လိမ္မော်ရည်ခွက်ကို ကိုင်ထားရင်း အိမ်ရှေ့
တံခါးမကြီးဖက်ကိုသာ လည်တဆန့်ဆန့်နှင့်
ကြည့်နေသော Taehyung ကို စိတ်မရှည်
တော့သည့် Jimin က စားပွဲကို ဒုန်းခနဲ ရိုက်
ချ လိုက်သည်...။ ထိုအခါမှ အလန့်တကြား
ဖြင့် သူတို့ဖက်ကို လှည့်ကြည့်တော့သည်။"Kim Taehyung...တစ်ခါတစ်လေလေး
အိမ်လာလည်ကြတဲ့ သူငယ်ချင်းတွေကို အ
ဖက်မလုပ်ပဲ ဘယ်သူ့ကို မျှော်နေတာလဲ..."အမွှေးမရှိသည့်မေးကို ပွတ်ကာ အပြစ်သား
ကို မေးမြန်းနေသည့်ဟန် ဓာတ်ဖမ်းနေသည့်
ကိုယ်တော့် နဖူးကို တွန်းလွှတ်ကာ ' စားစရာ
ရှိတာ စား ' ဟုသာပြောလိုက်သည်...။"Taehyung ဧည့်ခန်းထဲက အထုပ်အပိုးတွေ
က ဘယ်သူ့ဟာတွေလဲ...။ဧည့်သည်ရှိနေ
တာလား..."Jin Hyung ကမေးလာတော့ မဖြေလို့မရ
တော့...။"ကျွန်တော့်အစ်ကိုလေ... နိုင်ငံခြားကနေပြန်
လာတာ...။ကျွန်တော့်အိမ်မှာနေမယ် ပြောပြီး
ရောက်ရောက်ချင်း အထုပ်တွေချပြီးတာနဲ့
အပြင်ပြန်ထွက်သွားလေရဲ့...။ ဘယ်သွား
တယ်လဲ မပြောသွားတော့ စိတ်ပူလို့... "အစ်ကိုဖြစ်သူက ကမ္ဘာကျော် Piano Soloist
Min Yoongi ဆိုတာတော့ ထည့်မပြောဖြစ်
တော့...။ Yoongi Hyung ပြန်ရောက်လာမှ
တွေ့ရင် လန့်သွားကြအောင်... ။ တွေးကြည့်
ရုံနဲ့တင် ရယ်ချင်စိတ်ပေါက်လာသောကြောင့်
လက်ထဲက လိမ္မော်ရည်ကိုသောက်ကာ မျှော
ချရသည်...။" ဒါနဲ့Taehyung မင်းကို Jung Group က
Part-Time အနေနဲ့ ခေါ်တယ်ဆို...။ အဲ့ဒါ
ကော ဘယ်လိုဖြစ်သွားပြီလဲ.. ။ လက်မခံ
လိုက်ဘူးလား.."Taehyung တက်နေတဲ့ Seoul Technology
University နဲ့ Jung Group က ချိတ်ဆက်
ထားတာမို့ ကျောင်းပိတ်ချိန်တွင် ကျောင်းသား များကို Intern ဒါမှမဟုတ် Part-Time လုပ်ရန်ခေါ်တတ်သည်...။ Computer Science Department ရဲ့ Roll 1 ဖြစ်သူ Taehyung ကိုတော့ အထူးတလည် လာကမ်း လှမ်းသည်ကို ကိုယ့်အသိတွေကိုသာ ပြောပြ
ထားတာမို့ Namjoon Hyung က မေးလာ
ခြင်းဖြစ်သည်...။" ကျွန်တော် Jung Tech ရဲ့ လက်ရှိ လုပ်ကိုင်
ပုံတွေကို သဘောမကျလို့... ။အဲ့ကုမ္ပဏီမှာ ဒီ
လောက်တော်တဲ့ သူတွေများတာတောင် ထုတ်သမျှ Product တွေရဲ့ Security System က အရင်နှစ်နှစ်တုန်းကနဲ့ ဘာမှမကွာဘူး။
ကျွန်တော့်အထင် အထက်က Pressure အ
ရမ်း ပေးပြီး Internal Struggle တွေလည်း ရှိ
နေတယ်ထင်တယ်...။ အဲ့လို နေရာမှာတော့
သွား မလုပ်ချင်ဘူး...။ အဲ့ဒီအစား ပေါ်လာ
တာသိပ်မကြာသေးတဲ့ Nivara Tech မှာ သွား
လုပ်ကြည့်ချင်တယ်...။ "
YOU ARE READING
Strings of Fate
FanfictionFrom the first time we met, we are tied together by a string of fate. We will still be tied together even if death is in between. Jung Hoseok x Kim Taehyung Present for someone~♥