Chapter ( 21 )

1.8K 128 5
                                    

Zawgyi

" အရီးမြရေ အရီးရေ "

တဲရှေ့ကနေ မိုင်ကုန်အော်နေတဲ့ အသံတွေကြောင့် မထချင်ထချင်နဲ့ထလာရသည် ။
ခုမှ စိတ်အေးလက်အေးနဲ့ အိပ်ရမယ်ထင်နေတာ
ဘယ်က မိန်းကလေးတွေလဲ မသိ စောစောစီးစီးခြံရှေ့မှာ အော်ကြီးဟစ်ကျယ်လုပ်နေတာ ။
တညလုံးခြင်တွေဆော်ထားလို့ လူက တရေးမှကောင်းကောင်း အိပ်ရသေးတာမဟုတ်တဲ့ ကြားထဲ ကြမ်းကပါမာတော့ ကျောတွေအောင့်ပြီးနာနေသေးသည် ။
အရီးတို့နဲ့မနေ့ကတောထဲက လိုက်လာပြီးရွာထဲပါလာထဲက တရွာလုံး ကလေးတောင်မချန် ကွက်ကြည့် ကွက်ကြည့် လုပ်နေတော့ ကျွန်တော်တို့မှာ နေရခက် ထိုင်ရခက် ။
အရီးတို့တဲလေးက အကြီးကြီးမဟုတ်ပေမယ့်
လူလေးယောက်စာအတွက်တော့ နေရထိုင်ရချောင်ပါသည် ။
ညစာစားပြီးထဲက ကိုယ်တော်ချောလေးက တချိုးတည်းအိပ်တော့တာ တရေးမှတောင်မနိုးဘူး ။
လူလား ကာလနဂါးလား တောင်မသဲကွဲတော့ဘူး
အိပ်လို့ရတဲ့နေရာတွေ့တာနဲ့ တန်းပြီး အိပ်ပျော်ရော ...
ကျွန်တော်သာ တညလုံး ဟိုဘက်လှိမ့်လိုက် ဒီဘက်လှိမ့်လိုက်နဲ့ အိပ်မရဖြစ်နေတာ ။
အရီးက ခြင်ကိုက်မှာဆိုးလို့ဆိုပြီး စောင်လာထုတ်ပေးလဲ
ပေါ်နေတဲ့နေရာ အကုန်ဆော်တာပဲ
ဒီလိုမအိပ်တဝက် အိပ်တဝက်နဲ့ မနက်ကလင်းလာပြန်တာပေါ့ ...

" ဟဲ့ ဘယ်သူတွေတုန်း
အရီးက မီးဖိုထဲမှာ ဘေးကနေ ပတ်လာခဲ့ "

အရီးထအော်မှ အသံတွေ ကျွတ်စီကျွတ်စီနဲ့ အိမ်ဘေးကနေ ပတ်သွားတဲ့အသံတွေကြားရသည် ။
အချိန်က မှန်းချေ ကိုးနာရီလောက်ရှိနေပေမယ့်
အရီးက ပင်ပန်းလာမှန်းသိတဲ့ ကျွန်တော်တို့ကို မနှိုးပဲ
နေ့လည်စာအတွက်ချက်နေပြုတ်နေသည် ။
အဘကတော့ မနက်အစောကြီးထဲက ထွက်သွားတာ ဘယ်လဲတော့မသိဘူး ...

အသံတွေငြိမ်သွားတော့မှ ကျွန်တော်လည်း ခဏလောက်ပြန်လှဲနေလိုက်သည် ။
တညလုံးမအိပ်ရသေးတော့ အိပ်ချင်စိတ်နဲ့သမ်းရတာလည်း တဝါးဝါးနဲ့ ပါးတွေတောင်ညောင်းလို့ နေသည် ။
ညီကတော့ ခုထိဟောက်သံတရှုးရှုးနဲ့ အိပ်နေတုန်း ။
အိပ်ချင်လို့ မျက်လုံးတွေ မှိတ်ထားလိုက်ပေမယ့်လည်း
ခုနကနောက်ကိုဝင်သွားတဲ့ မိန်းကလေးတွေအသံကြောင့်
ဘယ်လိုနည်းနဲ့မှ အိပ်လို့ကိုမရ ။
တော်တော်လဲ အသံအောင်တဲ့ မိန်းကလေးတွေလို့ စိတ်ထဲကနေ မှတ်ချက်ချနေမိသည် ။

ခင္ဗ်ား ( Z + U ) ခင်ဗျား  Donde viven las historias. Descúbrelo ahora