~Ep-14~

6.7K 881 49
                                    

(Unicode)

Jung Kook အခန်းထဲ ဝင်မလို့ လက်ကိုင်ကို လှည့်လိုက်တော့.....

"ဒီလိုနဲ့ မင်းသမီးလေးသည် ကပွဲတွင် ကနေရင်း နာရီကြီးကနေ ဆယ့်နှစ်နာရီတိတိကို ညွှန်ပြလို့ ဆယ့်နှစ်နာရီထိုးပြီဖြစ်ကြောင်းခေါင်းလောင်းသံလည်း ထွက်ပေါ်လာခဲ့သည်။..."

ကြားလိုက်ရတဲ့စာဖတ်သံကြောင့် သူကြောင်သွားသည်...နေပါဦး.....

အခန်းထဲကို ဝင်လိုက်တော့ Jimin က ညနေက ဝယ်လာသည့် ပုံပြင်စာအုပ်ကို ဖတ်ပြနေပြီး သမီးက ဘေးမှာ အရုပ်ဆက်နေသည်....သူ့လည်းမြင်ရော သမီးက အရုပ်ကို ပစ်ချပြီး သူ့ဆီပြေးလာသည်.....သူ့ဆီသမီးပြေးလာတော့ မျက်နှာပျက်သွားသည့် Jimin ၏ သွင်ပြင်ကို ဖမ်းမိလိုက်ပေမဲ့ သဘော‌မပေါက်မိ.....

"သမီးကို ငါ ပုံပြင်ဖတ်ပြနေတာ...."

"ဟမ်...."

သူကြောင်သွားသည်....ဘယ့်နှယ့်...ပုံပြင်ကို စာရွတ်သလို ဖတ်ရတယ်တဲ့လား....ပုံမှန်ဆို ပုံပြင်ဖတ်ပြတိုင်း စိတ်ဝင်တစားနားထောင်သည့်သမီးငယ်က ဒါကြောင့်မို့ ယခုတော့နားမထောင်ဘဲ အရုပ်ဆက်နေတာဖြစ်ပါလိမ့်မည်.....

"ဘာလို့လဲ...."

"ဒယ်ဒီ...ပါပါးပုံပြင်ဖတ်ပြတာ ဒယ်ဒီ့ရိုရဲ ချိတ်ဝင်ချားဖို့မ‌တောင်းဝူး....ပျင်းချရာကြီး....."

သမီးငယ်က သူ့ပါးကိုနမ်းရင်း အရှိအတိုင်းပြောချလိုက်တော့ ရုတ်တရက်တော့ သူအားနာသွားမိသည်...
တစ်ပြိုင်နက်တည်း ညိုးသွားသော မျက်နှာကိုမြင်လိုက်ရတော့ စိတ်တော့မကောင်း........

"သူ့ပုံပြင်ထဲမှာ ပါတဲ့အတိုင်း ငါဖတ်ပြတာပဲ......."

အကြည့်လွှဲကာ ပြောလာသော အသံသည် တည်ငြိမ်နေပါသော်ငြား ကွဲအက်ခြင်းတို့ပါနေသည်ဆိုသည်ကို ကာယကံရှင်သာ သိနိုင်ပေလိမ့်မည်......
သမီးကို အောက်ကိုချလိုက်ပြီး သမီးငယ်ဘေးနား ဒူးထောက်ကာ....

"သမီးကလည်း....ပါပါးက သမီးကိုချစ်လို့ ပုံပြင်ပြောပြတာလေ...သမီးက အဲ့လိုပြောလိုက်တော့ ပါပါးက စိတ်မကောင်းဖြစ်သွားမှာပေါ့.....သွားချော့လိုက်...သွား....ပါပါးက အခုမှ စ‌ ပြောဖူးတာမို့ အကျွမ်းမဝင်သေးလို့ပါ....."

Flaming Love ||COMPLETED||Donde viven las historias. Descúbrelo ahora