(Please listen to the mentioned Music for better experience!)
ဧည့်သည်သိပ်မရှိသော ကော်ဖီဆိုင်လေးအ
တွင်းတွင် Yiruma ရဲ့ River Flows in You
တေးသံက ခပ်တိုးတိုးပျံ့လွင့်နေသည်...။
အတော်အတန်ချောင်ကျသည့် ထောင့်စားပွဲ
တွင် Taehyung ထိုင်နေသည်။ ရှေ့တွင်ရှိ
နေသည့် ကော်ဖီခွက်ထဲကို သကြားဘယ်နှစ်
ဇွန်းထည့်မိသည် မသိတော့ပေမယ့် ဇွန်းဖြင့်
မွှေနေသည်ကတော့ မိနစ်အတော်ကြာပြီ
ဖြစ်သည်...။ကိုယ် အကြိုက်ဆုံး တေးသွားကို ကြားနေရပေ
မယ့် အာရုံကထိုတွင်မရှိ...။ ဆိုင်အပြင်ဖက်
က ဆောင်းဦးမိုးဖွဲများကိုသာ စိုက်ကြည့်မိ
နေသည်။ ထိုစဉ် ကောင်မလေးတစ်ယောက်
က ထီးအနီရောင်ကို ကိုင်ကာ သူ့မြင်ကွင်း
ရှေ့မှ ဖြတ်သွားသည်။ သူ မြင်လိုက်သည်
က ကောင်မလေးကိုမဟုတ်...သူကိုင်ထား
သည့် ထီး၏ အရောင်ဖြစ်သည်။ခုတလော အနီရောင်ကို မြင်လိုက်ရတိုင်း
သူ့စိတ်ထဲ လေးပင်သွားမိသည်မှာ လွန်ခဲ့
သည့် သုံးရက်က စသည်။ ဝိုင်တစ်ခွက်တည်း
နဲ့ မှောက်သွားသည့်သူ့ကို အဲ့အိမ်မှာပဲထား
ခဲ့ကြပြီး အကုန်ပြန်သွားကြသတဲ့...။Taehyung ခမျာ နိုးနိုးလာချင်း တစ်ခန်းလုံး
အပြင်အဆင်တွေက အနီချင်းထပ်နေတဲ့
အိပ်ခန်းကို ကြည့်ပြီး ဝတ္ထု တွေထဲကလို
ကမ္ဘာကူးသွားပြီကို ထင်လိုက်တာ။ အိမ်တော်
ထိန်းဆိုသူ ဦးလေးကြီးရောက်လာပြီး ရှင်းပြမှ
ရိုက်ကွင်းက အပြင်အဆင်တွေ မသိမ်းသွား
ကြောင်း သိရသည်။အဲ့ဒီတုန်းကဖြင့် ရှက်လိုက်တာ ဆိုတာ
တို့ဖူးနဲ့ခေါင်းနဲ့ဆောင့်ပြီး သေချင်လိုက်မိ
သည်အထိ...။ အဲ့ဒီအိမ်ကနေ ဘယ်လိုထွက်
ပြီး အိမ်ပြန်ရောက်လာသည်တောင်မသိ
လိုက်...။ လမ်းမှာ လူတွေဝိုင်းကြည့်နေကြ
တာကိုလည်း သတိမထားမိ...။ ကြည့်ကြမှာ
ပေါ့... ။ အိမ်ပြန်ရောက်ပြီး စိတ်နဲ့ လူနဲ့ကပ်
မှ သတိထားမိတော့ ဆံပင်တု အရှည်ကြီး
မချွတ်ရသေးပဲ ထွက်လာမိတာ...။ ခေါက်ဆွဲ
ဖတ်နဲ့ ဆွဲကြိုးချပြီး သေချင်လိုက်မိတာပင်...။အဲ့ချိန်ကတည်းက ဒါရိုက်တာလီ ဆီက ဖုန်းနဲ့
လည်း အဆက်အသွယ်မရတာ ဒီနေ့ မနက်
ကအထိပင်။ ဒီကော်ဖီဆိုင်မှာ တွေ့ကြဖို့ ပြော
တော့ နှစ်ခါမစဉ်းစားပဲ လက်ခံလိုက်သည်။ ကိုယ်ရမယ့် လစာလည်း ရှိသေးတယ်လေ...။ ပြီးတော့ ကိုယ့်ကြောင့် အဆင်မပြေဖြစ်ခဲ့တာ
တွေလည်း ရှိသေးတာမို့ တောင်းပန်ရဦးမည်။
အဲ့ဒါတွေထက် ထိုနေ့က သူနဲ့ အတူ သရုပ်
ဆောင်ခဲ့သည့် လူ အကြောင်းကို မေးချင်
သည်။
YOU ARE READING
Strings of Fate
FanfictionFrom the first time we met, we are tied together by a string of fate. We will still be tied together even if death is in between. Jung Hoseok x Kim Taehyung Present for someone~♥