EP 24

9.9K 533 12
                                    

Zawgyi

"ဒိုင်း !"

သေနတ်သံကဂိုထောင်ထဲတွင်ဟိန်းလျှက် နေခြည်ခ
တစ်ယောက် သွေးပြတ်နေမိ မေဧကရီ လည်း
လန့်သွားမိသည်..သူမလည်း ဇွဲသတ်ပိုင် ရှေ့မှ
အမြန်ဖယ်ကာ ကိုယ့်ကို ကိုယ်ကြည့်လိုက်တော့
ဘာသွေးမှ မရှိ ထို့နောက် ဇွဲသတ်ပိုင် ကိုကြည့်လိုက်ရာ သူကိုယ်တိုင်မောင်းချိန်ထားသော သေနတ်
ဖြင့် ကိုယ့်ကို ကိုယ် ပစ်မိလေခြင်းဖြစ်သည်..
ဇွဲသတ်ပိုင် ရင်ဘတ်မှ သွေးမှ တစိမ့်စိမ့်စီးကျလာသည်..လက် ထဲမှ သေနတ် လည်း လွတ်ကျကာ ဇွဲသတ်ပိုင်  ကမ္ဘာ အမှောင်ကြသွားတော့သည်....
နေခြည်ခ လည်း လန့်ကာ မေဧကရီ ဆီပြေးဖက်လိုက်မိသည်...သွေးအိုင်ထဲမှာ လဲ နေသော ဇွဲသတ်ပိုင်
ကို သူမ တို့နှစ်ယောက် ဂရုဏာ သပ်စွာ ကြည့်နေမိ..

နောက်တနေ့မနက်..................

"နေခြည်..."

"အင်း darling.."

"နေခြည့်  အကိုကို တို့တွေ သွားတွေ့ကြမလား"

"………… "

"ကို့ ကိုအားနာ မနေပါနဲ့ လာပါ တူတူသွားရ
  အောင်.."

ဟုဆိုကာ သူမ ကဘဲ ဦးဆောင်၍ ခေါ်လာခဲ့သည်
နေခြည်ခ သံတိုင်တွေကြားက သူ့အကိုကိုမြင်ရ
တော့ စိတ်ထဲမကောင်း..မင်းနေခေတ် လဲ ကို့ဘာသာအပြစ်ဝန်ခံတာမို့လို့ အပြစ်လျော့သည်..

"အဖေနဲ့ အမေ နေကောင်းရဲ့လား ညီမလေး"

"ဟုတ်ကောင်းပါတယ် ကိုကို..ကိုကိုရော
  ကောင်းရဲ့လား.."

"အင်း...ကိုကို ကကောင်းပါတယ်..ဒါနဲ့ ငါ့ညီမလေး
ခလေးတွေဘာတွေမယူဘူးလား.."

"အာ...ကိုကိုကလည်း..."

"အဟင်း ယူလေ..ဖေဖေလည်းမြေး ချီချင်မှာပေါ့
  ကိုကိုလည်း တူလေး တူမလေး လိုချင်တယ်.."

ထိုအခါ ဘေးမှ မေဧကရီ ကပြုံးကာ..

"ကျွန်မ ကြိုးစား နေပါတယ်.."

စကားတွေပြောကြရင်း အချိန်စေ့လို့ပြန်ရမယ့်အချိန်
ရောက်လာခဲ့သည်..

"ကိုကို ကျန်းမာရေး ဂရုစိုက်နော် ညီမလေးတို့
  ပြန်ပြီ.."

အချစ်နတ်ဆိုးရဲ့တောင်ပံခတ်သံ😈S1(completed)Wo Geschichten leben. Entdecke jetzt