Chapter ( 17 )

2K 168 6
                                    

Zawgyi

တိတ်ဆိတ်နေတဲ့ နေရာကြီးမှာ တယောက်တည်း ကျန်ရစ်ခဲ့ရတော့သည် ။

" အကို မနေရဲပါဘူး " လို့ပြောထားရက်နဲ့ ကျွန်တော့်ကို ထားရစ်ခဲ့တဲ့အတွက် ဝမ်းနည်းမိရတော့တာ။
ညီရယ် ... ညီ့ကို အကိုနားမလည်တော့ပါဘူးကွာ ...
ကျွန်တော့်ကို ဂရုစိုက်လိုက် ပစ်ထားလိုက်နဲ့ လုပ်နေတာဟာ ဘာသဘောလဲ ။
ကျွန်တော်ကရော ဘာလို့ ညီအနားမှာ မရှိတော့တာနဲ့
ဝမ်းနည်းအားငယ်နေရတာလဲ ။

ဒါဟာ အချစ်ပဲ ဖြစ်မယ်ထင်တယ်နော်။
အချစ်သာဆိုရင်တော့ ဒုက္ခပါပဲကွယ် ။
ယောက်ျားလေးနှစ်ယောက်ဆိုတဲ့ လူ့ဘဝ လူ့လောက သတ်မှတ်ချက်ကြီးနဲ့ တံတိုင်းကာရံထားထားရသည် မဟုတ်လား ။
ကျွန်တော်တို့ လောကကြီး ကာရံထားတဲ့ တံတိုင်းကြီးကို ဘယ်သူက ကျော်မှာတဲ့လဲ ။
ညီကရော အရာရာမကြည့်တော့ပဲ ဒီတံတိုင်းကို ကျော်မှာတဲ့လား
ညီကရော ............

ကျွန်တော်က ချောင်းရေအစပ်မှာ ထိုင်ပြီး ရေထဲက
ကိုယ့်ပုံရိပ်ကို ငုံ့ကြည့်မိသည် ။

ကပိုကရို ဖရိုဖရဲ ဖြစ်နေတာတောင် ရုပ်ပျက်ဆင်းပျက်ဖြစ်မနေပဲ ကြည့်ပျော်ရှုပျော် ရှိနေပါသေးသည် ။
ဆံပင်တွေ ရှုပ်ပွပွ ၊ မျက်နှာ ခပ်ညှိုးညှိုးလေးက အရိုင်းဆန်ပြီး ကြည့်လို့ကောင်းနေပါသည် ကို ကျွန်တော် ကိုယ်တိုင်ပင် ခံစားမိနေပါသည် ။

ကျွန်တော့်လို လူတယောက်ကို ညီက စိတ်မဝင်စားပဲ  နေနိုင်တာ အံဩစရာ ။

အင်းလေ ...
သူ့မှာ ရင်ခုန်ထားရတဲ့သူ ရည်ရွယ်ထားတဲ့သူ ရှိနေလို့လည်း ဖြစ်နိုင်တာပဲ ။ ဒါမှမဟုတ် ကျွန်တော့်ကို
သူနဲ့ တူတဲ့ ယောက်ျားလေး တယောက်ဖြစ်နေလို့များ
မချစ်ချင်တော့တာ မဖြစ်နိုင်ဘူးလား ။
ကျွန်တော် သူ့ကို ချစ်တယ်လို့ပြောလိုက်လို့ သူကလဲ မတုံ့မဆိုင်း ချစ်တယ်ပြန်ပြောလိုက်ရင်ရော
အဲ့ဒီ့အချစ်ဟာ အချစ်စစ်စစ်ဖြစ်ပါ့မလားလို့ တွေးမိသည် 
ကျွန်တော်နဲ့သူ့ကြား ဆက်ဆံရေးက
ခင်မင်ရင်းနှီးကနေ ကျေးဇူးတရားဆိုတဲ့ သံယောဇဉ်တွေနဲ့ နှောင်ဖွဲ့လာခဲ့ရသည် မဟုတ်လား ။
ကျေးဇူးတွေကို အကာအကွယ်ပြုပြီး သူ့ကို
ချစ်တီး မဆန်လို ။
အချစ်စစ်ပဲ ဖြစ်လိုသည် ။
အားနာချစ်တော့ မဖြစ်စေလိုပါ ...
ဒီလို ဒီလို ကျွန်တော့် မေတ္တာစစ်တွေနဲ့
သူ့ကို ရင့်ကျက်စေမယ် ...

ခင္ဗ်ား ( Z + U ) ခင်ဗျား  Hikayelerin yaşadığı yer. Şimdi keşfedin