Toxic Summer [Uni]

1.2K 73 4
                                    


မနက်မိုးလင်းစ ရောင်နီဖျော့ဖျော့လေးတွေ
ထွက်လာချိန်မှာ ပတ်ဝန်းကျင်တစ်ခုလုံးမှာ
ပြန့်လွင့်လာတဲ့ ပုလွေသံ ခပ်ဆွေးဆွေးလေးနဲ့အတူ ကျောက်ဆောင်တစ်ခုမှာ ထိုင်ပြီး ပုလွေမှုတ်နေတဲ့ ကောင်လေးတစ်ယောက်လည်း ရှိနေခဲ့သည်။

ဟေမန်နှောင်းလို့ နွေဦးလေးကူးခဲ့ပြီ၊

ဆောင်းရဲ့ သင်္ကေတဖြစ်တဲ့ နှင်းပွင့်လေး
တွေကလည်း ခပ်နွေးနွေး နေရောင်လေးကြောင့် ရုပ်လုံးပျောက်လို့ တစ်စက်စက်နဲ့ အရည်ပျော္ကုန်ကြပြီ၊

ပိတောက်ဖူးလေးတွေ အစီအရီထွက်လာတော့ ဥသြရဲ့ ခပ်ဆွေးဆွေး တမ်းတသံတွေကလည်း တောတောင်ကြား ပြန့်လွင့်လာလေသည်။

နွေလေးက နွေးထွေးစေတယ်လို့ လူတွေပြောကြတယ် ဒါပေမဲ့ နွေကပဲ လွမ်းဆွတ်တမ်းတနေစေပြန်တယ်။

ခင်များလေးတို့ကော နွေရဲ့ အချိုပွဲကို သုံးဆောင်တတ်သူလား?
မဟုတ်ရင် နွေရဲ့ အဆိပ်ကို ယစ္မူးတတ်သူလား?။

"သခင်လေး!! သခင်လေး!!!"

ကောင်လေးတစ်ယောက်တော့ သူ အတွေးတွေ ဖြန့်ကျက်လို့ တောင်တန်းလေးရဲ့အလှနဲ့ လေပြေညင်းတို့ရဲ့ အရသာကိုခံစားနေတုန်း ကြားရတဲ့ ခေါ်သံကြောင့်သူ့ရဲ့ မျက်ခုံးတန်းလေးက ရုတ်ချည်းဆိုသလို တွန့်သွားလေသည်။

"ဘာကိစ္စရှိတာလည်း ပြာတိပြာယာနဲ့ "

ကျောပေးအနေအထားနဲ့ သူကိုတောင်
လှည့်မကြည့်ပဲ
အလိုမကျစွာ ထွက်ပေါ်လာတဲ့ သခင်ရဲ့
အသံကြောင့် ကောင်လေးခင်မျာ
ခေါင်းလေးငုံ့သွားလေသည်။

"ဟို သခင်ကြီးက လာခေါ်ခိုင်းလို့ဗျ"

ကောင်လေးစကားဆုံးတော့ သခင်လေးဟာသူ့ရဲ့ ဗူးသီးပုလွေလေးကို ကိုင်ပြီး ကောင်လေးဖက်ကို မျက်နှာမူလာလေသည်။

ကြယ်ပွင့်တွေလို တောက်ပတဲ့ မျက်ဝန်းတစ်စုံ၊ ဖြောင့်တန်းနေတဲ့ နှာတံစင်းစင်းလေး၊ ယောက်ျားသားပီသတဲ့ မျက်နှာပိုင်ရှင် သခင်လေးဟာ နှုတ်ခမ်းပါးအောက်မှာရှိတဲ့
မှဲ့နက်ကလေးကတောင် သူ့ရဲ့ ချောမောမှုကို ပိုမိုတောက်ပစေတဲ့ လူငယ်ခန့်ချောလေးဖြစ်သည်။

Toxic SummerWhere stories live. Discover now