❄️MID❄️ ^2^

309 14 1
                                    

/ 25. 11. 2013 /

နှင်းဖွဲဖွဲကျနေသော လမ်းတလျှောက်
Kim Jong In တယောက်အေးအေးသာသာပင် လျှောက်လှမ်းနေသည် နာမည်က Kim Jong In ခေါ် Playboy Kim Kai ဆွဲဆောင်မှုရှိသော မေးရိုး ညိုသယောင်သန်းနေသော အသားအရေ အချိုးအဆစ်ကျတဲ့ ခန္ဓာကိုယ်နှင့် သူက uni တခုလုံးက မိန်းကလေးတိုင်းရဲ့ပျိုတိုင်းကြိုက်တဲ့နှင်းဆီခိုင်ပင် uni တခုလုံးရဲ့ the whole king ဆိုလည်းမမှား
ရည်စားကိုအထည်အလဲတွဲသလို ပြတ်မယ်ဆိုတာနဲ့ ချက်ချင်းထားခဲ့သူပင် ဒါပေမယ့် သူ့နှလုံးသားထဲကို သူမသိလိုက်ခင်မှာပဲနေရာယူခဲ့တဲ့သူရှိတယ်ဆိုတာ သူမသိခဲ့ပါ...

//////////////////////////// \\\\\\\\\\\\\\\\\\\\\\\\\\\\

Uni ထဲဝင်ဝင်ချင်းတွေ့လိုက်ရတာက အချစ်တော်BFF ကြီး Oh SeHun နှင့် သူ့ချစ်ချစ် Xiao Luhan ...
SeHun နဲ့ Luhan တို့က အထက်တန်း ဒုတိယနှစ်ထဲက တွဲခဲ့ကြ‌တာလေ .. ယောက်ျားလေးအချင်းချင်းကြီးကိုလို့ပြောတော့ အချစ်မှာ Gander မခွဲထားဖူးတဲ့ ... သူတို့အတွဲကို uni တခုလုံးမသိတဲ့သူမရှိ SeHun က 2nd King . Luhan က 3rd King ဆိုတော့ သူတို့ကို ကြိုက်နေတဲ့ အချောအလှတွေရှိပေမယ့် ဘယ်သူမှ သူတို့ကြားအဝင်မခံဘူးလေ ကျွန်တော် အဲ့တာကိုမြင်တော့အားကျမိတယ် Kim Jong In မဟုတ်တဲ့ Kim Kai ဆိုတဲ့နာမည်နဲ့ ကျွန်တော့်ဘဝမှာဘယ်သူ့ကိုမှအဲ့လိုမချစ်ခဲ့ဖူးသလို အဲ့လိုလည်းအချစ်မခံခဲ့ရဖူးဘူးလေ ကျွန်တော့်ကိုအဲ့လို ချစ်လာအောင်လုပ်နိုင်မယ့်သူရောရှိပါ့မလား လို့တခါတလေတွေးမိတယ် အဲ့လိုချစ်နိုင်တဲ့သူဆိုရင်ဘယ်သူပဲဖြစ်ဖြစိကျွန်တော့်လက်ခဲမိမှာပဲ အခုတင်ကျွန်တော့ကိုမြင်မြင်ချင်းပဲ .....

"လဒ‌သေ‌လောက်‌အောင် နောက်ကျရလား"

"မင်းကလည်းကွာ လမ်းမှာကားပျက်နေလို့ လမ်းလျောက်လာတာကွ "

"ထားပါ လာတော့ ဒီနေ့ အတန်းထဲကို ကျောင်းသားသစ်ရောက်မယ်လို့အသံကြားတယ်ကွ"

"ကျောင်းသားသစ်ကဘာလုပ်ရမှာလဲ ကျောင်းသူဆိုရင်တောင်တော်သေး ငါမှာအခုရည်းစားမရြှိဖစ်နေတယ်ကွ"

"အဲ့တာဆို LuNa ကရော မနေ့ကမှစတွဲတာမဟုတ်ဘူးလား"

"တချိန်လုံး ပူညံပူညံလုပ်နေလို့ ဖျက်လိုက်ပြီ"

"အင်းပြီးတာပဲ...မင်းကလည်းကွာ တယောက်လောက်အတည်တွဲကြည့်စမ်းပါ နော့်Lu ရာ..."

