Moon ^ ep 1 ^

15 0 0
                                    

တီတီတီတီ.....
နှိုးစက် မြည်သံကြားသည်နဲ့ မထချင်သော်လည်း အိပ်ရာမှ အလူးအလဲ ထရပြန်တယ် နာရီကို ကြည့်လိုက်တော့ ၄နာရီနဲ့၄၅မိနစ် နောက်ကျပြန်ပီ မေမေ့ကိုဝိုင်းကူရမှာ 'ရှင်းခန့်ရေ ထစမ်းပါ ' ကိုယ့်ကိုယ်ကို သတိပေးနေရတယ်
အိပ်ချင်စိတ်ကို‌ေြဖဖျောက်၍ အလျင်မြန်ထကာ အိမ်နောက်ဖေးဘက်သို့ ပြေး၀င်လာတော့တယ် အမေက နိုးနေ၍မနက်ဈေးထွက်ချိန်အမှီ မုန့်ဟင်းခါးချက်ဖို့ ပြင်‌ဆင်နေပါတယ် ကျွန်တော်တို့ မိသားစု က တစ်နေ့လုပ်မှ တစ်နေ့စားရတာ
မိသားစုက လေးယောက်ရှိပေမယ့် ‌အမေ့ရဲ့ မုန့်ဟင်းခါးဆိုင်လေးကိုပဲ မှိခိုနေရတာ အဖေကလည်း စာရေးဆရာအရမ်းြဖစ်ချင်ဝာာမို့ တနေ့တနေ့ စာတွေပဲရေးနေတာ အမေ့ကိုဝိုင်းမကူတဲ့အပြင် ၀င်ငွေလည်းမ‌ရတော့ အမေ့ရဲ့ ဆူပူသံတွေက နေ့တိုင်းကြားနေရတာပေါ့ ဒါပေမယ့် ကျွန်တော်နဲ့ ညီမလေးကိုတော့ ကြပ်တည်းတဲ့ကြားထဲကနေ အမေက ကျောင်းထားပေးတယ် ကျွန်တော်ကတော့ အကြောင်းမဟုတ်ပေမယ့် ညီမလေးကိုတော့ကျောင်းပီးစေချင်တယ် အမေကအမြဲပြောတယ် 'ငါနဲ့နင်တို့‌ အ‌ ‌ေဖ လို မဖြစ်ရအောင်ပညာကို သေချာသင်ပီး အလုပ်ကောင်းကောင်းရအောင်လုပ် အဲ့ဒါမှ အေးဆေးလေး ဘ၀ကိုဖြတ်သန်းလို့ရမှာ'ဆိုပီးတော့ပေါ့ ခုလည်း အမေ့ကိုကူဖို့ထလာတာမြင်တော့

'သား ဘာလို့ထလာတာလဲ စာဖတ်စရာရှိလို့လား'
'မရှိပါဘူး ကျွန်တော်ကူလုပ်ပေးမလို့ပါ'
'မရှိရင် သွားပြန်အိပ်စမ်းပါအေ ငါ့ဘာသာလုပ်နိုင်တယ် ကျောင်းရောက်ရင် အိပ်ငိုက်နေမယ် ကျုရှင်လည်း မထားပေးနိုင်တော့ ငါ့သားကိုအမေစိတ်ပူတယ်'
'စိတ်မပူပါနဲ့ ကြိုးစားမှာပါ'

