4.

321 34 7
                                        

သီချင်းသံတိုးတိုးပျံ့လွင့်နေတဲ့ လက်ထဲကဖုန်းကိုငုံ့ကြည့်နေရင်း အခြားလက်တစ်ဖက်ထဲမှာက သောက်လက်စ colaတစ်ဘူး။

ဖုန်းထဲကို အရမ်းအာရုံရောက်နေတာမို့ Yeonjunတစ်ယောက် သူ့ကိုဘေးကလူ ကြည့်နေတာကိုတောင်သတိမထားမိဘူး။

သုံးနေတဲ့ဖုန်းကိုပိတ်လိုက်ပြီး လောကကြီးကိုအာရုံပြန်စိုက်တော့မှ ဝိုင်းစက်နေတဲ့မျက်ဝန်းတစ်စုံနဲ့ကြည့်နေတဲ့ သူ့ဘေးကကျောင်းသားကိုတွေ့သွားတယ်။

Beomgyuကလည်း သူကြည့်နေတာမိသွားတာမို့ ရှက်ကိုးရှက်ကန်းနဲ့ ပြန်အလှည့်-
"စိတ်မရှိရင် မေးခွန်းတစ်ချို့လောက်မေးလို့ရမလား"
အမှန်အတိုင်းပြောရရင် ဒီလိုစကားမျိုးကြားရဖို့ သူမျှော်လင့်ထားသလောက်ပါပဲ။
မေးခွန်းမေးဖို့ခွင့်ပြုလိုက်တဲ့အနေနဲ့ သူအောက်ကိုငုံ့‌နေရင်းကနေ ခေါင်းညိတ်ပြလိုက်တယ်။

"စာသင်ချိန်တုန်းက ဖြစ်သွားတဲ့ကိစ္စအကြောင်း...မင်းအတွက် အဆင်ပြေမယ်ဆိုရင် ပြောပြပေးပါလား" colaတငုံသောက်လိုက်ရင်း သူBeomgyuကိုမေးလိုက်တယ်။

"ဘာမှထွေထွေထူးထူးမဟုတ်ပါဘူး။ကျွန်‌ေတာ်စာခိုးချတယ်။ဆရာမကဆူတယ်။ဒါပါပဲ" အတတ်နိုင်ဆုံး စိတ်ကိုအတည်ငြိမ်ဆုံးထားပြီးသူဖြေလိုက်တယ်။

"ငါမေးတာက Youngminနဲ့ကိစ္စ၊ သူမင်းကိုအနိုင်ကျင့်လိုက်တယ်ဆိုတာ သိသာနေတာကို ဘာလို့အကုန်လုံးက ဒီအတိုင်း လျစ်လျူရှုကြတာလဲ ဆိုတာ" အားမရတဲ့အတွက်ကြောင့် သူလေသံကိုမြှင့်ပြောလိုက်သည်။

"တကယ်မသိတာလား။ ကျွန်တော့်လိုလူတစ်ယောက်အတွက်တော့ ဒါဟာထိုက်သင့်တဲ့ ဆက်ဆံမှုပဲ။"သက်ပျင်းတစ်ချက်ချလိုက်ရင်း။
"ဘယ်လို"
Yeonjunတကယ်မသိဘူးဆိုတာကို Beomgyuသိလိုက်ရတယ်။
"သိချင်ရင် ရှင်းပြပါ့မယ်။ ဒါပေမဲ့ သေချာတာတခုကတော့ ဒီအကြောင်းအရင်းကိုသိပြီးရင် ကျွန်တော်တို့ ဘယ်တော့မှ စကားပြောဖြစ်တော့မှာမဟုတ်ဘူးဆိုတာပဲ။"
နားမလည်နိုင်တဲ့မျက်လုံးတွေနဲ့ကြည့်နေတဲ့ Yeonjunကို ဘာမှမပြောစေပဲ သူရှင်းပြတော့တယ်။

"ကျွန်တော် အသက်9နှစ်တုန်းက-"

Neuvillaရဲ့ ဘုရင်မ နဲ့ သူ့ရှေ့တော်မှောက်မှာ ဒူးထောက်နေတဲ့ စစ်သူကြီးတစ်ယောက်။

You've reached the end of published parts.

⏰ Last updated: Jan 06, 2021 ⏰

Add this story to your Library to get notified about new parts!

Sad Satan ||YeonGyu/BeomJun||Where stories live. Discover now