"ငါကျန်‌တာတော့မပြောချင်ပေမယ့် အဲ့တာတော့ ထောက်ခံတယ်‌ Jong In ......Hun ပြောသလို တယောက်လောက်အတည်တွဲကြည့်ပါလား"

"Jong In ဆိုတဲ့နာမည်မခေါ်စမ်းပါနဲ့ကွာ ငါ့နာမည်က Jong In မဟုတ်ဘူး Kai ကွ Kim Kai... "

"အေးပါကွာ လာအတန်းထဲသွားမယ်..."

3ယောက်သားစကားတပြောပြောနဲ့လျောက်လာကြတာ ချယ်ရီပင်တွေအောက်ရောက်တော့ ကျွန်တော့်ကိုဝင်တိုက်လိုက်တဲ့ ကိုယ်လုံးလေး ... သူတိုက်လိုက်တဲ့အရှိန်ကြောင့်ပဲ သူရောကိုယ်ရော ထပ်လျက် လဲကျသွားတယ်
မျက်လုံးကိုဖွင့်ကြည့်လိုက်တော့ ကိုယ်နဲ့ အနီးဆုံးရောက်နေတဲ့ မျက်ဝန်းတစုံ... ကြယ်လေးတွေလိုပဲ တောက်ပနေတဲ့ မျက်ဝန်းလေး ပြူးတယ်လဲမဟုတ်ဘဲ ဝိုင်းဝိုင်းလေးနဲ့ ဆက်ကြည့်မိလိုက်တော့ အလှဆုံးမဟုတ်ပေမယ့် သူ့ဘာသူ ကြည့်ကောင်းနေတဲ့ နှာတံလုံးလုံးလေး .... ပြီးတော့ နှင်းဆီပန်းလေးတပွင့်လို ရဲတောက်နေတဲ့ နှုတ်ခမ်းထူထူလေး... စွဲငင်ယူနေသလို သူ့မျက်ဝန်းလေးထဲပျော်ဝင်သွားမိတာဘယ်လောက်ကြာသွားလဲမသိ သူ့မျက်နှာလေးရဲလာသလို
ဘေးကဆယ်ကိတ်ရဲ့အသံကြားမှသတိဝင်မိသွားသည်....

"ယား!!! လဒရရဲ့လား သေနေပြီလား ထဦး.."

သူ့အသံကြားမှကျွန်တော့်ကိုယ်ပေါ်ကကောင်လေးက မျက်လုံးချင်းဆုံတာကို ရှောင်လိုက်ပြီး ထလိုက်သလို ကျွန်တော့်ကိုလည်း လက်လှမ်းလာတယ်
သူ့လက်ကလေးကို ဆုပ်ကိုင် လိုက်တော့ ရလာတဲ့နူးညံ့မှုကလေ ဝါဂွမ်းလေးတွေကို ထိတွေ့ လိုက်ရသလိုပဲ အိစက်နေတော့ သူ့လက်လေးကိုကိုင်ကာ ယောင်ပြီးရပ်နေမိတယ် ... သူကသူ့လက်ကလေးကို ဆွဲယူလိုက်တော့မှ ပြန်အသိဝင်လာခဲ့တယ်...သူ့က တောင်းပန်ပါတယ် တခွန်းပြောပြီး ပြေးထွက်သွားတော့ သူသွားတဲ့နောက်ကို လှမ်းကြည့်နေမိတယ်...ဘေးကကျဆင်း‌နေတဲ့နှင်းစက်တွေနဲ့အတူ သူ့ပုံရိပ်လေးပျောက်သွားမှပဲ အကြည့်လွှဲလိုက်တယ် ဒီကောင်လေးဟာ ကျွန်တော့်ဘဝမှာ အဲ့လိုမျိုး သတိလက်လွတ်ဖြစ်ခဲ့မိတဲ့အထိ ပထမဆုံးအဲ့လိုကြည့်ခဲ့မိတဲ့သူပဲ...
ကျွန်တော်သူ့အကြောင်းကို သိအောက်လုပ်ရတော့မယ်မလား.....

❄️❄️❄️❄️❄️❄️TBC❄️❄️❄️❄️❄️❄️

အဆင်ပြေမယ်လို့မျှော်လင့်ပါတယ် 1180 words တောင်နော် ကြိုက်မယ်လို့မျှော်လင့်ပါတယ်လူကြီးရေ ..🤗
ဖတ်ပေးတဲ့သူ တယောက်ချင်းဆီကိုကျေးဇူးတင်ပါတယ်နော်..

We are one
엑소~사랑하자!
L-1485

❄️Miracle Of December❄️[Complete] {{ Zawgyi & Unicode}}Where stories live. Discover now