Zawgyi.....ချိန်းထားတဲ့နေရာကိုသူရောက်တော့
အစ်ကိုက မရောက်သေး
အစ်ကိုက နောက်ကျတာမဟုတ်ဘဲ သူက
စောရောက်နေခြင်းသာအစ်ကို့ကို စောင့်နေရင်း ဟိုဟိုသည်သည်
ကြည့်နေရင်းက သူ့နဲ့သိပ်မဝေးတဲ့နေရာမှာ
ရှိနေသည့် ကောင်လေးနှင့်ကောင်မလေးကို
မြင်လိုက်ရတယ်။ ကြည့်ရသည်မှာ သမီးရည်းစားတော့မဖြစ်နိုင်
ကောင်လေးက ကြိုးစားနေသည့်အဆင့်တွင်သာရှိနေသေးသည်ထင်သည်။ကောင်လေးက ဘာပြောလိုက်သည်မသိ
ကောင်မလေးက ရှက်သွားသည့်မျက်နှာနှင့်
ထွက်ပြေးသွားလေသည်။ရိပေါ် ထိုမြင်ကွင်းကို လိုက်ကြည့်နေရင်းမှ
ကိုယ့်အဖြစ်ကို ပြန်မှတ်မိလိုက်တော့ ပြုံးလိုက်မိသည်။သူသည်လည်း အစ်ကို့ကို ထိုသို့ ပိုးပန်းခဲ့ရသည်လေ
သူ့အချစ်ကိုစတင်တွေ့ရှိသည့်နေ့က
သူ့အစ်မကိုယ်စား တူမလေးကို ပန်းချီသင်တန်းကျောင်းကနေ သွားကြိုခဲ့သည့်နေ့ပင်ဖြစ်သည်။သူရောက်သွားတော့ အတန်းက မပြီးသေး
ဒါပြီးရင် ဝေ့ယွီနဲ့ စကိတ်စီးဖို့ချိန်းထားသေးသည်မို့ သူစိတ်လောနေမိသည်။ နည်းနည်းလောက်နောက်ကျရင် အဲ့ကောင်က ပွစိပွစိပြောတတ်သည်မို့ သူနားငြီးမခံချင်။သိပ်မကြာခင်မှာပဲ ကလေးတွေထွက်လာတော့ သူ တူမလေးကိုလိုက်ရှာလိုက်သည်။
ဟော တွေ့ပါပြီ... ကျစ်ဆံမြီးလေးနှစ်ဖက်နှင့်
ဂါဝန်အဝါရောင်လေး ဝတ်ထားသည့် သူ့တူမလေး။ပြုံးရယ်ကာ စကားပြောနေတာများ
သူ့ကိုတောင်မမြင်
ဘယ်သူနဲ့မို့ အဲ့လောက်တောင် ပြုံးရယ်နေရသလဲကြည့်လိုက်မိတော့...
သူ့ကမ္ဘာကြီးရပ်တန့်သွားသလို ခံစားလိုက်ရသည်။အဲ့အချိန်တုန်းက သူ့ရဲ့အာရုံထဲမှာ အစ်ကိုကသာ စိုးမိုးနေပြီး ကျန်တာတွေ သူဘာမှမမြင်တော့။
အပြာရောင် ဆွယ်တာလေးနဲ့ အစ်ကိုက
သိပ်ကိုပေါ့ပါးလန်းဆန်းနေပြီး မျက်လုံးလေးတွေမှိတ်အောင် ရယ်မောနေလိုက်တာများ~~အဲ့နေ့ကစပြီး သူနေ့တိုင်း တူမလေးကို
သွားကြိုပြီး အစ်ကိုနဲ့ရင်းနှီးမှုကိုရယူခဲ့သည်။
ဝေ့ယွီကပြောသေးသည်။ စကိတ်စီးဖို့ဆိုနှစ်ခါမခေါ်ရတဲ့ ဝမ်ရိပေါ်ဆိုတဲ့သူ ဘယ်ရောက်သွားတာလဲတဲ့။ ကျွန်တော်ပြန်ပြောလိုက်ပါတယ်။
မင်းမှ မချစ်တတ်သေးတာလို့။
