ရှင်းခန့်ကိုကို
.................................
ဇွဲပြည့်ဝင်းဆိုတဲ့ ကောင်လေးက ကျောင်းသားသစ်ဖြစ်ပေမယ့် ကျွန်တော်တို့ဇီဝဗေဒရဲ့ Aခန်းကို ဘာလို့ရောက်လာတာလဲ အားလုံးက အံ့ဩနေကြသော်လည်း အရှည်ကောင်ကအေးဆေးပဲ ခုံလွတ်ကိုရှာနေတယ်
ကျွန်တော်တို့ အခန်းရဲ့တည်ဆောက်ပုံအရ အခန်းရဲ့ဘယ်ဘက်နဲ့ ညာဘက်ကို ၃ယောက်ထိုင်၍ရသော ခုံတန်းရှည်ကြီးရှိပီး အလယ်တွင် သီးသန့် တစ်ယောက်သာထိုင်လို့ ရသော အလယ်ခုံလေးတွေက ရှိနေတယ် သူက အလယ်ခုံ တခုကို ရွေးချယ်ပီး ထိုင်လိုက်တယ် ကျွန်တော်က ဒုတိယတန်းအတွင်းဘက်ထောင့်တွင်ထိုင်နေတာမို့ သူထိုင်လိုက်တဲ့အလယ်ခုံက ကျွန်တော်ထိုင်နေတဲ့ဒုတိယတန်းဖြစ်နေတယ် ဘယ်လိုရေစက်များပါလိမ့် ဒီကောင်နဲ့ဆက်ဆံရေး မပြေလည်ပါဘူးဆိုမှ နေရာကတူနေရတယ်လို့
ကွာနေ့လည်ထမင်းစားချိန်ရောက်တော့ ကျွန်တော်မှာအသင့်ပါလာတဲ့ထမင်းဗူးကိုဖွင့်ပြီးစားမည်လုပ်တဲ့ချိန်မှာ အလယ်တန်းက နေ အိပ်ချင်မူးတူးနှင့် ထပြီး သာ ၀င်တိုက်တော့ ထမင်းရောဟင်းရော ခုံအောက်သို့ အကုန်ပြန့်ကျဲကုန်တော့တယ် လုပ်သွားတဲ့ကောင်က ပြန့်ကျဲသွားတာကို တစ်ချက်ကြည့်လိုက်ပြီး နောက်ဘက်ထမင်းချိုင့်တွေတင်ထားတဲ့ဆီသွားပြီး ထမင်းချိုင့်တစ်လုံးယူလာတယ် ကိုင်လာတဲ့ထမင်းချိုင့်ကို ကျွန်တော့်ဆီယူလာပီး
'ရော့ ငါ့ထမင်းချိုင့် မင်းစားလိုက်'
ကျွန်တော်စိတ်လေသွားတယ် အဲ့လိုမောက် မာနေတဲ့ကောင်နဲ့ဆက် မပြောချင်တာနဲ့ပဲ အခန်းနောက်ဘက်က တံမြက်စည်းယူပီး ပြန့်ကျဲနေတာတွေကို သိမ်းနေပြီး အဖက် မလုပ်ပဲနေလိုက်တယ်
'မင်း ငါပြောနေတာ မကြားဘူးလား ငါ့ထမင်းတွေစားလိုက် '
'ရတယ် မလိုဘူး'
'စားမှာဖြစ် စားလိုက်စမ်းပါ မင်းဟင်းထက်တော့ သာပါတယ်'
ကျွန်တော် တော်တော်လေးကို စိတ်တိုသွားတယ် သူကတော့ ဘာမှမဖြစ်သလိုနဲ့ သူ့ထမင်းချိုင့်ကို ဖွင့်ပြီး ကျွန်တော့်စားပွဲပေါ်တင်ပေးနေတယ်
'ကြည့်လိုက် ပုစွန်ဟင်း စားရခဲတယ်'
ကျွန်တော့်စိတ်ကို မထိန်းနိုင်တာနဲ့ ဖွင့်လျှက်သား ရှိနေတဲ့ သူ့ထမင်းချိုင့်ကို ယူပီး အမှိုက်ပုံးထဲကို သွန်ပစ်လိုက်တယ်
သူကနောက်ကနေ လိုက်လာပီး ကျွန်တော့်ရဲ့ အင်္ကျီကော်လံလှမ်းဆွဲပီး
'မင်းက ဘာလို့သွန်ပစ်တာလဲ ဘာလဲ ပုစွန်ဟင်းနဲ့ မစားတတ်လို့လား '
'လွှတ်စမ်း မင်းပြောတာ တော်တော်လွန်သွားပီး မင်းတွက် ငါ့ဟင်းတွေက တန်ဖိုးမဲ့နေပေမယ့် ငါတွက်တော့တန်ဖိုးရှိတယ် ဈေးကြီးမှတန်ဖိုးရှိတာလို့မင်းသတ်မှတ်တယ်ဆိုရင် မင်းရဲ့တန်ဖိုးကို မင်းကိုယ်တိုင်ပြလိုက်တာပဲ ပီးတော့ပြောပြလိုက်ဦးမယ် တန်းဖိုးဆိုတာ လူကပဲ သတ်မှတ်တာ မင်းကချမ်းသာတဲ့ မိသားစုကပေမယ့် ငါ့တွက်တော့ တန်ဖိုးမရှိဘူး'
အတန်းထဲမှာရှိနေတဲ့ လူတချို့က ဝိုင်းကြည့်နေကြတာပေါ့ ကျွန်တော်ပြောလိုက်တာ နည်းနည်းလွန်သွားလောက်တယ် ဒါပေမယ့် မတတ်နိုင်ဘူး သူ့ဘက်ကအရင်လွန်တာ ပြည့်စုံဟိန်းဆိုတဲ့ကောင်က ပြဿနာဖြစ်တဲ့ချိန်ဆို ဘယ်ရောက်နေမှန်းမသိပဲ ခုမှပြန်လာတယ် ကျွန်တော့်ကို ဒီတိုင်းပဲ စိုက်ကြည့်နေတဲ့ အဲ့ကောင်ကို ကျောခိုင်းပီး အခန်းထဲက ထွက်လာခဲ့လိုက်တယ် ငပြည့်ကတော့ကျွန်တော့်နောက်ကနေပြေးလိုက်လာပီး
'ရှင်းခန့် ဘာတွေဖြစ်ကုန်တာလဲ'
ဖြစ်သမျှကိုရှင်းပြလိုက်တော့ ငပြည့်က
'ဟုတ်တယ် ရှင်းခန့် မင်းပြောလိုက်တာ မမှားဘူး ဘာတွေများသာနေလို့ လာကြောတာလဲ ငါထင်သားပဲ အဲ့ကောင်က ပြဿနာကောင်ဆိုတာ'
'သာတာပေါ့ ငါထက်အများကြီးသာတာပေါ့'
ဒီနေ့ဖြစ်တဲ့ပြဿနာက တော်တော်လေး ပြန့်သွားတယ် အများစုက ကျွန်တော့်လိုကောင်က ဘာများတော်တတ်နေလို့ ဇွဲပြည့်ဝင်းနဲ့ ပြိုင်ဖြစ်ရတာလဲတဲ့ ဟုတ်ပါတယ် လောကကြီး နိယာမ သဘောတရားအရ အကုန်လုံးက မြေနိမ့်ရာ လှံစိုက်ချင်ကြတာပဲလေ
YOU ARE READING
Moon