ဒီနေ့ သူအလုပ်စဆင်းမယ့်နေ့လေး
နေယံ ကုမ္ပဏီသို့ စောစောလာမိသည်။
သူ့မျက်နှာလေးကို မြင်ချင်လှပြီ။
အပြုံးမျက်နှာဖြင့်ဝင်လာသော နေယံကို
ကုမ္ပဏီမှ ဝန်ထမ်းများက အထူးအဆန်း
ကြည့်နေကြသည်။ ကြည့်လည်း ကြည့်လောက်တယ်လေ သူကတနှစ်မှာ
တခါတောင်ပြုံးဖို့ ခဲယဉ်းတာကိုး....9:30Am...
နေယံ ဝန်ထမ်းမလေး တဦးကိုခေါ်၍
"မနေ့က အလုပ်ဝင်အသစ်ရော"
"သူ..သူ မလာပါဘူးဆရာ"
"ဘာ" နေယံ အသံ အနည်းငယ်ကျယ်သွားပြီး နေယံ၏ အပြုံးမျက်နှာမှာ ချက်ချင်း တည်သွားသည်။
"ဟုတ် ဟုတ်ပါတယ် သူမနက်ကပဲ ဖုန်းဆက်လာတာပါ မနေ့က ကိစ္စကိုငြင်းပါရစေတဲ့ သူဒီမှာ မလုပ်နိုင်ပါဘူးတဲ့"
"သွားလို့ရပြီ"
နေယံ ဒေါသစိတ်တို့ကို မြိုသိပ်ကာ မဲ့ပြုံးတချက်ပြုံးလိုက်သည်။
စားပွဲပေါ်က အလုပ်လျှောက်သူတို့၏ ကိုယ်ရေးအချက်အလက်တို့မှ သွန်းဒေဝီ အမည်ရှိသော စာရွက်ကို ကြည့်လိုက်သည်။ ထို့နောက်"Ti...Ti...."📱
"ဟုတ်ကဲ့ သွန်းဒေဝီပြောနေပါတယ်ရှင့်"
တဖက်မှ တိတ်ဆိတ်ဆဲ....
"ဘယ်သူများလဲရှင့်" ဖုန်းမှားတာထင်တယ် သွန်းဒေဝီ ဖုန်းချမည် အပြုမှာ
"ငါပါ" တဖက်မှ ပြတ်သားတည်ငြိမ်သောအသံ
"ဘယ်သူလဲမသိဘူးရှင့်"
"မင်းငါ့အင်္ကျီပေါ်မှာတောင် ခေါက်ဆွဲတွေပေအောင် လုပ်ခဲ့သေးတယ်လေ
မမှတ်မိဘူးလား မေ့ချင်ယောင်ဆောင်နေတာလား"သွန်း စိတ်ထေ့သွားကာ
"ဒီမှာ ကျမ မေ့ချင်ယောင်ဆောင်စရာ
ဘာအကြောင်းမှ မရှိဘူး ရှင်ဒီကိစ္စကိုမကျေနပ်လို့ ဖုန်းဆက်တာဆိုရင်တော့
ရှင့်အင်္ကျီ တန်ဖိုးပြောပါ ကျမပြန်ပေး
ပါ့မယ်"နေယံ စိတ်ထဲမှာတော့ စွာလိုက်တာ ကလေးလေးကျလို့...
"ငါလိုချင်တာ ပိုက်ဆံမဟုတ်ဘူးဆိုရင်ရော"
"အဲ့တာတော့ ရှင့်အပိုင်းပဲ ကျမဘက်ကတော့ ရှင့်အင်္ကျီ တန်ဖိုးပြန်ပေးပြီးရင်
ပြီးပြီ"