"Kyungine Hyung..ကျွန်တော်မေးချင်တာရှိတယ်.."
အခုကတော့ နေ့လည်နားချိန်ဖြစ်တဲ့အတွက် ကန်တင်းမှာထိုင်ရင်း မုန့်စားနေကြတာပါ...ကျွန်တော်ကတော့ မုန့်စားတာထက် Hyung ကိုပဲကြည့်နေမိတာ... Hyung စားနေတာလေးက ချစ်စရာလေးဖြစ်နေတယ်လေ..."မေးလေ.. SeHunရဲ့.. Hyung သိရင်ဖြေပေးမှာပေါ့.."
"ဟိုလေ Hyung ကဘာလို့ တနှစ်နောက်ကျတာလဲဟင်..."
"Hun ..မေးလို့အဆင်ပြေလား မပြေလားအရင်မေးလေ.."
Sehunမေးတဲ့စကားအဆုံး Kyung Sooရဲ့ သက်ပြင်းချသံသဲ့သဲ့ကြောင့် Luhan ကဝင်ဟန့်လိုက်ခြင်းသာ...
"ရပါတယ် Luhanရယ် ငါ ဖြေပေးလို့ရပါတယ်.."
Jong In ကတော့ SeHunတို့ ပြောနေသည့်စကားကိုပဲ နားထောင်ရင်း Kyung Sooကိုငေးကြည့်နေလေရဲ့... သူလည်းသိချင်နေခဲ့တာပါ..
"Hyung ..မဖြေခင် Luhan ကရော ဘာလို့ 1နှစ်နောက်ကျတာလဲ အရင်မေးလို့ရမလား.."
"ဒါကဒီလို Kyung Sooရဲ့ ... Hunက ငါနဲ့ပဲတူတူတက်ချင်တာလေ....ပြီးတော့Hun နဲ့ငါက ငယ်ငယ်လေးထဲက အိမ်ချင်းကပ်နေခဲ့တော့Hun ကငါမပါဘဲ ကျောင်းလုံးဝမသွားလို့ ငါက1 နှစ်နောက်ကျပြီးကျောင်းတက်လိုက်တာ..."
"အခု Kyungine Hyung ဖြေပေးလို့ရပြီလားဟင်..."
"ဟုတ်တယ် Hyung ကျွန်တော်လည်း သိချင်တယ်.."
Jong In ပါဝင်ပြောတော့မှ Kyung Soo ကသက်ပြင်းလေးချပြီး ပြောပြတော့တယ်...
"Hyung လည်း Luhan လိုပဲ... Hyung အရမ်းချစ်မိသွားတဲ့ လူတယောက်ကြောင့်ပါပဲ.."
Hyung ပြောလိုက်တဲ့စကားကြောင့် ကျွန်တော့်ရင်ထဲမှာ တခုခုဖြစ်လာသလိုပဲ အရမ်းလည်းဝမ်းနည်းလာမိတယ် ..အကြောင်းအရင်းကိုမသိပေမယ့်.. Hyung မှာ ချစ်တဲ့သူရှိတယ်ဆိုတဲ့အသိက ကျွန်တော့်နှလုံးသားကို ဓားနဲ့ခြစ်ချလိုက်သလိုပဲ...
"အဲ့သူကဘယ်သူလည်း သိခွင့်ရှိမလား Hyung ..."
*ကျွန်တော် နောက်ကျခဲ့ပြီလား ဆိုတာ သိချင်လို့ပါ Hyung ရယ်*
"Hyung မပြောပြချင်ဘူး ... Jong In... Hyung မပြောပြချင်တာထက် မပြောပြရဲဘူး သူက St8 တယောက် ဒီအကြောင်းတွေသိပြီး Hyung ကိုမုန်းသွားမှာကြောက်တယ်..."
YOU ARE READING
❄️Miracle Of December❄️[Complete] {{ Zawgyi & Unicode}}
Short Story#Dika #Yaoi #mini fic