Zawgyi
ခါးအောက်ပိုင်းနာကျင်မှုနဲ့အတူ နေခြည်ခ တစ်ယောက်အိပ်ယာကနိုးထလာခဲ့သည်..သူမကိုယ်ကို ကြည့်လိုက်ရာ သန့်စင်နေ၍အဝတ်အစားသစ်ဝတ်ထားသည် ဒီတခါနိုးထခြင်းကတော့သူမလက်ကိုကုတင်တိုင်နှင့်လဲမချည်ထားပါ..ခန္ဓာကိုယ်က အားနည်းနေတာကြောင့်ထဖို့အားမရှိ လက်ကောက်ဝတ်တွင်လဲမနေ့ညက ကုတင်တိုင်နဲ့လက်ချည်ခံထားရမှုကြောင့်
ကြိုးချည်ရာကအထင်းသား..ထိုစဉ်အိပ်ခန်းထဲသို့ အမျိုးသမီးတယောက်ဝင်လာသည် သူမ သည်
မေဧကရီ ဖြစ်သည်..ရုတ်တရက် သူမ ပါးနှင့် နေခြည်ခ နဖူးကိုထိကပ်လိုက်သည်..ပြီးတော့စကားတိုးတိုးလေးတစ်ခွန်းပြောသည်.."အင်း..အဖျားငွေ့တော့ရှိသေးတယ်" တဲ့ နေခြည်လဲ
ကုတင်ဘေးကြည့်လိုက်တော့သူမကို တစ်ည လုံး
ကုတင်ဘေးမှာရေပတ်ဝတ်တင်ပေးနေသည်ထင်သည် ရေဇလုံနဲ့ တဘက် ကချရက်သား..နေခြည် နိုးနေသည်ကို သူမက မြင်၍.."မင်း နိုးပြီလား..ခနနေ ကြီးကြီး ဆန်ပြုတ်လာ ပို့
လိမ့်မယ်..တို့မှာ သွားစရာရှိတာမို့လို့အိမ်မှာ
လိမ်လိမ်မာမာနေခဲ့.."ဟုဆိုကာ နေခြည် ခေါင်းကို ပုတ်လျှက်ပြောသည် ထွက်ခါနီးအခန်းတံခါးနားရောက်မှပြန်လှည့်လာကာ
"ပြီးတော့..မင်း..တို့ နဲ့ လက်ထပ် ရမယ်.."
နေခြည် လန့်ဖြန့် သွား မိမိ ဘဝတွင်မိန်းမတစ်ယောက်ရဲ့ အနိုင်ကျင့်တာခံရပြီးလက်ထပ်ရမယ်လို့မထင်ခဲ့ နေခြည် သူမ အား ပြန်ပြောလိုက်သည်..
" ကျွန်မ ရှင်နဲ့ လက် မထပ် ဘူး ကျွန်မ မှာချစ်သူရှိတယ်.."
ထိုအခါသူမကတံခါးကိုမဖွင့်ဘဲ နေခြည်ထိုင်နေတဲ့ကုတင်ဘေးမှာမတ်တပ်ရပ်ကာ...
"ကောင်းပြီဒါဆိုမင်းချစ်သူဆိုတဲ့ကောင်လေးကို
ပြောလိုက် ကျွန်မ မိန်းမတစ်ယောက်နဲ့ sex ဖြစ်သွားပါတယ် ရှင်လက်ခံနိုင်လားလို့မေးလိုက် သူတာဝန်ယူမလားလို့လေ...""ရှင်.."
"ဒီမှာကောင်မလေး..ယောက်ျားတွေကလေအပျိုစစ်မှတန်ဖို့းထားချင်တာ မင်း အကိုကို မေးကြည့် မိန်းမ
တကာနဲ့အိပ်နေတဲ့မင်းအကို ပိုသိမှာပေါ့.."
ČTEŠ
အချစ်နတ်ဆိုးရဲ့တောင်ပံခတ်သံ😈S1(completed)
Romance18+ပါမှာမို့လို့ဖတ်ရဲမှဖတ်ပါ.. Zawgyi + uni ( own creation 💙)