EP 13

12.8K 672 13
                                    

Zawgyi

ခြံဝန်းထဲသို့ကားဝင်သံကြားလိုက်ရ၍နေခြည်ခ
အခန်းပြတင်းပေါက်ကလှမ်းကြည့်လိုက်မိသည်..
မေဧကရီ အလုပ်ကပြန်လာတာဖြစ်သည်သူမပြုံးလိုက်ကာ...

"ငါ အဲ့အဖွားကြီးကိုဆင်းကြိုသင့်လား..."

သူမစဉ်းစားနေသောအချိန်တွင်အခန်းထဲသို့မေဧကရီ ဝင်ချလာသည်

"ဟာ..သူများအခန်းထဲကိုတံခါးခေါက်မှပေါ့.."

"အံမယ်..မင်းနဲ့တို့က ယူပြီးပြီလေမေ့နေတာလား"

ဟုတ်ပါရဲ့ ရုတ်​တရက် ဆိုတော့နေခြည်ရယ်မိသွား..

"မင်းကအဲ့ပြတင်းပေါက်နားမှာဘာလုပ်နေတာလဲ
တို့ကို မျှော်နေတာလား.."

"မဟုတ်ပါဘူး..ကောင်းကင်ကြီးလှလို့ငေးနေတာ"

"Haha..ဟုတ်ပါပြီ ဒီလောက်တိမ်တွေညိုနေတာကို"

"အင်း..မိုးရွာမယ်နဲ့တူတယ်.."

"မင်း..တို့နဲ့ အပြင်လိုက်မလား.."

"ဘယ်သွားမလို့လည်း.."

"တစ်နေ ရာ ရာ သွားကြမယ်လေ.."

"အင်း.."

Time skip..........................

မေဧကရီ နေခြည်ကို ကန်ရေပြင်ဘေးနားတွင် စားပွဲချထားကာ အစားအသောက်များဖြင့်... စားပွဲပေါ်တွင် ထီးပုံစံအကြီးကြီ အုပ်မိုးထားပြီး ဘေးနားက သစ်ပြင် ပန်းပင်များကို မီးလုံးသေးသေးလေးများနှင့်ရစ်ပတ်ထားသောနေရာသို့ခေါ်လာသည်....

"ဒါက ဘာဆိုင်လဲ လူတွေလည်းမရှိဘူး.."

မေဧကရီ က နေခြည့်အနားသို့ခုံကိုဆွဲထိုင်လိုက်ကာ

"ဒါက ဆိုင်မဟုတ်ဘူး..တို့ပိုင်တဲ့နေရာ..နေ့ခင်းထဲက ဒီမှာ ပြင်ဆင်ထားတာ မင်း အတွက်လေ ကြိုက်ရဲ့လား.."

"ကျွန်မ အတွက်.."

နေခြည်တအံ့တသြမေးလိုက်သည်..

"အင်း..တို့မှာမင်းကို ဝန်ခံစရာရှိတယ်..မင်းသိ
ချင် လား.."

သူမကနေခြည့်လက်ကိုကိုင်ပြီး လေးနက်တဲ့မျက်ဝန်း
တွေနဲ့မေးလာတယ်...

"အင်း..သိချင်တယ်.."

ထိုစဉ်မိုးများရွာချလာသည်..နေခြည် က...

အချစ်နတ်ဆိုးရဲ့တောင်ပံခတ်သံ😈S1(completed)Donde viven las historias. Descúbrelo ahora