{Zawgyi}"ကျန့်ကောက ကျွန်တော့်ကို ထားသွားတော့မှာပေါ့"
"...."
"ကျွန်တော့်ကို တစ်ယောက်တည်း ထားသွားရက်ပြီပေါ့။ အရင်ကတော့ မင်းကိုဘယ်တော့မှ ထားမသွားဘူးဆို။ ကျန့်ကောက ရက်စက်လိုက်တာ"
"ရိပေါ်...မင်း ဘယ်လိုဖြစ်နေတာလဲ။ ငါက အမေ နေမကောင်းလို့ သွားပြုစုပေးရုံတင်ပါ။ မင်းကိုပါခေါ်သွားရင် စော်အော်လေးကို ဘယ်သူ့ဆီအပ်ခဲ့ရမှာလဲ။ ကောပြောတာနားထောင်စမ်း ရိပေါ်"
သူပြောလိုက်တော့ ငယ်ကျသွားသည့်မျက်နှာလေး။
ဟုတ်သည်လေ။ အမေ နေမကောင်းလို့ သွားစောင့်ရှောက်ရန်ပဲကို ပြောနေပုံက သူ့ကို တစ်သက်လုံး ထားသွားမည့်အတိုင်း။ ဒီလိုတွေပြောနေတာ မနေ့ညကတည်းကတိုင်။ခေါ်သွားရန်ကျတော့လည်း စော်အော်လေးက မူကြိုတက်နေသည်မို့ ဘယ်လိုမှမရ။
ဒါကို သူ အဝတ်အစားထည့်နေတုန်း အနောက်ကနေ တကောက်ကောက်လိုက်ကာပြောနေသည်မှာ မရပ်မနား။သူလည်း ဘယ်ခွဲချင်မှာလည်း။ တူတူနေပြီးကတည်းက ခုချိန်ထိ တစ်ခါမှခွဲဖူးတာမဟုတ်တော့ သူလည်း မခွဲချင်။ ဒါပေမယ့် တစ်ဖက်က ကိုယ့်အမေ။
"ကဲ...ကော သွားတော့မယ်။ စော်အော်လေးကို သေချာဂရုစိုက်ဦးနော်။ ပြီးတော့ နေ့တိုင်း ဖုန်းပြောလို့ရတာပဲ။ လွမ်းလာရင် vedio call ခေါ်လိုက်..ဟုတ်ပြီလား"
"အင်းပါ...ကောင်းကောင်းသွား။ စော်အော်လေးကို စိတ်ချ။"
"ဒါဆို ကော သွားပြီနော်"
သူ့ကို လက်ပြကာ ထွက်သွားသည့် ကောရဲ့ကျောပြင်ကိုကြည့်ပြီး ရိပေါ် သက်ပြင်းချလိုက်မိသည်။ ဒီရက်တွေထဲ သူ ကျန့်ကောကို လွမ်းနေရတော့မှာပဲ။
.......
နာရီကို ကြည့်လိုက်တော့ စော်အော်ကို မူကြိုကနေသွားကြိုရမည့်အချိန်နီးပြီမို့ ရိပေါ် ထွက်လာခဲ့လိုက်သည်။
"စော်အော်...ဒယ်ဒီ ဒီမှာ"
ကျောင်းဆင်း၍ထွက်လာကြသည့်ကလေးတွေထဲ စော်အော်ကိုတွေ့တော့ ရိပေါ် အသံပြုလိုက်သည်။ သူ့ဆီကို ပြေးလာနေသည့် သားလေးကို ကြည့်ကာ ရိပေါ် ပြုံးလိုက်မိသည်။