ရှင်းခန့်ကိုကို
.........................
ကျွန်တော့ အကြည့်တွေက သူ့ဆီကနေမခွာနိုင်ပဲဆက်ကြည့်နေမိတယ် မကြည့်လိုက်ရတဲ့ အချိန်တွေအတွက်အတိုးချပြီး ကြည့်ချင်နေမိတယ် တကယ်တမ်းဘယ်သူ့ကိုမှ၀န်မခံချင်တဲ့ ကျွန်တော့်ရဲ့လျှို့ဝှက်ချက်ပဲ
သူက ကျွန်တော့်နားကိုလျှောက်လာပြီး
'ရှင်း စာမေးပွဲေြဖနိုင်လား'
ကျွန်တော်ဘာမှမပြောပဲ စက်ဘီးပြန်နင်းပြီး ဦးတည်ရမဲ့ ထွက်လာခဲ့လိုက်တယ် သူက ဘာမှမြဖစ်သလိုခံစားနေရပေမယ့် ကျွန်တော်ကသူနဲ့ပတ်သက်ရင်ထူးဆန်းတဲ့ခံစားချက်ကိုခံစားနေတယ် သူသာမိန်းကလေးဆိုရင်တော့ထူးဆန်းတယ်လို့ပြောလို့မရပေမယ့် ကျွန်တော့်စိတ်တွေကဘာလို့ ယောင်္ကျားလေးတစ်ယောက်ပေါ်ထူးဆန်းနေတာလဲ ကျွန်တော်ခံစားရသလို သူမခံစားရဘူးဆိုရင်တောင် သူငယ်ချင်းတစ်ယောက်အနေနဲ့ရှင်းပြသင့်တယ်လို့ ကျွန်တော်ထင်တယ် တကယ်ဆိုသူ့ကိုအနားမှာရှိစေချင်ပေမယ့်'ရှင်း! ရှင်း 'သူက ဆိုင်ကယ်နဲ့လိုက်လာပြီးအော်ခေါ်နေတယ် ကျွန်တော်လှည့်မကြည့်ပဲ ဘောလုံးကွင်းထဲသို့ကွေ့၀င်းသွားပြီး စက်ဘီးကိုရပ်လိုက်တယ် သူကလည်းထိုနည်းတူပဲဆိုင်ကယ်ကဆင်းလာပြီး ကျွန်တော့်လက်ကိုလှမ်းဆွဲလိုက်တယ် (ဇွဲ မင်းငါ့ကိုအဲ့လိုမလုပ်ပါနဲ့) ကျွန်တော်လှည့်မကြည့်ပဲ သူ့လက်ထဲကလွတ်ဖို့ပဲရှန်းနေမိတယ်
'ရှင်း မင်းဘာဖြစ်နေတာလဲ ငါမေးတာလည်းမဖြေပဲထွက်သွားတယ်'
'ဘာမှမဖြစ်ဘူး ငါ့လက်ကိုလွှတ်'
'စိတ်ကောက်နေတာလား ဒီဘက်လှည့်ပါဦး'
'ကောက်ကရအောင် ငါကမိန်းကလေးမဟုတ်ဘူး ပြော ဘာပြောဖို့ငါအိမ်လာတာလဲ'
'မင်းကိုလွမ်းလို့ လာတွေ့ဝာာလေ' သူရဲ့ညို့အားပြင်းမျက်၀န်းတစ်စုံနဲ့စိုက်ကြည့်နေပြီး လှပစွာပြုံးပြရင်းပြောလာတယ် သူ့အကြည့် သူ့အပြုံးတွေကို အရမ်းတွေသဘောကျပေမယ့် ဘာမှမဖြစ်သလိုနဲ့ပြန်ပေါ်လာဝာာ ကျွန်တော့်အတွက်တော့ အဆင်ပြေမနေဘူး
'ေဟျာင့် မင်းရဲ့ ပလီပလာစကားတွေနားမထောင်ချင်ဘူး ဘာမှမပြောပဲ ပျောက်သွားပြီး ဘာမှမပြောပဲ ပြန်ပေါ်လာတယ် ငါ့ခံစားချက်တွေကို မင်းစိတ်ကြိုက်ကစားနေတာပဲ မင်းကဘယ်တော့မှ တန်ဖိုးထားတတ်မယ့်ကောင်မဟုတ်ဘူး' ကျွန်တော်ပြောတာတွေများသွားပြီး မျက်ရည်တွေကဘာလို့ဝဲလာတာလဲ မဖြစ်သင့်တဲ့ခံစားချက်တွက်ရှက် မိတယ် သူ့ကိုမြန်မြန်ကျောခိုင်းလိုက်ပြီးကျွန်တော်ထွက်သွားမယ်လုပ်တော့ ကျွန်တော့်လက်ကိုလှမ်းဆွဲပြီး ကျွန်တော့်ကိုသူနဲ့ အကြည့်ချင်းဆုံစေလိုက်တယ် မျက်ရည်တွေဝဲနေတဲ့ ကျွန်တော့်မျက်၀န်းတွေကို ထူးဆန်းစွာစိုက်ကြည့်နေတော့
'လွှတ် ငါ့.....'
