စူးရှတဲ့ အလင်းရောင်က ခေါင့် မျက်လုံးထဲ ထိုးဝင်လာတာကြောင့် မျက်လုံးကို ဖြည်းဖြည်းချင်းသာ ဖွင့်နိုင်သည်..ခေါင် သေသွားပြီး နတ်ပြည်ရောက်နေတာလား.ဒါဆို သူကော..."မောင်လေး နိုးလာပြီလား..."
နတ်ပြည်ရောက်နေတာမဟုတ်တာတော့သေချာသည်...
အစ်မ တန်တဝမ် က ခေါင့် လက်ကိုဆုပ်ကိုင်ကာ စိုးရိမ်တကြီး ကြည့်နေသည်...ခေါင် မအိပ်ခင် အိပ်ဆေးသောက်ခဲ့မိလို့ ခုထိအိပ်မက်ထဲက မနိုးလာသေးတာလား...
ဒါမှမဟုတ် အစ်မ တန်က Finlandထိလိုက်လာတာများလား...
အကို့ကိုကော ကယ်လိုက်နိုင်လား... ဒါမှမဟူတ် အရင်က အတိုင်းပဲလားအမြင်တွေက ဝေးဝါးနေတုန်းပဲမို့ ခေါင် သူ့ကိုသူ ဘယ်ရောက်နေလဲဆိုတာတောင်...မဆုံးဖြတ်နိုင်သေးပါ
"မောင်လေးရယ် မမတော့ မောင်လေး မနိုးလာတော့မှာစိုးလို့ စိတ်တွေပူလိုက်ရတာ..."
ခေါင် မျက်လုံးတွေကို အားယူပြီးဖွင့်ကြည့်လိုက်တော့
ဆေးရုံခန်း အပြင်ဆင်တွေကိုတွေ့လိုက်ရတယ်...
ခေါင်က ဆေးရုံဝတ်စုံဝတ်ထားပြီး ဆေးရုံကုတင်တစ်ခုပေါ်ရောက်နေတာ...အိပ်မက်လား လက်တွေ့လား ခုထိမသေချာသေး...
ခေါင် တစ်ခုခု ပြောချင်ပေမယ့် ပြောလို့မရ... အားပဲပျက်နေလို့လားမသိ...ထိုစဉ် အစ်မတန် က ငိုကာပြောသည်
" တော်သေးတာပေါ့ မောင်လေးရယ် မောင်လေးရောကိနေတာက ဂတ်စ်အိုးပေါက်တဲ့အထပ်ထိမရောက်သေးဘဲ အောက်ထပ်မှာမို့လို့ပေါ့"ဟင်... အစ်မ တန်တဝမ် က ဂတ်စ်အိုးပေါက်တဲ့နေ့က အကြောင်းကို ပြန်ပြောနေပါလား...
ဒါဆို ခုထိ အိပ်မက်ကနေမနိုးသေးတာလား..." ဂတ်စ်အိုးပေါက်မှာ ကြိုသိရဲ့သားနဲ့ ဘာလို့ထွက်မပြေးတာလဲ မောင်လေးရဲ့ မမရင်ကျိုးတော့မလို့..."
အစ်မကတော့ ငိုကာ တရစပ်ပြောနေသည်
ခေါင် ဘာမှပြန်မပြောနိုင်၍ အစ်မ တန်ရဲ့ မျက်နှာလေးကို ပွတ်ကာ မျက်ရည်တွေသုတ်ပေးလိုက်သည်..."တန်တဝမ် တွီခေါင်သတိရပြီပေါ့...တော်ပါသေးရဲ့"
အကို ပန်က နောက်က ဝင်လာတာကြောင့် တန်တဝမ် မျက်ရည်တွေသုတ်လိုက်သည်
"ဟုတ်တယ် ပန်"
YOU ARE READING
🌟အချိန်မီသာ ပြင်ဆင်ခွင့်ရှိခဲ့ရင်... ⏳Short fic(Completed) ✅
Fanfic🚨My ambulance🚑 ✨HE Version✨ 📖 🚨My ambulanceဆိုတဲ့ ထိုင်းကားလေးထဲမှာ ဒေါက်တာ တောင့် 👨⚕️နဲ့ တွီခေါင်လေး 👦တို့ ရဲ့ ချစ်ဇာတ်လမ်းလေးဟာ ဇာတ်သိမ်းမလှခဲ့ရှာပါဘူး... 💔 ဒေါက်တာတောင့်ဟာ "ထိုင်"ဆိုတဲ့ လူကို ကယ်ဖို့ မီးထဲအသွား ဂတ်စ်အိုးပေါက်ပြီး အသက်ဆုံး...