🏯 ရှန်ဟွှာအိမ်တော် 🏯
" သခင် … သူတို့ကို ဘယ်ခေါ်သွားရမှာလဲ "
" ဧည့်ခန်းထဲမှာ ဖမ်းထားလိုက် "
ဖန်းဂူ မင်းယွီကို ကားပေါ်ကနေ ပွေ့ချီလာပြီး သူ့ရဲ့အခန်းထဲကိုခေါ်သွားလေတယ် … မင်းယွီ မိဘ ၂ ပါးကတော့ လက် ၂ ဖက်ကို ကြိုးချည်ခံထားရပြီး ဧည့်ခန်းထဲမှာ ထားထားကြတယ် …
သူမ သားဖြစ်သူကိုတလှည့် သူမဘေးမှာ ကျောက်ရုပ်လိုထိုင်နေတဲ့အမျိုးသားကိုတလှည့်ကြည့်ရင်း သူမဘယ်လောက်ထိ ပူလောင်နေလဲ ခန့်မှန်နိုင်တယ် …
" ကျွန်မဘာလုပ်သင့်လဲဟင် … ရှင်ကိုဒုက္ခရောက်အောင် လုပ်မိပြီ … သားလေးကိုလဲမကယ်နိုင်ဘူး … ကျွန်မအမှားပါ "
သူမပါးပြင်ပေါ်မှာ မျက်ရည်များ စီးကျလာပြီး ခေါင်းငုံ့ကာ ငိုကြွေးနေလေတယ် … ထိုအခါမှ ဖခင် အသိပြန်ဝင်လာပြီး ကြိုးတွေနဲ့တုတ်နှောင်ထားတဲ့ သူ့ရဲ့လက်ကိုမြှောက်ကာ သူမပါးပြင်ပေါ်က မျက်ရည်တွေကို ဖယ်ရှားပေးလိုက်ပြီး …
" ကိုယ်ကာကွယ်မပေးနိုင်လို့တောင်းပန်ပါတယ် … ဒုက္ခတွေလဲအများကြီးပေးမိပြီ … မင်းတို့သားအမိကို ဒီအိမ်တော်ကနေ ကယ်ထုတ်ပေးမယ် … မငိုနဲ့တော့ "
သူ့ရဲ့ခြေထောက်တစ်ဖက်က စတီးရိုးကြောင့် ကောင်းစွာမထောက်နိုင်ပေမဲ့ ခန္ဓာကိုယ်တစ်ခုလုံးကအကျောတွေ ကောင်းမွန်စွာပြန်လည်အလုပ်လုပ်နေပြီဖြစ်၍ သူဟာ အရင်ကလိုအသုံးမဝင်တဲ့သူမဟုတ်တော့ပေမဲ့ ခုတော့အရာအားလုံးက ထင်သလိုဖြစ်မလာခဲ့ဘူး …
သူ့ရဲ့မျက်ဝန်တွေက တည်ကြည်လေးနက်နေသော်လဲ သားနဲ့အမျိုးသမီးအပေါ် စိုးရိမ်စိတ်တွေက တိုးသထက် တိုးလာတဲ့အပြင် တစ်စုံတစ်ခုအား စိုးရွံ့နေပုံပေါ်တယ် …
ချူးရှန့်က သူ့တို့အနားမှာရပ်နေပြီး ထိုလူရဲ့မူမမှန်ပုံကို ရိပ်မိနေတယ် … သူအလုပ်လုပ်လာခဲ့သမျှ သက်တမ်းတစ်လျှောက်လုံး သခင်ဖန်းဂူက လူတွေကို သူ့အိမ်ခေါ်လာလေ့မရှိဘူး … ဒါပေမဲ့ ဒီလူတွေကို ဘာကြောင့်ခေါ်လာလဲ ချူးရှန့်သိပေမဲ့ ခုတလော အရမ်းပြောင်းလဲသွားတဲ့ သခင်ဖြစ်သူကို အံ့ဩမိတယ် …
![](https://img.wattpad.com/cover/220571137-288-k408592.jpg)
CITEȘTI
LION 🦁 ( Mafia Is My Alpha ){ Unicode }
Romanceဒါလေးက Omegaverse ပုံစံလေး ရေးသွားမှာပါ ... DOLL ပြီးတော့ ဒုတိယမြောက် Fic လေးမို့ အားပေးဖို့မျှော်လင့်ပါတယ် ...... #KZinNyein