ကျွန်တော့်စကားမဆုံးလိုက်ခင်မှာပဲ တစ်စုံတစ်ခုသောအရာက ကျွန်တော့နှုတ်ခမ်းကိုထပ်မပြောရအောင်တားဆီးလိုက်တယ် ဘယ်လိုမှမထင်ထားသောသူ့နှုတ်ခမ်းတစ်စုံက ကျွန်တော့်နှုတ်ခမ်းကိုဖိကပ်ထားတယ် နူးညံတဲ့ထိတွေ့မှုနဲ့အတူကျွန်တော့ရဲ့ ရင်ခုန်သံတွေကဆူညံလာတယ် မိုးကြိုးပစ်သံထပ်များပိုကျယ်နေမလား သူကြားသွားမှာလည်း စိုးမိတယ် သူ့နှုတ်ခမ်းတွေက အရမ်းတွေကို နူးညံနေတာပဲ
သူ့နှုတ်ခမ်းတွေက ကျွန်တော့်နှုတ်ခမ်းတွေကနေပြန်လည်ခွာသွားပြီး 'ရှင်း မင်းခုနက ဘာပြောမလို့လဲ'ဆိုပြီး ပြုံးပြနေတယ် ရှက်လွန်းလို့ ဘာပြောရမှန်းတောင်မသိတော့ဘူး သေချာတယ် ကျွန်တော့်မျက်နှာတော်တော်လေး နီရဲနေမှာ
'မရှိ...မရှိဘူး'
'ရှင်း မင်းရဲ့ပါးပြင်တွေ ပူနေတာပဲ'ကျွန်တော့်ပါးကမှာ သူ့လက်တွေရှိနေဆဲပဲလား
ကျွန်တော်သူ့လက်တွေကိုဖယ်စေဖို့ သူ့လက်ကိုကိုင်လိုက်တဲ့ချိန်မှာ ကျွန်တော့်နှုတ်ခမ်းတွေကို သူ့နှုတ်ခမ်းတွေနဲ့နောက်တစ်ကြိမ်ဖိကပ်လိုက်တယ် ဒီတစ်ခါတော့ထိရုံမဟုတ်တော့ပဲ ကျွန်တော့်ရဲ့အပေါ်နှုတ်ခမ်းသားကို သူကအသာယာစုပ်ယူလိုက်တယ် သူရဲ့လှုပ်ရှားမှုစည်းချက်အတိုင်း ကျွန်တော်လည်းလိုက်ပြီး စီး၀င်နေမိတယ် ကျွန်တော့်ရဲ့ခံစားချက်တွေပိုပြီးနက်ရှိုင်းလာတယ် သူ့ရဲ့အနမ်းတွေဆီကနေ ကျွန်တော် မရှုန်းထွက်နိုင်တော့ဘူး ကျွန်တော့်ပါးပြင်ပေါ်မှာစိုစွတ်မှုကို ခံစားလိုက်ရတယ် မှိတ်ထားတဲ့မျက်လုံးများကိုဖွင့်ကြည့်လိုက်တော့ မိုးတွေစတင်ရွာနေတာပဲ သူကကျွန်တော့်နှုတ်ခမ်းတွေဆီက နေခွာလိုက်ပြီးနောက် ကောင်းကင်ကြီးကို မော့ကြည့်နေတယ်
'ရှင်း မင်းကိုလွမ်းနေတာ' ကျွန်တော်ဘာပြန်ပြောရမလဲ မသိတော့ဘူး သူ့ရဲ့စကားတစ်ခွန်းက ကျွန်တော့်ကို အရှက်သည်းစေတယ်
'ဇွဲပြည့် လာ မိုးတွေအရမ်းရွာနေပြီး'