ပြောပြောဆိုဆိုနဲ့ အမေကအရံသင့်ပြုတ်ထားတဲ့ ငါးတွေကို နွှင်ပေးပီး အမေကတော့ ပြောမနိုင်တော့လုပ်ဆိုတဲ့သဘောနဲ့ သက်ပြင်းတိုးတိုးလေးချလိုက်တယ်
အမေ့ကို အနည်းငယ်ကူပေးပီးတော့ ကျန်သေးတဲ့ စာတွေဖတ်ရကျက်ရနဲ့ အလုပ်ရှုပ်နေတာ နောက်နှစ်ဆို ၁ဝတန်းရောက်ပီးဆိုတော့ ဒီထပ်ကြိုးစားရတော့မှာပေါ့ ခုလည်း စာမေးပွဲက‌နီးလာပီဆိုတော့ ပိုပီးတော့ကြိုးစားရတော့မှာပေါ့ ကျွန်တော်တို့ဘက် မှာက ကိုးတန်းဆယ်တန်းလောက်ဆိုရင်ကျောင်းကို သိပ်မလာကြတော့ဘူး ကျောင်းခေါ်ချိန်ပြည့်ရုံလောက်သာ လာကြတော့တာ အဆောင်မှာပဲ စာကျက်ဝိုင်းတွေ ဆရာမတွေနဲ့သေချာသင်ကြတော့ ‌‌ဒီလိုစာမေးပွဲနီးချိန်ဆိုကျောင်းမှာလူတောင်သိပ်မရှိတတ်တော့ဘူး ဒါပေမယ့် ကျွန်တော်ကတော့ သင်စရာစာတွေမပီးသေးတော့ အိမ်မှာပဲကိုယ့်ဘာသာကျက်နေလို့ မရတာ‌မို့ ကျောင်းသွားရဦးမှာပေါ့ ကျွန့်တော့်ညီမလေးက ကျွန်တော်နဲ့ ၅နှစ်ကွာတာ‌မို့ တော်တော်လေးအဆင်ပြေတယ်လို့ တွေးမိတယ် သူ့အလှည့်ကျရင် သူများတွေနဲ့ တန်းတူထားနိုင်အောင် ကျွန်တော့်မှာကြိုးစားခွင့်ရှိနေသေးတာမို့လို့ 'ကိုကို....ကိုကို... ဘာတွေစဉ်းစားနေတာလဲ'
ညီမေလေးခေါ်သံကြားမှကျောင်းရှေ့ရောက်နေမှန်း သတိရသွားပီး တွေးလက်စအတွေးကို ရပ်ပစ်လိုက်တယ်
'ဘာတုန်း မေမြတ် ရာ လန့်လိုက်တာ'
'ကိုကို ကခေါ်နေတာမှ မကြားတာ အဲ့တော့ အော်ခေါ်ရ‌တာပေါ့'
'သမီး ဘာသာ သွားတော့မယ် ကျောင်းကနောက်ကျနေပီး ကိုကို အတန်း၀င်လိုက်တော့'
'လိုက် မပို့လို့ ြဖစ်ရဲ့လား '
'သမီး က ၄တန်းတောင်ရှိနေပီး ြဖစ်တယ် သွားတော့မယ်'
ကျွန်တော်တို့ကျောင်းက ၀င်၀င်ချင်းကနေအနည်းငယ်‌ေလျှာက်ပီး ဒုတိယထပ်ကိုတက်လိုက်ရင် ကိုးတန်းအဆောင် ရောက်ပီ
အတန်းထဲရောက်တော့ ဒီနေ့ကျောင်းလာတာ လူများသားပဲ
'ဟျောင် ရှင်းခန့် မင်းစာတွေရနေပီလား'
'ရသလောက်တော့ ရနေပါပီ ဘာလဲ မင်းကငါနဲ့ပြိုင်နေတာလား'
'ပြိုင်စရာလား ငါက အပုဒ်ရွေးထားတာတွေ ပေးမလို့' အဲ့ကောင်က ပြည့်စုံဟိန်းဆိုတဲ့ နာမည်တိုင်း အစစအရာရာ ပြည့်စုံလွန်းတယ် ကျွန်တော့်ကို သူက အမြဲကူညီတယ် ကျွန်တော်တို့က ငယ်ငယ်တည်းက သူငယ်ချင်းဆိုတော့ သံယောဇဉ်ကလည်းတော်တော်ကြီးတယ်

MoonWhere stories live. Discover now