ရှင်းခန့်ကိုကို
...........................
'ဟေ့ ရှင်းခန့် ဘာဖြစ်နေကြတာလဲ'
ငပြည့်အသံကြားမှ သူ့ကိုကြည့်နေမိဝာာကို သတိပြန်၀င်လာပီး မျက်နှာလွှဲလိုက် မိတယ် ဘာ အဓိပ္ပါယ်နဲ့ပြောနေမှန်းသေချာမသိပေမယ့် ငါနဲ့သူငယ်ချင်းဖြစ်ချင်လို့များလား တခြားလိုမျိုးတွေးရအောင်က ကျွန်တော်ကောသူရောက ယောင်္ကျားလေးတွေပဲလေ
'ဘာမှမဖြစ်ဘူး သွားမယ် ဘောလုံးသွားကန်ရအောင် ပြည့်စုံ'
'အေး ငါ့သူငယ်ချင်းတွေစောင့်နေပီ'
ကျွန်တော်ဘာပြောရမှန်းမသိတာနဲ့ ရှောင်ထွက်ခဲ့မိတယ် အဲ့ကောင်ကိုတွေ့ရင် စိတ်ထဲမှာ ရှိန်သလိုလိုနဲ့ ဘယ်လိုခံစားမိမှန်းမသိဘူး
ဘောလုံးကန်လိုက်တာနဲ့ ဘယ်အချိန်တွေတောင်ဖြစ်သွားမှန်းမသိလိုက်ဘူး နေရောင်တောင်ပျောက်ပီး မှောင်စပြုနေပီ ငပြည့်ကတော့ ဘောလုံးဆက်ကန်ချင်သေးတယ်တဲ့ ကျွန်တော်လည်းဆက်နေချင်သေးပေမယ့် အရမ်းပင်ပန်းသွားရင် စာမလုပ်နိုင်မှာကို စိတ်ပူမိတယ်
'ငါပြန်နှင့်တော့မယ် ငပြည့်'
'ငါလိုက်ပို့ပေးမယ်လေ ခဏစောင့်ဦး'
'ရတယ် ငါ့ဘာသာပြန်လိုက် မယ်'
'သတိထားပြန်ဦး မှောင်နေပီ'
'အေးပါ ငါ့ဘာသာဂရုစိုက်နိုင်တယ် သွားပီ'
ကျွန်တော် လမ်းလျှောက်ရင်းနဲ့အတွေးတွေ နယ်ချဲ့နေမိတယ် ဇွဲပြည့်၀င်းပြောတဲ့ စကားက ဘာပြောချင်တာလဲ ညနေ၇နာရီထိုးနေပီမို့ ကျွန်တော်တို့ကျောင်းနောက်လမ်းက အတော်လေးမှောင်နေပီ လမ်းမီးတိုင်တွေရှိပေမယ့် လူသွားလူလာ နည်းတယ် ကျွန်တော်တို့ဘောလုံးကန်တဲ့ မီတာလေးရာကွင်းဘေးမှာ ဘောလုံးကွင်းသေးသေးလေးရှိတယ် အဲ့ဒါကျော်ရင်တော့ လူနေအိမ်တွေရှိပီး အဲ့နားလေးမှာ ဇွန်ပန်ရဲ့အိမ်ရှိတယ် ဟုတ်သားပဲ ငပြည့်ပြောသလိုဆို ဇွန်ပန်လည်းဒီနေ့ကျောင်းမတက်ဘူးပဲ နေမကောင်းလို့များလား ြဖတ်သွားတုန်းအိမ်ထဲလှမ်းကြည့်မိတယ် မီးတွေလင်းနေပေမယ့် အတွင်းထဲသို့လှမ်းမမြင်ရ၍ ဇွန်ပန်ကိုလည်း မတွေ့မိဘူး
'ကိုကိုရှင်းခန့်ရေ ဇွန်ပန်ခဆိုတဲ့ ဒီကကောင်မလေးကိုလာကြည့်တာလား'
'မဟုတ်ပါဘူး ဘောလုံးလာကန်ရင်း နင့်အိမ်ကိုလှမ်းကြည့်မိတာ ကျောင်းမတက်ဘူးဆိုတော့ နေမကောင်းလို့များလားလို့ပါ'
'ပြည့်စုံက ဂျင်းထည့်လိုက်တာထင်တယ် ငါကကျောင်းတက်ပါတယ် မတက်တာနင်'
'ဟာ ငပြည့် လူလိမ်ကောင်'
'ငါကတော့ပြည့်စုံကို ကျေးဇူးတင်တယ်'
'ဘာလို့လဲ'
'ဒီတိုင်းပဲ' ဆိုပြီး ချစ်စရာကောင်းစွာ တခစ်ခစ်ရယ်နေလေရဲ့
YOU ARE READING
Moon