ကျွန်တော်သူ့ရဲ့လက်ကိုလှမ်းကိုင်ပြီး ဘောလုံးကွင်းဘေးက အားကစားရုံထဲသို့ ပြေး၀င်ခဲ့တယ် ကျွန်တော်တို့နှစ်ယောက် အားကစားရုံထဲမှာပဲ မိုးခိုနေကြတယ် မိုးတွေကလည်း မတိတ်ပဲ သည်းလာတယ် အချိန်အားဖြင့် နေ့လည်၂နာရီလောက်ပဲရှိသေးပေမယ့် ညနေ၆နာရီလောက်ထင်ရတယ် စာမေးပွဲတွေပြီးသွားလို့လားမသိဘူး ဘောလုံးကွင်းမှာရော အားကစားရုံထဲမှာရော ဘယ်သူမှမရှိဘူး သူနဲ့ ကျွန်တော်ကလွဲလို့ပေါ့
'ရှင်း မင်းချမ်းနေလား'
'မချမ်းပါဘူး' အမှန်တော့ ကျွန်တော်အရမ်းချမ်းနေတယ် ဒါပေမယ့် မိန်းကလေးတွေလိုမျိုးတော့ ချွဲပြီး ချမ်းလို့ဆိုပြီး လုပ်မပြချင်ဘူး ကျွန်တော်ကမိန်းကလေးလည်း မဟုတ်ဘူးလေ
'ရှင်း မင်းမချမ်းေပမယ့် ငါအရမ်းချမ်းတယ်'
ပြောရင်း သူကျွန်တော့်ကို လှမ်းဖက်ထားလိုက်တယ် ကျွန်တော့်မှာရှုန်းနိုင်တဲ့အင်းအားမရှိဝော့ာဘူး နွေးထွေးတဲ့သူ့ရဲ့ရင်ခွင်ထဲမှာဒီတိုင်းလေး နေလိုက်ချင်မိတယ်
'မင်း မနက် ဖြန်ကျရင် ငပြည့်တို့နဲ့ ခရီးသွားမှာကို ငါလိုက်ခဲ့လို့ရမလား'
'အင်း လိုက်ခဲ့ပေါ့'
'ကြိုတင်ရင်ခုန်ေနပြီး'
'ဘာကိုလဲ'
'မင်းနဲ့ခရီးသွားရမှာကိုေလ'
အချိန်အနည်းငယ်ကြာတော့ မိုးစဲသွားပြီဆိုတော့အိမ်ပြန်ရတော့မှာပေါ့ မပြန်ချင်သေးဘူး မပြန်ရသေးပေမယ့် မနက်ဖြန်မြန်မြန်ရောက်ချင်နေပြီး......................
ဒီနေ့မိုးမိသွားတော့ နည်းနည်းဖျားချင်သလိုဖြစ်နေတယ်
'သား ဆေးေသာက်လုိက်ဦး မိုးမိထားပြီးကျောင်း၀တ်စုံကပါးပါးလေးနဲ့ဆိုတော့ အအေးပတ်နေမယ်'
'ဟုတ် အမေ မနက်ဖြန်ကျရင် ငပြည့်တို့နဲ့လိုက်သွားမလို့'
'သိပါတယ် သားရယ် စိတ်ပူမနေနဲ့ ခုဆို မင်းတို့အဖေလည်း စာကြီးပဲရေးမနေတော့ပဲ ကားလည်းမောင်း စက်ပစ္စည်းေတွနဲနဲပါးပါးပြင်ေတာ့ အဆင်ပြေနေပါတယ်'
'ဟုတ်ကဲ့ပါ အမေ '....................................
