~Ep-13~

7K 895 74
                                    

(Unicode)

ဒီလိုနဲ့ သူတို့ ဆေးရုံမှာ ကာကွယ်ဆေးထိုးဖို့ လုပ်ရင်း...

"အံမယ်....Jeon အသေးလေးက ဂါဝန်လေးနဲ့ပါလား......ပျော်လား ကလေး...."

ကာကွယ်ဆေးထိုးပေးမည့်ဆရာဝန်ကား ကလေးစိတ်ပြောင်းစေရန် စကားတို့ကိုလွှဲရင်း ကလေးကိုမြှူသည်..
လူစိမ်းမြင်ရလျှင် သူများကလေးတွေလို မျက်နှာမစိမ်းသည့် သမီးငယ်က ဆရာဝန်လက်ထဲတွင်လည်း မြူးထူးလို့...

"ခစ်ခစ်ခစ်ခစ်...."

"ဟို...dr..သမီးကို မနာအောင်ထိုးနော်..."

ကလေးကသာ တစ်ခစ်ခစ်ရယ်နေပေမဲ့ မျက်စိမျက်နှာပျက်‌နေသူက အဖေလုပ်သည့် Jimin ရယ်ပါ..
Byulလေး နာမှာစိုးနေသည်......

"အဟား....စိတ်ချပါ Mr.Jeon ရယ်....ဆစ်ခနဲတစ်ချက်ပါပဲ...အဲ့လောက်မနာပါဘူး....."

"ဟုတ်...ဟုတ်...."

တစ်ခါသုံးအပ်ကို ဖောက်ကာ ဆေးစုပ်ရင်း ကလေးငယ်၏ ဘယ်လက်မောင်းတုတ်တုတ်ပေါ်သို့ အပ်ဖျားလေးတင်လိုက်သည်....ဆစ်ခနဲတစ်ချက်မို့ Byul လေးက မျက်ကြောလေးရှုံ့ကာ မျက်နှာလေးမဲ့သွားပြီး...

"ဟင့်.......ပါး............"

"အင်း....အင်း.....ပါးရှိတယ်....ပါးရော ဒယ်ဒီရောရှိတာမို့ မကြောက်နဲ့နော်......ဘာမှမဖြစ်ဘူးကလေး....
ပြီးရင်ကောင်းသွားမှာ....."

Jimin စကားမဆုံးသေးခင်မှာပင် သမီးငယ်၏ လက်မောင်းထဲရောက်လာသော အပ်က လက်မောင်းထဲ ဆေးထိုး ထည့်ပြီးဖြစ်တာကြောင့် ပြန်ချွတ်သွားတော့သည်....ရှုံ့မဲ့မဲ့မျက်နှာလေးဖြင့်ကျန်ရစ်သူက သူတို့နှစ်ယောက်၏ အသည်းကျော်....ငိုတာလည်းမဟုတ်ဘဲ မျက်နှာလေးမဲ့သွားခြင်းသာ...

"ပါးပြောတယ်မဟုတ်လား....တစ်အောင့်ပဲ ဘာမှမဖြစ်ဘူး‌လို့......တွေ့လား...အခုပြီးသွားပြီ....နာသေးလား ခလေး...."

"ဟင့်အင်း......"

ခပ်ချွဲချွဲလေး သံရှည်ဆွဲကာ Jimin ရင်ဘတ်ကို မျက်နှာလေးအပ်သွားသော အသည်းတုံး.........

"ကျေးဇူးတင်ပါတယ်Dr...."

"ရပါတယ်ဗျာ....."

"ဒါဆို ခွင့်ပြုပါဦး..."

Flaming Love ||COMPLETED||Where stories live. Discover now