❄️MID❄️-5-[final]

71 10 2
                                    

{25.1.2014}

3လ... Hyungဘေးမှာနေရင်း Hyungကိုငေးကြည့်ခဲ့တာ လရှိခဲ့ပြီ... ဒီ 3လအတွင်းမှာ Hyungနဲ့အတော်လေးရင်းနှီးခဲ့တယ်.... Hyung ကဘယ်တော့မှသူ့ချစ်သူအကြောင်းထုတ်မပြောခဲ့သလို ကျနော်ကလည်း ကိုဖွင့်မပြောရဲခဲ့ဘူး...အရင်ကတော့ချစ်တယ်ဆိုတဲ့ စကားကိုအေးအေးဆေးဆေးပြောနိုင်ပေမယ့် Hyungကိုကျတော့မပြောရဲဘူး ...
ကျနော်ဖွင့်ပြောလိုက်မှ ကျနော့်ကိုမုန်းသွားမှာကြောက်တယ်....
ကျနော့်ကိုမျက်နှာချင်းမဆိုင်ချင်မှာကြောက်တယ်...ချစ်ရသူရှိပါတယ်လို့‌ပြောထားရက်နဲ့ ဖွင့်ပြောရဲတဲ့သူလို့ထင်သွားမှာကြောက်တယ်...ပြီးတော့ Hyungဆိုတဲ့စကားလုံးလေးက  ကျနော့်ဘဝရဲ့အရာရာဖြစ်လာခဲ့ပြီလေ...

Hyungနဲ့ပတ်သက်ရင် အရာအားလုံးကို တွေးပြီးကြောက်နေတတ်သလို မယုံကြည့်ရဲခဲ့ဘူး... SeHunတို့ကတော့ ကျနော်ဖွင့်ပြောမယ်ဆိုရင်hyung ရဲ့ဖြစ်လာမယ့် အထင်လွဲမှုတွေကိုဖြေရှင်းပေးပါ့မယ်တဲ့...
ကျနော့်ကို Hyung အမြဲတမ်းမေးနေကြစကားတခွန်းရှိတယ်
*Jong In နှင်းကျတဲ့အချိန်ဘာလုပ်ချင်လဲတဲ့..* ထူးဆန်းတယ်သိလား Hyung ကအဲ့မေးခွန်းကိုအမြဲမေးခဲ့ဖူးတယ်.. နေ့တိုင်းလိုပဲ..ကျနော်ပြန်မဖြေခဲ့ဖူး ပြန်မဖြေခဲ့ဖူးဆိုတာထက် မဖြေတက်ဘူး.. အဲ့မေးခွနိးမေးတိုင်း ကျနော့် Hyung ကိုအမြဲပြုံးပြနေခဲ့မိတယ်လေ... Hyung ကကျနော်ပြုံးနေတာမြင်တာနဲ့ ခေါင်းလေးပြန်ငုံ့သွားပြီး ရှက်သလိုပါးလေး‌တွေနီရဲသွားတတ်တယ်...

ဒါပေမယ့်လေ Hyungကျနော့်ကို ငြင်းလိုက်မှာစိုးတယ် အဲ့တာကြောင့်မဖွင့်ပြောဖြစ်ခဲ့ဘူး... Hyungဘက်ကအဖြူရောင်ဖြစ်နေခဲ့ပေမယ့် ကျနော်ကတော့ တဖက်သက်အရောင်ဆိုးနေခဲ့တယ်...

အဆိုးထဲကအကောင်းလို့ပြောရမလားတော့မသိ... Hyungကိုကြိုက်တဲ့သူတွေရှိပေမယ့်လဲ... Hyungကိုဖွင့်ပြောတဲ့သူတွေရှိပေမယ့်‌လဲ ....
Hyungကိုချစ်နေတဲ့သူတွေရှိပေမယ့်လဲ...
Hyungကတော့အကုန်လုံးကို ငြင်းခဲ့တယ်လေ...

အဲ့တာထက်ပိုကောင်းတာက နေ့တိုင်း Hyung နဲ့ကျ‌နော်ကျောင်းသွားကျောင်းပြန် တူတူလုပ်တယ် ... မနက်ဆိုရင် ကျနော့်အိမ်ကစောထွက်ပြီး Hyung အိမ်ရှေ့မှာ ရပ်စောင့်နေတက်တယ်...အိမ်ကလူတွေကတော့ပထမကအထူးအဆန်းလိုဖြစ်ကြပေမယ့် နောက်ပိုင်းကျတော့ရိုးသွားတယ်နဲ့တူပါတယ် ဘာမှမပြောကြတော့ဘူး... နေ့တိုင်း Hyungနဲ့အတူ နှင်းတွေကြားထဲမှာ ဘေးချင်းယှဉ်ပြီး လမ်းလျောက်ရတာက ကျနော့်ဘဝမှာအပျော်ဆုံးအရာတခုဆိုလည်းမမှားဘူးလေ....

❄️Miracle Of December❄️[Complete] {{ Zawgyi & Unicode}}Dove le storie prendono vita. Scoprilo ora