"နှုတ်ဆက်ပါတယ် ထိုင်းနိုင်ငံကြီးရေ..."
Finlandနိုင်ငံ သို့ထွက်ခွာ့သွားတော့မည့် တွီခေါင်လေးကတော့ထိုင်းနိုင်ငံလေဆိပ်တွင် အစ်မဖြစ်သူ တန်တဝမ်ကို နှုတ်ဆက်ကာ လေယာဉ်ပေါ်သို့တက်ရန် အဆင်သင့်ဖြစ်နေပြီ..ထိုင်းနိုင်ငံကထွက်ခွာခဲ့ရပေမယ့် နှလုံးသားကတော့သေဆုံးခဲ့ကာ ထိုင်းမြေမှာပဲ မြှုပ်နှံခံခဲ့ရတာကြောင့် ခံစားချက်တို့မဲ့နေသည်
"မင်းအစ်မကိုပဲဂရုမစိုက်ပါနဲ့ကွာ မင်းကိုယ်မင်းလည်းဂရုစိုက်ပါ မင်းကို စိတ်ပူလို့ ပြောတာပါ"
ဒါ သူ နောက်ဆုံးပြောခဲ့တဲ့စကားလေး..
ဒေါက်တာတောင့်ဆိုတဲ့လူတစ်ယောက်ဟာ သူ့ဘဝထဲကိုခဏပဲဝင်လာခဲ့ပြီး ထာဝရအပြီးထွက်သွားခဲ့သည်လေ... ဒါပေမယ့် သူ့နှလုံးသားကိုတော့ ထာဝရပိုင်ဆိုင်သွားခဲ့ပြီ...ခေါင် တစ်ယောက် လေးလံသောခြေလှမ်းဖြင့် လေယာဉ်ဆီလျှောက်လာမိသည်
ထိုစဉ် ခေါင့် ရှေ့မလှမ်းမကမ်းတွင်အဘွားအိုတစ်ယောက် အထုပ်ပိုးများနှင့် ချော်လဲလေသည်
အခြားသူတွေက မတွေ့သည်လား မတွေ့ချင်ယောင်ဆောင်နေကြသည်လားမသဲကွဲ ဘယ်သူမှမထူပေးကြချေ...
ခေါင်က အဘွားဆီအမြန်သွားကာ ထူပေးလိုက်ပြီး အထုပ်ပိုးတွေပါကောက်ပေးလိုက်သည်
"ကျေးဇူးပါမြေးလေးရယ်""အဘွား နာသွားသေးလားဟင်"
"ရပါတယ်မြေးရယ် မြေးလေးက စိတ်သဘောထားကောင်းလိုက်တာ ရော့ အဘွား လက်ဆောင်လေးတစ်ခုပေးမယ်"
"ရပါတယ် ဘွားဘွားရယ် သားဒီတိုင်းလေးကူညီရုံပါ"
"မြေးလေးကို ချစ်လို့ပေးတာပါကွယ် ဒါဘွားဘွားကိုယ်တိုင်လုပ်ထားတဲ့စာအုပ်ကလေးပါ"
စာအုပ်လေးက အညိုရောင်လေး မျက်နှာဖုံးမှာကြယ်သီးလေးတစ်လုံးပါသည်
စာအုပ်အဖုံးကိုကြိုးတွေနဲ့သီထားကာ ထိုကြယ်သီးလေးမှာပတ်ထားသည်"နတ်သမီးဒိုင်ယာရီ"လို့အဖုံးမှာရေးထားတဲ့ဒိုင်ယာရီစာအုပ်ဟောငိးလေးတစ်အုပ်ပါ
အဘွားက ခေါင်လေးရဲ့ရင်ဘတ်ကိုထိပြကာ
"မြေးလေးရဲ့ ဒဏ်ရာရနေတဲ့ နှလုံးသားလေးကို ကုစားပေးမှာပါကွယ် ယူထားပါနော်"
YOU ARE READING
🌟အချိန်မီသာ ပြင်ဆင်ခွင့်ရှိခဲ့ရင်... ⏳Short fic(Completed) ✅
Fanfic🚨My ambulance🚑 ✨HE Version✨ 📖 🚨My ambulanceဆိုတဲ့ ထိုင်းကားလေးထဲမှာ ဒေါက်တာ တောင့် 👨⚕️နဲ့ တွီခေါင်လေး 👦တို့ ရဲ့ ချစ်ဇာတ်လမ်းလေးဟာ ဇာတ်သိမ်းမလှခဲ့ရှာပါဘူး... 💔 ဒေါက်တာတောင့်ဟာ "ထိုင်"ဆိုတဲ့ လူကို ကယ်ဖို့ မီးထဲအသွား ဂတ်စ်အိုးပေါက်ပြီး အသက်ဆုံး...