ်းကြီးဆူကာ လက်ပိုက်ပြီး မျက်လွှာကို ဘေးသို့လှည့်လိုက်သည်။ဒါက စိတ်ကောက်သည် ဆိုသည့် သဘော။


ယွန်းမင်မှာ သူ့အကိုရဲ့ချစ်စဖွယ်အမူရာလေးကိုကြည့်ပြီး မျက်လွှာကိုဘေးသို့လှည့်ကာ ကြိတ်ပြုံးလိုက်သည်။အကို့ရှေ့တော့ မပြုံးရဲပါ။တော်နေ လှောင်တာလားဆိုပြီး နှစ်ဆစိတ်ကောက်နေမှဖြင့်။


"‌ဒီည ငါမင်းနဲ့မအိပ်ဖူး အန်ကယ်ဂီတို့နဲ့သွားအိပ်မှာ ...."


"ဒါကတော့ ဘယ်ဖြစ်မလဲ.... "


"မဖြစ်ဖူးဆိုရင် ပြောပြလေ....  "


"ပြောလို့မဖြစ်လို့ပါနော် ထယ်ဂုဟျောင်းရဲ့ ...."


"သေချာပြီလား မပြောဖူးဆိုတာ.... "


ခေါင်းအသွင်သွင်ငြိမ့်ပြလာသော ယွန်းမင်လေးကို ကြည့်ပြီး ထယ်ဂုလေး ညစ်ကျယ်ကျယ်ပြုံးလိုက်သည်။


"တကယ်ကြီး ယွန်းမင်က မပြောဖူးပေါ့ ...."


"အင်း တကယ်ကြီး.... "


"ရတယ်လေ.... "


ပြောပြောဆိုဆို အင်္ကျီကောက်ချွတ်ရန် ရွယ်နေသော ထယ်ဂုလေးကြောင့် ယွန်းမင်မှာ မျက်လုံးအပြူးသားဖြစ်သွားပြီး ချက်ခြင်းကုတင်ပေါ်က ပြေးဆင်းကာ အင်္ကျီကိုအောက်သို့ပြန်ဆွဲချလိုက်သည်။

M.S.L(Season 2)Onde histórias criam vida. Descubra agora