Chapter ( 30 )

1.4K 103 0
                                    

Zawgyi

မနေ့ကညက မိုးအရမ်းချုပ်သွားတာမို့ မေမေ့ပြောစကားနားထောင်ပြီး ထွက်ရှာဖို့စိတ်ကူးကိုလက်လျော့လိုက်ရသည်။
တစ်ညလုံးလဲ ကောင်းကောင်းအိပ်မပျော်ပဲနဲ့ စိတ်တွေအကုန်လုံးက ညီ့ဆီကိုပဲရောက်နေရတော့တာ ...
ညီက ဘယ်မှာလဲ ဘာတွေလုပ်နေလဲ ဘာတွေများဖြစ်နေလဲဆိုပြီး မေးခွန်းတွေကလည်း စုပြုံပြီးခေါင်းထဲတိုးလာနေတော့သည် ။
ညီက ဘယ်မှာ ဘာတွေဖြစ်နေမယ်မှန်း မသိရတဲ့အခါ
ကျွန်တော်က ဘယ်လိုမျိုး စိတ်အေးလက်အေးနဲ့ အိပ်ပျော်နေနိုင်တော့မှာလဲ
မေးခွန်းတွေများသလောက် အဖြေမထွက်တဲ့အခါ စိတ်တွေက အလိုမကျတော့ပဲနဲ့ မျက်ရည်တွေပဲ တွင်တွင်ကျလာတော့သည် ။
ညီ့ကိုချစ်ခွင့်ရတာကိုပျော်ခဲ့ရသလောက်
ညီအနားကနေပျောက်ဆုံးသွားတဲ့အခါမှာ အဆမတန်အောင်ပြန်ခံစားရသည်။
ကျွန်တော်က ညီ့ကို ဘယ်သူမှမသိလိုက်ချိန်မှာပဲ သံယောဇဉ်တွေ ဒီလောက်တောင်ကြီးမားနေခဲ့တာကို
ညီနဲ့ဝေးမှ ကိုယ့်ကိုကိုယ်သိရတော့သည် ။
ဒီစိတ်နဲ့ပဲ ရူးရလိမ့်တော့မည် ထင် ...

" သားငယ်ရေ ... "

တယောက်ထဲ လွန်နေသမျှ အတွေးတွေက မေမေ့ခေါ်သံကြားမှပဲ ရောက်လေရာအရပ်ကနေပြန်လှည့်လာကျတော့သည်။

" ဗျာ မေမေ ဘာခိုင်းစရာရှိလို့လဲ ! "

" ခိုင်းစရာရှိလို့မဟုတ်ပါဘူးကွယ်
အောက်မှာ အငယ်လေး သူငယ်ချင်း ရောက်နေတယ် လို့ မေမေကလာပြောတာ "

" ဟုတ်လား မေမေ ဘယ်သူတဲ့လဲ ? "

" နံ့သာချိုတဲ့ ~ "

" ဪ အဲ့တာ ညီ့အိမ်နီးချင်းလေ မေမေ
ငယ်သူငယ်ချင်း ... သားဆင်းပြီးစကားပြောလိုက်ဦးမယ်
ပြီးရင် ညီ့ကို သားထွက်ရှာမှာ မေမေထမင်းစားနှင့်လိုက်နော် သားကိုမစောင့်နဲ့ "

" ကောင်းပါပြီကွယ်
ကားကိုဂရုစိုက်မောင်းနော် သားငယ်
မေမေလဲ ခု ပုတီးစိပ် မေတ္တာပို့နေမှာ
စိတ်ချလက်ချသာသွား မိုးတော့မချုပ်စေနဲ့နော် "

" ဟုတ်ကဲ့မေမေ "

စကားနားထောင်တတ်လွန်းတဲ့ ကျွန်မသားလေးက
မျက်စိရှေ့မှာ အရိပ်တကြည့်ကြည့်နဲ့ ကြည့်နေခဲ့ရလို့ ကလေးလေးလို့ပဲ မြင်နေခဲ့မိသမျှက သူချစ်ရတဲ့သူရှိလာတဲ့အခါမှာလဲ သံယောဇဉ်တွေပိုလွန်းတတ်ခဲ့သည် ။
အငယ်လေးကို သူဘယ်လောက်တောင်ချစ်သလဲဆိုတာကိုလဲ အတိုင်းသားမြင်ရသည် ။ အချစ်နဲ့ပတ်သတ်လာတော့ ကလေးဆန်ဆန်မျက်ရည်ကျဖို့ထက် ဘာကိုဘယ်လိုလုပ်ရမလဲ ဘယ်လိုလုပ်သင့်သလဲဆိုတာကို ခေါင်းအေးအေးနဲ့ဆုံးဖြတ်နိုင်လောက်အောင်ထိ ရင့်ကျက်နေခဲ့တာကို ကျွန်မမှာ တဖြေးဖြေးနဲ့သဘောပေါက်လာရသည် ။
ကျွန်မကလေးငယ်ပျော်ဖို့အတွက်ဆို ရင်ခွဲပြီး အသည်းနှလုံးထုတ်ပေးပါဆိုရင်တောင် တွေဝေနေမိမှာမဟုတ်သလိုမျိုး သူချစ်တဲ့သူအပေါ်မှာလဲ အရာရာကိုစွန့်လွှတ်ပြီး မြတ်နိုးစိတ်လေးရှိတတ်တာကိုကျွန်မလွန်စွာပင် သဘောကျနေမိသည် ။ ကျွန်မမှာ မရှိခဲ့သမျှ သတ္တိတွေက သားငယ်လေးဆီမှာ အကုန်ကိန်းအောင်းနေတော့တာ ...

ခင္ဗ်ား ( Z + U ) ခင်ဗျား  Where stories live. Discover now