မှောင်မိုက်တဲ့တောအုပ်ရဲ့အလယ်မှာ အေးမြတဲ့ဆောင်းရာသီရဲ့အအေးဓာတ်ကိုခံနိုင်ရည်ရှိဖို့အတွက် အလတ်စား ထင်းမီးပုံတစ်ခုကိုထွန်းထားတယ်။ မီးပုံရဲ့ ပတ်ပတ်လည်မှာတော့ ထင်းရှူးသစ်လုံးတွေကိုပတ်ချာလည်ဝိုင်းထားပြီး နေရာအတည်တကျ ပြင်ဆင်ထားတာပေါ့။ ညလယ်ရဲ့မှောင်မိုက်မှု၊ လူသူအရောက်နည်းတဲ့တောအုပ်အလယ်၊ ဒါတွေကိုအံတုပြီး ထွက်ပေါ်လာတဲ့ရယ်မောသံတွေ
"သားရေ၊အမေ့ကို ဒီပန်းကန်လေး ဟိုပေါ်သွားတင်ပေးပါလား" ဆိုတဲ့ အသံနဲ့အတူ ကမ်းပေးလာတဲ့ ပန်းကန်။ အသက်၁၀နှစ်ဆိုတဲ့ အရွယ်နဲ့လိုက်အောင် ဆော့နေကြတဲ့ကောင်လေး နှစ်ယောက်ထဲက တစ်ယောက်က သူ့အမေရဲ့အသံကြားတာနဲ့ ချက်ချင်းကို ဆော့နေရင်းကနေ အပြေးလေး သူ့အမေရှိရာကိုသွားပြီး "သားကိုပေး မေမေ"။ သေးငယ်လှတဲ့ လက်ကလေးနှစ်ဖက်နဲ့ ကမ်းပေးနေတဲ့ပန်းကန်လေးကို လှမ်းယူလိုက်တယ်။ ကျေနပ်သွားပုံရှိတဲ့ သူ့အမေကပြုံးလိုက်တယ်။
"ခင်ဗျားသားက လိမ္မာလိုက်တာဗျာ" ဆိုတဲ့ချီးကျူးသံက ကလေးရဲ့အဖေဖြစ်သူကို ဂုဏ်ယူပြုံး ပြုံးစေပြန်တယ်။ "ကျွန်တော့သားက အရွယ်နဲ့မလိုက်အောင် သွက်တာဗျ။ငယ်ငယ်ကတည်းကပဲ" သူ့သားကို ချီးမွမ်းပြီးပြောနေပြန်တယ်။
မီးပုံဘေးက ခုံမှာ အမေပေးတဲ့ပန်းကန်လေး သွားတင်ဖို့ ရောက်လာတဲ့ ကလေးလေးက ဘေးက သူ့အဖေနဲ့ သူ့သူငယ်ချင်းရဲ့အဖေတို့ ပြောနေတဲ့စကားတွေကိုကြားလည်းကြားရော ဖြူဖြူဖွေးဖွေး သွားလေးတွေအကုန်ပေါ်အောင် ပြုံးပြတော့တယ်။ရယ်ကျဲကျဲ ရှက်ပြုံးလေးပေါ့။
"Yeonjunahh!ပြန်လာခဲ့လေ ဆော့မယ်!" သူငယ်ချင်းရဲ့ခေါ်သံကြားတော့ အမြန်ပြန်ပြေးသွားခဲ့တယ်။
သူငယ်ချင်းဆီလည်းပြန်ရောက်ရော-
"ဒီတခါဘာဆော့ကြမလဲ"ရောက်ရောက်ချင်းပဲ သူ့သူငယ်ချင်းလေးSoobinကိုမေးလိုက်တယ်။"မသိဘူးလေ။စိန်ပြေးလိုက်တမ်းတော့မဆော့တော့ဘူးနော် ငါမောတယ်"
Yeonjunကအသက်အရွယ်နဲ့မလိုက်အောင် အရမ်းသွက်လက်ပြီး အဆော့သန်ပေမယ့် Soobinလေးကတော့ နည်းနည်းအားနည်းတဲ့ပုံစံကလေး။ ပုံမှန်ကလေးတွေလောက်တော့ဆော့နိုင်ပေမဲ့ ကြာရင်တော့ နည်းနည်းမောတတ်တယ်။
![](https://img.wattpad.com/cover/231179037-288-k933614.jpg)
YOU ARE READING
Sad Satan ||YeonGyu/BeomJun||
Fanfiction-မတူညီတဲ့ စွမ်းအား -ခါးသီးလှတဲ့ ကံတရား ဒီအရာနှစ်ခုက သူတို့ရဲ့ချစ်ခြင်းမေတ္တာတွေကြားမှာဘယ်လိုပါဝင်သွားမလဲ "~They see demon,I see angel~" - In my head(Ariana Grande) 🗣️ဒီficလေးက သဘာဝလွန်သဘောတရားလေးပါ ပါဝင်သောအကြောင်းအရာများက authorရဲ့စိတ်ကူးယဉ်သက်သက်...