ဒုန်း...
"စိတ်ရှုပ်ဖို့ကောင်းလိုက်တာကွာ"
Jisoo ကို မလုပ်ရလို့ အပြစ်မရှိတဲ့
သတ်မဲ့ အရာတွေကို jennie ဖျက်ဆီးနေမိတယ်
Jisoo ငိုနေရင်း အပြင်က အကုန်ကြားနေရတယ်
ဒါပေမယ့် မသွားနိုင်ခဲ့ဘူး...
ခဏကြာတော့ jennie အပြင်ထွက်သွားတယ်
သူ့ကိုတောင် မကြည့်ပဲနဲ့ပေါ့
" ကျေးဇူးပြုပြီး မျက်ရည်တွေ ဆက်မကျပါနဲ့တော့ Jisoo...နင်ငိုလို့
အရာရာ အဆင်ပြေသွားမှာမှမဟုတ်တာ"Jisoo ကိုယ့်ကိုယ်ကို စိတ်တည်ငြိမ်အောင်လုပ်ဖို့ အချိန်ခဏယူလိုက်ရတယ်...
" ခံစားချက်ကြောင့် မျက်ရည်ကျရတာ မရှက်ဘူးလား...ငါဒီအိမ်မှာ အလုပ်လုပ်ဖို့နဲ့ သူ့စကားနားထောင်ဖို့ပဲ
ငါ...ငါ့အလုပ်ငါလုပ်ရမယ်
ဒီ အသုံးမကျတဲ့မျက်ရည်တွေကျနေလဲ အပိုပဲ jisoo နင့်အလုပ်လုပ်နင်လုပ်"Jisoo ကိုယ့်ကိုယ်ကို ပြန်အားမွေးပြီး
Jennie ဖွခဲ့တာတွေ ပြန်ရှင်းရင် တစ်ညနေ ကုန်....
At 11:45 PM
အခုချိန်ထိ ပြန်မလာသေးတာကြောင့်
Jisoo စိတ်ပူလာတယ်
Jisoo အတွက် jennie မရှိလေ ပိုကောင်းလေ ဆိုတာကိုသိပေမယ့်
ဘာကြောင့်မှန်းမသိ စိတ်ပူနေမိတယ် ...
Jisoo မအိပ်ပဲ ထိုင်စောင့်နေတာ
2 နာရီကျော် နေပြီ
Jisoo အိပ်ဖို့နေနေသာသာ ထိုင်မရ ထ မရ
ကနာမငြိမ်ဖြစ်နေသည်
" ငါ့ကြောင့်လား...ဒါမှန်းသိရင်
ငါ ပြဿနာမဖြစ်အောင် နေလိုက်ပါတယ်...ငါတော်တော်..."Jisoo သူ့ကိုယ်သူ အပြစ်တင်နေမိတယ်
Jennie ကြောင့် သူ့ကိုယ်သူ ဘာလို့ အပြစ်တင်နေမိမှန်း သူ မသိပါ
ခဏနေတော့ ခြံဝန်းထဲ ကားရောက်လာတဲ့ အသံ ကြားလိုက်တာနဲ့
Jisoo ကားရှိရာဆီ ပြေးသွားမိတယ်
YOU ARE READING
About
Fanfiction"မချစ်လို့ငြင်းခဲ့ရုံလေးပါ အဲ့လောက်ထိ ရက်စက်ဖို့လိုလို့လား" "မချစ်လို့ငြင်းခဲ့ရုံလေးပါ အဲ့လောက်ထိ ရက်စက်ဖို့လိုလို့လား"