Zawgyi
"အဆင်ပြေတာသေချာရဲ့လား Taehyung"
ယနေ့ညအဖို့ ဆယ်ခါမြောက်သော Jin ၏
အမေးကို စိတ်ရှည်ရှည်ပင် Taehyung ပြန်ဖြေပေးလိုက်သည်။"သေချာပါတယ် Hyung ရယ်။ လုံးဝကို
ဒေါင်ဒေါင်မြည်ပဲ။ ကြည့်ပါလား ကျွန်တော် ဘယ်နားမှာဘာဖြစ်နေလို့လဲ။"မျက်ခမ်းစပ်များတွင်နီရဲနေသည်သာမက
ခပ်မို့မို့ဖြစ်ချင်နေသည့် မျက်လုံးနားပတ်
လည်နှင့် ဝင်လာစကတည်းက အက်ကွဲနေ သည့်အသံကို ထောက်လိုက်လျှင် မကြာသေး ခင်ကအသည်းအသန် ငိုနေခဲ့သည်မှာ
ငြင်းလို့ကိုမရ။သို့သော်လည်း ထိုသေချာသော သံသယတို့
ကို လေးကိုင်းသဖွယ် ကွေးညွတ်နေအောင်
ပြုံးပြနေသည်က တိုက်ဖျက်နေပြန်သည်။
ထို အပြုံးတွေက ရင်ထဲကလာသည့် အပြုံး
တွေမှန်း သိသာနေသည်ကိုး ...။ဘယ်လိုကိစ္စတွေများရှိခဲ့လို့ အသည်းအသန်
ငိုခဲ့ပြီးမှ ဒီလိုပြုံးနေနိုင်ပြန်ရတာလဲ။ဘယ်လောက်ရင်းနှီးရင်းနှီး လူ့စည်းဘီလူး
စည်းဟူသည်လည်း ရှိနေသေးသည်မို့
သိချင်စိတ်များကို အသာမျိုချပြီး ကိုယ့်ထက်
ပိုဆိုးသည့် Jimin ကိုလည်း မျက်စပစ်ကာ
ထိန်းရသေးသည်။"ကဲပါကွာ... Taehyung ကိုယ်တိုင်ကအဆင်
ပြေတယ်ပြောနေတာကို။ စိတ်ပူနေတာလေး
နည်းနည်း လျှော့လိုက်တော့ ဟုတ်ပြီလား။
Taehyung လည်း တစ်ခါတစ်လေ အိမ်လာ
တဲ့သူတွေကို ဘာမှသေချာမပြောပဲ အကြာ
ကြီးမပျောက်သွားနဲ့ဦး။ မင်းကလည်း သန်းခေါင်နားနီးတဲ့အထိ ပြန်မလာမှတော့
ငါတို့လည်း စိတ်ပူတာပေါ့။ နောက်တစ်ခါ
အဲ့လို မဖြစ်စေနဲ့ ဟုတ်ပြီလား။"ကိုယ့်ကို တကယ်စိတ်ပူ၍ ပြောသည်ဖြစ်ပြီး
Namjoon ပြောသမျှလည်း အမှန်ချည်းသာ ဖြစ်တာမို့ ခေါင်းငြိမ့်၍ ဟုတ်ကဲ့ ဟုသာ သာပြောနိုင်သည်။" Wuri Tae Tae လေး ... နောက်နေ့ကျ ငါ
ထပ်လာခဲ့မယ်နော်..."Taehyung ကိုဖက်ပြီး ငိုသံတစ်ဝက်ရော
ကာ Jimin ကဆိုလာတော့ စိတ်ကျေနပ်
လောက်စရာအဖြေပေးရတော့သည်။" အေးပါကွာ... အဲ့ဒီအခါကျမှ မင်းစိတ်
ကြိုက် Pancake တွေလုပ်ကျွေးပါ့မယ်။"
YOU ARE READING
Strings of Fate
FanfictionFrom the first time we met, we are tied together by a string of fate. We will still be tied together even if death is in between. Jung Hoseok x Kim Taehyung Present for someone~♥