ကျွန်တော်အိပ်ရာကထတော့ မနက်၅နာရီရှိပြီး ြခံထဲမှာအသံတွေကြားတာနဲ့ထွက်ကြည့်တော့ ငပြည့်နဲ့ဇွဲကို တွေ့တယ်
'ဘာလိုြဖစ်ကြလို့ အစောကြီးရောက်နေတာလဲ'
'ေစာေစာသွားမှ အများြကီးလည်ရမှာေလ မြန်မြန်လုပ်တော့ ရှင်းခန့်'
'ေအး ခဏနော်'
ဟိုတစ်ယောက်ကတော့ ဘာမှမပြောပဲ ကျွန်တော့်ကိုပဲ စိုက်ကြည့်နေတယ် သူအဲ့လိုကြည့်နေပုံနဲ့ ငပြည့် တခုခု ရိပ်မိသွားဦးမယ် နှစ်ယောက်တည်းလွှတ်ထားလို့ မဖြစ်ဘူး မြန်မြန်လုပ်မှ ကျွန်တော်မြန်မြန်ပြင်ဆင်ပြီး ထွက်လာခဲ့တယ်
'ဇွန်ပန်ကို သွားခေါ်ရမယ် မင်းအဖေကားပဲ ဌားလိုက်တယ် ရှင်းခန့်'
'ဟုတ်လား ငါ့ကို အဖေက ဘာမှမပြောဘူး'
'ဇွဲပြည့်က အကြံပေးလို့ မဆိုးဘူးဆိုပြီး လက်ခံလိုက်တာ'
သူ့ကိုကြည့်လိုက်ဝောာ့ပြုံးပြနေတယ် ကျွန်တော့်အကြည့်တွေမလွှဲနိုင်ဘူးြဖစ်နေတယ် ဒီနေ့တစ်လုံးတူတူရှိရမှာကိုစဉ်းစားရင်း ပျော်နေမိတယ်
'ရှင်းခန့် မင်းေပျာ်ေနတယ် မဟုတ်လား'
'ဟင် ဘာကိုလဲ'
'ဇွန်ပန်နဲ့ တူတူရှိမှာကိုလေ' ကျွန်တော် မဖြေခင် ဇွဲကိုကြည့်မိတယ် စောစောကအပြုံးလေးဘယ်ရောက်သွားပါလိမ့်
'ဇွန်ပန်ကငါ့တွက်သူငယ်ချင်းပဲ နောက်တခါထပ်မစနဲ့'
'ေအးပါကွာ ဆက်ဆက်ထိမခံဖြစ်နေတာ'
'စကားမများနဲ့သွားကြမယ်'
'ဘယ်သွားကြမှာလဲ ရှင်း'
'ကျိုက္ခမီ စက်စဲသွားကြမယ်'
'အင်း'ဇွန်ပန်ကို ၀င်ခေါ်ပြီး ကျွန်တော်တို့ခရီးဆက်ခဲ့တယ် မေမြတ်ကလည်းလိုက်ချင်တယ်ဆိုတော့ ဇွန်ပန် အဖော်ရအောင်ခေါ်ခဲ့လိုက်တယ် ကျွန်တော်သူနဲ့ အတူခရီးထွက်ရလို့ပျော်နေပေမယ့် သူကျွန်တော့်အနားက ဘယ်အချိန်ထပ်ပျောက်သွားမလဲဆိုတာ စိုးရိမ်နေမိတယ် ခုချိန်ကျွန်တော်တို့ ဆက်ဆံရေးက ဘာလဲဆိုတာကို ကျွန်တော် အသေချာမသိဘူး ကျွန်တော့်ဘက်က ခံစားချက်တွေက သေချာပေမယ့် သူ့ဘက်ကရော.....
T.B.C
YOU ARE READING
Moon