"ကျွန်တော့် ရင်ဖတ်တစ်ခုလုံးကတော့ ရစရာမရှိအောင်ကိုစုတ်ပြတ်သက်သွားပြီမို့လို့ ထပ်ပြီးဒဏ်ရာရစရာအကြောင်းလည်းမရှိတော့ပါဘူးလေ....."
"ကျွန်တော်ဆိုတဲ့လူက နည်းနည်းလေးချစ်ပြလိုက်တာနဲ့ တစ်ဆုံးအထိတွေးပြီး စိတ်ကူးယဉ်နေတတ်တဲ့လူမျိုး.."
______My Little Ghost 👻❤️ _______
အိပ်ခန်းနဲ့ဧည့်ခန်းက တံခါးလေးတစ်ချပ်သာခြားသည်။ အိပ်ခန်းထဲမှာ Mean နဲ့ အတူ အမျိုးသမီးတစ်ယောက်ရဲ့ ချစ်ရည်လူးရာမှ ထွက်ပေါ်လာတဲ့ အသံပေါင်းစုံကို ဧည့်ခန်းထဲက ဆိုဖာပေါ်မှာ ဒူးလေးပိုက်လျက် ငိုယိုကာ နားမထောင်ချင်ဘဲ ကြားနေရသူမှာ Plan ဆိုတဲ့ Mean ရဲ့ Little Ghost လေး။
နားနှစ်ဖက်ကိုလက်နှင့်အုပ်ကာ အတင်းငိုရှိုက်ပြီး မကြားမိအောင် ပိတ်ထားပေမယ့် ..... မတတ်သာခဲ့။
နောက်ဆုံး မခံနိုင်တော့တဲ့သူမှာ သိပ်ကိုဂရုစိုက်ခံရတဲ့ ကောင်ငယ်လေးပေါ့။
အမေ့ရဲ့ တစ်ဦးတည်းသော အသဲနှလုံးလေး။
တစ်ခုခုဝမ်းနည်းလာရင် အမေ့ရင်ခွင်ထဲခေါင်းလေးတိုးဝှေ့ပြီး ချွဲကာ ငိုနေတတ်တဲ့ကောင်ငယ်လေး။အခုတော့ တိုးဝှေ့ပြီး ခိုနားကာ ငိုယိုဖို့အတွက် ရင်ခွင်မဲ့လျက်....။
မခံနိုင်တော့တဲ့ အဆုံး Mean နဲ့ဝေးရာကိုထွက်ပြေးနေမိပြန်တော့တယ်။ မနက်မိုးပင်လင်းတော့မယ်။ အိပ်ခန်းထဲက နှစ်ဦးသားမှာ ချစ်ရည်လူးလို့မပြီးသေး။
"Plan ကြောက်တယ် မေမေ....."
ဘာဆိုဘာမှမသိတော့ဘူး ....
ကောင်ငယ်လေးမှာ အမေ့အိမ်သို့ပြေးထွက်လာရုံမှလွဲ၍ကျန်တာမတတ်နိုင်တော့ပေ။
________My Little Ghost 👻 ❤️ _______
မနက် 8နာရီ......
အိမ်သို့ ဖိနပ်မပါဘဲ ပြေးလာတဲ့ကောင်ငယ်လေးမှာ ခြံရှေ့ကနေ တံခါးဖွင့်ပေးဖို့ တောင်းဆိုနေသော်လည်း မည်သူမှမကြား ....။
ခါတိုင်း ခိုးဝင်ခိုးထွက် လုပ်နေကျအပေါက်လေးအနားသို့ချဉ်းကပ်ပြီး အိမ်ထဲခိုးဝင်လိုက်တော့သည်။
KAMU SEDANG MEMBACA
My Little Ghost ( 2wish ) Unicode Zawgyi
Romansa🔞 Plan ဆိုတဲ့ကောင်လေးက accident ကြောင့် ကိုမာ၀င်ပြီး သူ့ ၀ိဉာဉ်က Mean နေတဲ့ အခန်းထဲရောက်နေခဲ့တယ်။ Mean က အရင်တုန်းက Plan နေခဲ့တဲ့အခန်းကိုငှားနေရင်းကနေ Plan ရဲ့ ဝိဉာဉ်ကို မြင်နေရသူပါ။ Plan ဆိုတဲ့ကောငျလေးက accident ကွောင့ျ ကိုမာဝငျပွီး သူ့ ဝိဉာဉျက...