"BI ကို ပိုက်ဆံပေးပြီးပြီလား chae"
"ပေးလိုက်ပြီ နင်အဆင်ပြေရဲ့လား"
BI က jennie နဲ့လက်ထပ်မှာ မဟုတ်သလို ရည်းစားလဲ မဟုတ်ခဲ့ဘူး
ဒီတိုင်း jisoo ကိုခံစားစေချင်လို့ ပိုက်ဆံနဲ့ ငှားထားတဲ့ လူတစ်ယောက်ထက်မပို
"Jen နင် jisoo ကို နည်းနည်းလေး..."
"တော်တော့ သူ့အကြောင်းမပြောပါနဲ့
ငါမကြားချင်ဘူး...ပြီးတော့
ဒီနေ့ nayeon လေးဆုံးတာ 7 နှစ်ရှိပြီ
အဲ့ဒါကြောင့်ငါ သူ့အကြောင်းပိုလို့ မပြောချင်ဘူး...
ခဏနေ jeongyeon လာလိမ့်မယ်""အေးပါ နင်အဆင်ပြေရင်ပြီးတာပါပဲ"
"ငါ အဆင်ပြေပါတယ်...ဘာတွေစိတ်ပူနေတာလဲ သူ့အတွက်နဲ့ ငါဘာမှ ဖြစ်စရာမရှိဘူး"
Jennie အဆင်ပြေတယ်ပြောနေပေမယ့်
Jennie အဆင်မပြေတာကို chae သိတယ်
Jennie အချိန်တိုင်းလိုလိုစိတ်နဲ့လူနဲ့ မကပ်
တစ်ခုခုကို အကြာကြီးတွေးနေတက်တယ်
တစ်နေရာရာကိုအကြာကြီးစိုက်ကြည့်နေတက်တယ်
"နင်သိလား jen...ငါ့ရင်ထဲဟာတာတာဖြစ်နေတယ် lisa ထွက်သွားကတည်းက"
"Ah...ဟုတ်သား နင်သူ့ကိုတွေ့အောင်ရှာမယ်ဆို..."
Chae jennie ပြောတာကို လစ်လျူရှုပြီး
"နင့်ရင်ထဲမှာရော ဟာတာတာမဖြစ်နေဘူးလား jen...နင် နေနိုင်ရဲ့လား"
Jennie ခဏလေး ငြိမ်သွားတယ် တကယ် ခဏလေးပါပဲ
"Chae နင်ငါ့ကိုဘာဖြစ်စေချင်နေတာလဲ...ကျေးဇူးပြုပြီး သူ့အကြောင်းမပြောပါနဲ့ဟာ ငါတောင်းပန်ပါတယ် "
Jennie မျက်ရည်တွေဝဲလာတယ်
Jennie သူ့မျက်ရည်တွေကိုချုပ်ထိန်းထားပြန်တယ်
"Unnie..."
အနောက်ကနေ ခေါ်သံကြားတော့
Jennie ရော chae ရော ကြည့်လိုက်မိတယ်
"Jeongyeon...humm Dahyun လဲပါလာတာပဲ"
"Hee hi unnie jen..."
"ဘယ်တုန်းက America က ပြန်ရောက်တာလဲ"
YOU ARE READING
About
Fanfiction"မချစ်လို့ငြင်းခဲ့ရုံလေးပါ အဲ့လောက်ထိ ရက်စက်ဖို့လိုလို့လား" "မချစ်လို့ငြင်းခဲ့ရုံလေးပါ အဲ့လောက်ထိ ရက်စက်ဖို့လိုလို့လား"