3.

228 39 6
                                        

"မင်း အဆင်ပြေရဲ့လား"
တစ်ကိုယ်လုံးတုန်ရီနေတဲ့ ကောင်လေး အဆင်မပြေဘူးဆိုတာ သူသေချာသိပေမဲ့ သူမေးမိလိုက်တယ်။

"..."
"ကျေးဇူးပါ" အသံကိုအတတ်နိုင်ဆုံးထိန်းပြီး သူYeonjunကိုကျေးဇူးတင်လိုက်တယ်။
"ကျွန်တော်...အဆင်ပြေပါတယ်"

"ပြီးတာပဲ။"စကားကို ပြတ်ပြတ်ပဲပြောပြီး သူ့လွယ်အိတ်ကို ပစ်ချခဲ့တဲ့နေရာကိုပြန်သွားခဲ့တယ်။ သူအံ့ဩမိတာက ကားတစ်စီးလုံး အရှိန်နဲ့မောင်းပြီး အဲ့ကောင်လေးဆီကို ဦးတည်နေတာကို ဘာလို့တခြားသူတွေက နည်းနည်းလေးတောင် သတိမပေးကြရတာလဲ။
"ဒီမှာအသားကျဖို့ ငါကြိုးစားရအုံးမှာပဲ"လို့ သူတွေးရင်း ကျောင်းတော်ကြီးရဲ့ဝင်ပေါက်ဆီကို သူဆက်လျှောက်သွားတယ်။

--------

စာသင်ခန်းအတွင်း တိတ်ဆိတ်ငြိမ်သက်လွန်းတာကြောင့် ဆရာမရဲ့စာသင်ပြသံကိုသာကြားနေရတယ်။ တိတ်ဆိတ်နေတဲ့အခြေအနေကို ပြင်းထန်တဲ့ တံခါးဖွင့်သံက ဖြိုခွင်းလိုက်တဲ့အခါ-

"ကျောင်းသား Youngmin! စာသင်ချိန်နောက်ကျတဲ့အပြင် အခုတော့ စာသင်တာကိုပါ နှောင့်ယှက်နေပြီပေါ့" ဆရာမက ရေးနေတဲ့ ဘောပင်နဲ့ စားပွဲခုံကိုပြင်းထန်စွာခေါက်လိုက်ပြီး စာသင်ခန်းအခန်းတံခါးဝဆီကို ဦးတည်ပြီးပြောလိုက်တယ်။

အခန်းတံခါးဝမှာကတော့ ကျောင်းသားနှစ်ယောက်။ ဆရာမဦးတည်ပြောနေတဲ့ ကျောင်းသားYoungmin က နောက်ကျောင်းသားတစ်ယောက်ရဲ့ အင်္ကျီကော်လံကို ဆွဲထားပြီး ထိုကျောင်းသားရဲ့မျက်နှာမှာတော့ သွေးစများတစိုးတစနဲ့ ဒဏ်ရာတွေ။

"အမြန်အခန်းထဲဝင်ပြီး နေရာမှာသွားထိုင်ကြ" မမျှော်လင့်ထားတဲ့ဆရာမဆီက အမိန့်သံ။

အဲ့ဒီ့စာသင်ခန်းထဲက တနေရာမှာ ထိုင်နေတဲ့ ကျောင်းသားသစ်Yeonjunအတွက်တော့ တကယ့်ကိုမမျှော်လင့်ထားတဲ့ဆရာမဆီက စကား။
သူထင်ထားက အဲ့ဒီ့Youngminဆိုတဲ့ ကျောင်းသားကိုဆရာမက အပြစ်ပေးမယ်ပေါ့။ တက်တက်စင်အောင် လွဲခဲ့တယ်။

ဘာမှမဖြစ်ခဲ့သလိုပဲ စာသင်ခန်းတစ်ခန်းလုံးကလည်း ဆရာမရဲ့အေးဆေးနိုင်လွန်းတဲ့စာသင်ကြားမှုမှာ ပြန်လည်စီးမျောနေကြပီ။ Yeonjunကတော့ အံ့ဩမှုများနဲ့။ သူမသိသေးတာတွေကြောင့်ပေါ့။

Sad Satan ||YeonGyu/BeomJun||Where stories live. Discover now