Next level of Cupid

3K 408 56
                                    

အိမ်ပြောင်းသွားပြီတဲ့...။
သူကြားခဲ့ရတဲ့ ဤစကားတွေ။အနည်းဆုံးတော့ သူ့ကိုနှုတ်ဆက်ခဲ့သင့်တာပေါ့ ။ပတ်ဂျီမင်းအတွက် သူကအဲ့လောက်တောင်အရေးမပါခဲ့ဘူးလား ။
ဂျီမင်းအဖေ၏ ရာထူးပြောင်းအရွေ့ကြောင့် ရုတ်တရတ် အိမ်ပြောင်းသွားရသည့်အကြောင်း နှင့်
ဂျီမင်းကို အပြစ်မတင်ဖို့  အမေကတော့ သူ့ကိုပြောရှာသည် ။ ဒါပေမယ့်လဲ သူဂျီမင်းကို နဲနဲစိတ်ဆိုးတယ်။

ဆက်သွယ်ဖို့လိပ်စာ ၊ ဖုန်းနံပါတ် ဘာဆိုဘာမှ မထားရစ် ၊ မချန်ထားခဲ့သည့် ဂျီမင်းက သူစိမ်းဆန်လွန်းလှသလို ။
ဂျီမင်းနှင့် ပက်သက်သည့် တစ်ခုတည်းသော  သတင်းဖြစ်သည့် ဆိုးလ်သို့ ပြောင်းသွားသည်ဟူသည့် သတင်းသဲ့သဲ့သာ ကျန်ရစ်၏။ တကယ်ပဲ မင်းက ငါ့ကို ဆိုးလ်တစ်မြို့လုံး လှန်ရှာစေချင်တာများလား ဂျီမင်းရယ်... ။

-

နှစ်ဦးသား အမှတ်တရတွေရှိသည့် ဘူဆန်အထက်ကျောင်းလေးသို့ သူရောက်တဲ့အခါ ကျောင်းတံခါးလေးကပိတ်၍ ထား၏။ ကျောင်းပိတ်ရက်တွေမို့ ကျောင်းဝန်းထဲ လူတစ်ဦးမှမရှိ ။ ငါရင်ဘတ်ထဲကလို မင်းမရှိတော့ အရာရာဟာ ခြောက်ကပ်ကပ်ရယ် ..။

ထိုမှတဖန် အတိတ်၏ အမှတ်တရခြေရာတွေပြန်ရှာဖွေရင်း ကျောင်းနှင့် မလှမ်းမကမ်းက ပေါင်မုန့်နှင့် ကိတ်ဆိုင်လေးကို ရောက်ခဲ့သည်။ ဆိုင်တံခါးဖွင့်ဖွင့်ခြင်း ထွက်ပေါ်လာတဲ့ ဆည်းလည်းသံလေးက မင်းနဲ့အတူရှိခဲ့တုန်းကလို မပြောင်းလဲပဲ နားထောင်ကောင်းတုန်း ။ မင်းကြိုက်တဲ့ ပေါင်မုန့်ကို ဝါသီအတိုင်း နှစ်ယောက်စာ မှာမိတော့ ငါ ရင်နာနာနဲ့ ကြိတ်ပြုံးရသေးတာ ။ ဆိုင်ရှင်အစ်ကိုရဲ့  "မင်းမပါဘူးလား ၊ မင်းဘယ်မှာလဲ " ဆိုတဲ့ အမေးက ငါ့ကိုဆွံ့အသွားစေခဲ့တယ် ။  ခေါင်းသာ ခါမိရင်း တိတ်တဆိတ်နဲ့ နှစ်ဦးသားထိုင်နေကျ ခုံလေးမှာပဲ နေရာယူမိပြန်တယ် ။ မင်းဘယ်မှာလဲ ဆိုတဲ့အမေးရဲ့ အဖြေကို အခြားလူတွေထက် ငါက ပိုသိချင်သူပါ ဂျီမင်း...။

တရားဝင်ပိုင်ဆိုင်ခွင့်မရခဲ့တဲ့ နှလုံးသားလေးမို့ လွမ်းနာကျ ဝေဒနာကို ထုတ်ပြဖို့ရာ ငါ့မှာလဲ တက်စွမ်းမသာခဲ့ပြန်ဘူး ။ ဒီတိုင်းပဲ တိတ်တဆိတ် လွမ်းရင်း ၊ တိတ်တဆိတ် နာကျင်ရတယ် ။ ငါ့ဒုက္ခက မသေးဘူးပဲ။ ကိုယ် ကိုယ်တိုင်ကပဲ လက်သပ်မွေးထားတဲ့ ဒုက္ခမို့ ဘယ်သူမှလဲ အပြစ်ဆိုမရ ။ တကယ့်ကို ဂွကျကျ အခြေအနေပါပဲ ။

My crush think that He's my cupidWhere stories live. Discover now