2.

296 44 1
                                        

Soobinရဲ့မျက်နှာသေးသေးလေးရဲ့ဘေးမှာ မျက်လုံးနီနီနဲ့ အရာကြီးတစ်ခု။
သေးငယ်တဲ့Soobinလေးရဲ့ခန္တာကိုယ်ကို ပွေ့ပြီးခေါ်ဆောင်သွားတယ်။

မြန်ဆန်လွန်းလှတဲ့အဖြစ်အပျက်

ကြီးမားတဲ့တုတ်ကြီးနဲ့သူ့ခေါင်းကိုရိုက်လိုက်သလိုခံစားချက်ကြီးက သူနောက်ဆုံးမှတ်မိတဲ့အရာပါပဲ။

----------
‌ဒီနေ့ကတော့ Yeonjunအတွက်ထူးခြားတဲ့နေ့

နောကိဆုံးတော့ သူ့ကိုလက်ခံနိုင်မယ့်နေရာ၊သူ့မိသားစုအတွက် လုံခြုံမယ့်နေရာ၊ သူ့မိသားစုကို လူအများက 'သာမန်လူတွေ'လို့ ဆက်ဆံပေးနိုင်မယ့်နေရာ မှာအခြေချရတော့မယ်။

သူသိပ်ပျော်နေတယ်။ဒါပေမဲ့ တချိန်တည်းမှာပဲ မျက်ရည်စများက သူ့ရဲ့မျက်ဝန်းဝမှာနေရာယူလျက်။

"သား ကျောင်းရောက်တော့မယ်။ ဆင်းဖို့အဆင်သင့်ပြင်ထားတော့" ကားရှေ့ခန်းမှာ ထိုင်နေတဲ့ သူ့‌အမေရဲ့စကားသံကို ကြားပေမဲ့ ကားပြတင်ပေါက်အပြင်ဘက်ကို ငေးမြဲငေးနေဆဲ။

ကားမောင်းနေတဲ့အဖေဖြစ်သူကလည်း ကားနောက်ကြည့်မှန်ကနေတဆင့် သားဖြစ်သူYeonjunကို လှမ်းကြည့်လိုက်တယ်။ငယ်စဉ်ကနဲ့ မတူ လုံးဝကွဲပြားသွားတဲ့ သားဖြစ်သူကြုံတွေ့ခဲ့ရတဲ့ အဖြစ်အပျက်တွေကို သူပါပြန်မြင်ယောင်လာတယ်။

ရေခဲတုံးအလားအေးစက်နေတဲ့ သားဖြစ်သူရဲ့ အပြုအမူတွေ၊စိတ်တွေ ကို ပြန်နွေးထွေးစေဖို့ဆိုရင် သူဘာပဲလုပ်ရလုပ်ရ လုပ်မိမှာပါ။
အဲ့တာကြောင့်လည်းပဲ သူတို့မိသားစု မနေ့ကပဲ ဒီနေရာအသစ်ကို ပြောင်းခဲ့ကြတယ်လေ။

"Neuvilla"ဆိုတဲ့မြို့။ သူတို့အရင်နေခဲ့တဲ့နေရာနဲ့ အတော်လေးလှမ်းတဲ့မြို့လေး။ မြို့လေးလို့ဆိုရလောက်အောင်လည်း လူသူ‌အနေနည်းတဲ့မြို့။ မြို့လေးက စုစုစည်းစည်းလေး ဖြစ်ပြီး အိမ်နီးချင်းတွေကလည်းသဘောကောင်းမယ့်ပုံ။

ပြောင်းလာခဲ့ရတဲ့အကြောင်းက-

"Mr.Choi,ခင်ဗျားကိုကျွန်တော်တို့ ခေါ်လိုက်ရတာက အခြားတော့မဟုတ်ပါဘူး။ ခင်ဗျားလည်း ကြားမိမှာပါ။ကျွန်တော်တို့ကျောင်းက ကလေးတွေနဲ့ ခင်ဗျားသားနဲ့ အဆင်မပြေတွေဖြစ်ကြတာကို။ ဒါကလည်းတော်တော်ကြာပါပြီ။ အစကတော့ ကျွန်တော်တို့ ဒီလိုတွေစဖြစ်လာကတည်းက ပြောမလို့ပါပဲ။ ကလေးကငယ်သေးတော့ ကျွန်တော်တို့ကလည်း ကျောင်းမထုတ်ချင်သေးတာနဲ့-"

Sad Satan ||YeonGyu/BeomJun||Where stories live. Discover now