~Ep-8~

7.1K 910 42
                                    

(Unicode)

ဒီလိုနဲ့ နောက်တစ်နေ့ အဖေနဲ့အမေ့ရဲ့ anniversary ည ၇နာရီ‌ခန့်မှာတော့.....

*Dock...dock....dock....*

"ဝင်ခဲ့လေ...."

အမေ့အခန်းထဲကို ဝင်သွားတော့ အမေက အိပ်ယာပေါ်မှာ စာအုပ်ဖတ်နေသည်....အဖေကတော့ Jung Kook ခေါ်လို့ပါသွားချေပြီ...

"ကဲ...အမေတို့အတွက် ကျွန်တော်တို့နှစ်ယောက်အထူးပြင်ဆင်ထားတာရှိတယ်...အဲ့တာလေးကို ချပြ‌မဲ့ အချိန်ရောက်ပြီခင်ဗျ...Byulလေးရေ လက်ခုပ်လေးတီးလိုက်ပါဦး...."

ရှေ့ဝယ် လွယ်ထားသည့် Byulလေး၏ လက်သေးသေးလေးနှစ်ဖက်ကို ဆုပ်ကာ လက်ခုပ်တီးသည့်ဟန်လုပ်တော့ သမီးက မျက်လုံးလေးတွေ မှိတ်ချသွားသည်အထိ ပြုံးလာသည်...

"ဒီကလေးတွေကတော့လေ...တကယ်ပါပဲ...အလုပ်မရှုပ်ရှုပ်အောင်...."

"လာပါအမေကလည်း...."

အမေ့ကို အဝတ်လဲခိုင်းကာ အတင်းဆွဲထုတ်လာပြီး သူတို့စီစဉ်ထားသည့် နေရာလေးဆီသို့ရောက်လာသည်...ကမ်းစပ်သဲသောင်ပြင်ပေါ်မှာပါလေ....အခန်းထဲက ထွက်ကတည်းက အမေ့မျက်လုံးကိုအဝတ်အမည်းနဲ့စည်းကာ ခေါ်လာခဲ့သည်....ညမို့လို့ လှိုင်းပုတ်သံကို သေချာကြားရပြီး လူရှင်းနေသည်......ဆားငန်ရေကို ဖြတ်ပြီး တိုက်ခတ်လာသော ညလေအေး၏ လူအပေါင်း၏ စိတ်ကိုရွှင်လန်းစေနေပါကော.......

စီစဉ်ထားသည့်နေရာရောက်တော့ အားလုံးအဆင်သင့်ပြင်ဖို့သူခေါင်းညိမ့်ပြလိုက်သည်.....အနောက်တိုင်း မင်္ဂလာဆောင်ကဲ့သို့ပင် သဲသောင်ပြင်ပေါ်ဝယ် လျှောက်လမ်းအဖြူရောင်ကိုခင်းထားသည့် LEDအလှမီးများကို ထိန်းနေအောင် ထွန်းထားသည်....လျှောက်လမ်းဘေးတစ်လျှောက်ဝယ် Projecterတစ်ခုရှိပြီး အဆင်သင့်ဖြစ်သည်နှင့်ဖွင့်ပြဖို့ ဗီဒီယိုဖိုင်လေးလည်း ပြင်ဆင်ထားသည်....လျှောက်လမ်းအဆုံးမှာတော့ အဖေက ခန့်ညားစွာရပ်နေပြီး နောက်ဝယ် Jiminနှင့် JungKook တို့ လက်ထပ်တုန်းက အဖေနှင့်အမေ သီးသန့်ရိုက်ထားသည့် ဗီနိုင်းက နေရာယူနေသည်.....
အနီးမှာတော့ သူတို့အစောကြီးကတည်းက မှာခဲ့ရသည့် နှစ်ပတ်လည်ကိတ်ကို စားပွဲပေါ်တင်ထားသည်....

Flaming Love ||COMPLETED||Dove le storie prendono vita. Scoprilo ora